ဆံသားလေးတွေရှည်လာအောင်ဘယ်လိုဂရုစိုက်ကြမလဲ

မိမိတို့ရဲ့ဆံသားလေးတွေ ရှည်လာစေရန်အတွက် ရှားစောင်းလကပ်ပပ်ကိုအသုံးပြုပြီး ဂရုစိုက်ရမလဲဆိုတာ Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဆံပင်ရှည်လာဖို့ဆိုရင်တော့ စိတ်ရှည်ရပါတယ်။ ဆံပင်အတို ညှပ်လိုက်မိလို့ ပြန်ရှည်ချင်တယ်ဆိုရင်တော့ နှစ်ချီစောင့်ရပါတယ်။ ဒါပေမယ့် သာမန်ထက် ဆံပင်အရှည်မြန်စေတဲ့ နည်းလေးလည်း ရှိနေပါတယ်။ ဆံပင်ရှည်မြန်ချင်တယ်ဆိုရင်တော့ ဒီနည်းလေးကို သုံးကြည့်ပါ။ ရှားစောင်းလက်ပပ်ကတော့ ဆံသားကို ကောင်းလာစေတဲ့အပြင် ဆံပင်သန်လာစေပါတယ်။ (၁) ကြက်ဥနဲ့ ရှားစောင်းလက်ပပ် ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၄ ဇွန်း) ၊ သံလွင်ဆီ (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ ကြက်ဥ အနှစ် (၁လုံး) ၊ Shower Cap ။ – ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ထည့်ရောပေးပါ။ – ဦးရေပြားနဲ့ ဆံပင်ပေါ်ကို လိမ်းပေးပါ။ ခေါင်းတစ်ခုလုံး နှံ့သွားပြီး ဆိုရင် shower cap နဲ့ အုပ်ပေးထားပါ ။ – (၂၀-၂၅)မိနစ်လောက် နှပ်ထားပေးပါ။ – ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ။ ရေအေးကိုပဲ သုံးပေးပါ။ – နောက်ဆုံးမှာ Conditioner ကို သုံးပေးပါ။ – တစ်ပတ်ကို (၁)ကြိမ်လောက်ပဲ လုပ်ပေးပါ။ (၂) သံပရိုရည်နဲ့ ရှားစောင်းလက်ပပ် ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၂ ဇွန်း)…

Read More

ဆီးချိုအကြောင်း သင်မသိသေးတဲ့အချက်တွေ

ဆီးချိုဆိုတာကို ဟိုးရှေးရှေး ၁၅၀၀ ဘီစီလောက်ကတည်းက စတင်တွေ့ရှိခဲ့တာပါ။ မကြာခဏ ဆီးသွားတတ်တဲ့ လူနာတွေကို ဆီးချိုလို့ နာမည်တပ်ခဲ့တာ ဖြစ်ပါတယ်။ ဆီးချိုဟာ ကမ္ဘာ့လူသန်းပေါင်း ၄၀၀ ကျော်ကို ဒုက္ခပေးနေခဲ့ပြီ ဖြစ်ပါတယ်။ ဇိမ်ကျတဲ့ အနေအထိုင်တွေ၊ အဆီများတဲ့ အစားအသောက်တွေကြောင့် လူတွေ ဆီးချို ပိုဖြစ်လာကြပါတယ်။ ဆီးချိုရှိတဲ့ လူသုံးယောက်မှာ တစ်ယောက်က သူ့ကိုယ်သူ ဆီးချိုရှိမှန်း မသိပါဘူး။ လူတစ်ရာမှာ ငါးယောက်သာ အမျိုးအစား ၁ ဆီးချို ဖြစ်တာပါ။ ကျန်တာတွေက အမျိုးအစား ၂ ဆီးချို ရောဂါရှင်တွေပါတဲ့။ ခါတိုင်း ဆီးချိုမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်ကျမှ ကောက်ခါငင်ကာ ဆီးချို ဖြစ်တတ်ပါသေးတယ်။ သန္ဓေဆီးချိုလို့ ခေါ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေက မရှိတဲ့လူတွေထက် နှလုံးရောဂါ အဖြစ်များကြပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ စောစီးစွာ သေဆုံးစေပါတယ်။ အရွယ်မတိုင်ခင် မျက်စိကွယ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဆီးချိုရောဂါက ထိပ်ဆုံးက ပါနေပါတယ်။ အင်ဆူလင်ဆိုတာ အစွမ်းထက်မြက်တဲ့ဆေးပါ။ သောက်ဆေးနဲ့ မစဘဲ ထိုးဆေး အင်ဆူလင်နဲ့ စတင်ကုသရင်လည်း မကြောက်ပါနဲ့။ ပိုမိုလွယ်ကူရိုးရှင်းစွာ ဆီးချိုကျစေတဲ့ အာနိသင်ကောင်းတဲ့ထိုးဆေး ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့လူတွေအတွက် အလွန်အကျိုးရစေတဲ့ အချက်ကတော့ အမြဲလှုပ်ရှား သွက်လက်နေတာပါ။ စိတ်ဖိအားကို လျော့ကျစေပြီး နေကောင်းစေတဲ့ အင်ဒိုဖင်တွေကို တက်လာစေတဲ့အတွက် တော်ရုံ နေမကောင်းတာလောက်တော့ အလွယ်တကူ ကျော်လွှားနိုင်ပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလုပ်နေတဲ့…

Read More

ကွန်ပြူတာအသုံးပြုများတဲ့ သူတွေအတွက်

ကွန်ပြူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေက ခါးနာတာ၊ လည်ပင်းနာတာ၊ မျက်စိပြသာနာ တွေခံစားရနိုင်ပါတယ်။ အထူးသဖြင့် ရုံးဝန်ထမ်းတွေ၊ ကွန်ပြူတာနဲ့ စာရေး၊ စာရိုက်လုပ်ရသူတွေက ဒီလို ဝေဒနာ ခံစားရနိုင်ပါတယ်။ ဒီလိုဝေဒနာတွေမဖြစ်အောင် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။ (၁) ရေသောက်ပါ။ ရေသောက်တာက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင်ကိုယ်အလေးချိန်ကျစေ တယ်။ အသားအရေလည်းလှပစေတယ်။ စွမ်းအင်ပြည့်ဝစေတယ်။ ကိုယ့်ရဲ့စားပွဲမှာရေဗူးကို အမြဲရေဖြည့်ထား သင့်ပါတယ်။ ဒါမှ ရေလည်းသောက်ဖြစ်သလို ဆီးလည်းသွားမှာဖြစ်တဲ့အတွက် ကွန်ပျူတာရှေ့ကနေခွာပြီး လမ်းလျှောက်ဖြစ်မှာပါ။ (၂) သတိပေးနှိုးစက်ထားပါ။ တစ်နာရီပြည့်တိုင်း သတိပေးတဲ့ နှိုးစက်ကို သံပတ်ပေးထားပါ။ အလုပ်ထဲစိတ်ရောက်နေရင်တောင် တစ်နာရီပြည့်တိုင်း ကွန်ပျူတာကနေ မျက်စိခဏခွာမှာ ဖြစ်ပါတယ်။ (၃) ဓာတ်လှေကားနဲ့ မတက်ပါနဲ့။ ဓာတ်လှေကားအစား လှေကားကိုသာ အသုံးပြုပါ။ ရုံးကအထပ်မြင့်ဆိုရင်တော့ ရုံးရှိတဲ့ အထပ်မရောက်ခင် (၂-၃) ထပ်လောက်တည်းကဆင်းပြီး ကျန်တာကို လှေကားနဲ့လမ်းလျှောက်တက်ပါ။ (၄) ထိုင်ခုံနေရာမှာလေ့ကျင့်ခန်းလုပ်ပါ။ အလုပ်စားပွဲမှာ အလုပ်လုပ်ရင်းလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ရုံးမဆင်းခင် သုံးနာရီလောက်မှာပဲ ကိုယ်လက်လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။ သွေးလည်ပတ်မှုကိုလည်း အားကောင်းစေ ပါတယ်။ ထိုင်ခုံနေရာမှာပဲ ထိုင်ပြီးပြုလုပ်နိုင်တဲ့ လေ့ကျင့် ခန်းတွေကိုတော့ လေ့လာထားဖို့လိုပါတယ်နော်။ (၅) စာလုံးအရွယ်အစားကြီးလိုက်ပါ။ ကိုယ့်ရဲ့ မျက်စိကို လှည့်စားတဲ့ အနေနဲ့ ကွန်ပျူတာကြည့်နေ ကျစာလုံး ပမာဏသေးနေတဲ့အခါမျိုးမှာ မျက်လုံးက အားစိုက်ပြီးကြည့်နေရတာကြောင့် ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။…

Read More

ရေသောက်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ?

ရေသောက်တာက ကျန်းမာရေးအတွက်တင်မဟုတ်ပဲ အလှအပအတွက်လည်း အထောက်အကူပေးပါတယ်။ • ရေများများသေယက်တဲ့အတွက် အစားစားချိန်မှာ ထမင်း စားနှုန်းကို ကျဆင်းစေပြီး ၀ိတ်ကျဖို့ကျု အထောက်အကူ အများကြီးပေးပါတယ်။ • ဦးနှောက်ရဲ့ ၇၅% – ၈၅% လောက်ကရေတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့် ရေများများသောက် ခြင်းဖြင့် အာရုံစူးစိုက်မှုကိုလည်း ပိုမိုအားကောင်းစေပါတယ်။ • ရေသောက်ခြင်းက ကိုယ်အလေးအချိန်ကို လည်းလျော့ကျစေနိုင်ပါတယ်။ ရေတစ်ခုတည်းကိုသာ (၉) ရက်တိတိသောက်မယ်ဆိုရင် ဒါနဲ့ညီမျှတဲ့Calories အဖြစ် တစ်ရက်စာ 8km လောက်လမ်း လျှောက်သ လောက်ကို အလေးချိန်ကျဆင်းစေပါတယ်။ • ရေသောက်ခြင်းက ကိုယ့်ရဲ့ Metabolism တွေကို တိုးမြင့်စေပြီး စွမ်းအင်တွေကို တစ်ဟုန်ထိုးတိုးတက် လာစေပါတယ်။ မနက်အိပ်ရာနိုးတာနဲ့ ရေတစ်ဗူးသောက်တဲ့လူတိုင်းရဲ့ Metabolism တွေက 27% တိုးတက်လာပါတယ်။ • ရေသောက်ခြင်းဖြင့် အဆုတ်ကိုဆေးပေးမယ်ဆိုရင် ရောဂါဆိုးတွေကို တိုက်ခိုက်ပေးဖို့ အထောက် အကူပေးပါတယ်။ • ရေသောက်နည်း ခြင်းကြောင့် ရောဂါပိုးတွေအလွယ်တကူဝင်ရောက်လာဖို့အတွက် အထောက်အကူပြု ရာ ရောက်ပါတယ်။ ကင်ဆာရောဂါ ဖြစ်နိုင်စေရန်လည်း အညေခအနေများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ • ရေသောက်ခြင်းကြောင့် နှလုံးသားလုပ်အားကို အားပေးပါတယ်။ လူတစ်ယောက်ဟာတစ်နေ့ရေ (၅) ခွက်သောက်ပေးခြင်းဖြင့်နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုအားကောင်းစေပါတယ်။ • ရေများများသောက်ပေးခြင်းဖြင့် အသားအရေကို ကြည်လင်သန့်ရှင်းစေပြီး နူးညံ့စေပါတယ်။ • နောက်ဆုံးပြောချင်တဲ့အချက်က ရေသောက်ပေးခြင်းကြောင့် သင့်ရဲ့…

Read More

မျက်နှာပေါ်က ဆားဝက်ခြံတွေကိုဘယ်လိုပျောက်အောင်လုပ်မလဲ?

ဆားဝက်ခြံထွက်တက်တဲ့ Pissaya ပရိတ်သတ်ကြီးအတွက် ဆားဝက်ခြံပျောက်ကင်းစေမယ့်နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေက. . . မုန့်ဖုတ်ဆော်ဒါ(ထမင်းစားဇွန်း ၂ ဇွန်း)၊ ရေ ပဲလိုအပ်ပါတယ်နော်။ ပြုလုပ်ပုံ • ပန်းကန်လုံးတစ်လုံးတစ်လုံးထဲကို မုန့်ဖုတ်ဆော်ဒါ နဲ့ ရေကို ပြစ်ပြစ်လေးရောပြီးတော့ ဆားဝက်ခြံ ရှိတဲ့ နေရာကို သုတ်လိမ်းပြီး ခြောက်တဲ့အထိထားပေးပါ။ ပြီးရင် မျက်နှာသစ်ပေးပါ။ ဒီနည်းလေး အတိုင်း တစ်ပတ်ကို နှစ်ခါလောက် ပြုလုပ်ပေးမယ်ဆိုရင်တော့ သက်သာပျောက်ကင်းလာမှာပါနော်။ စိတ်ရှည်ဖို့တော့လိုတယ်နော်။ #Pissaya_News #Credit

Read More

ခြေထောက်နှိပ်နယ်ခြင်းရဲ့အကျိုးများ

သွားလာလှုပ်ရှားမှုလုပ်နေရတဲ့ခြေထောက်လေးတွေကို အောက်ဖော်ပြပါနည်းလမ်းလေးတွေနဲ့ နှိပ်နယ်ပေးရင်ဘယ်လိုအကျိုးရလဒ်တွေရတယ်ဆိုတာ Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက် ပါတယ်။ ၁) ခြေထောက်နာကျင်မှုကို သက်သာစေပါတယ်။ (၂) ခြေထောက်သွေးလှည့်ပတ်မှုကို အားကောင်းစေပါတယ်။ (၃) ခြေထောက်ကို အားပြည့်စေပါတယ်။ (၄) အာရုံကြောဆိုင်ရာ ရောဂါဝေဒနာရှိသူတွေမှာ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ (၅) စိတ်ဖိစီးမှုနဲ့ နုံးချည့်ညောင်းညာတဲ့ ဝေဒနာကိုသက်သာစေပါတယ်။ ဘယ်လိုနှိပ်နယ်ရမလဲ အိပ်ရာမ၀င်ခင် ခြေထောက်ကို ကြက်သီးနွေး ရေနဲ့ဆေးကြောပါ။ ထိုင်နေစဉ် ဆန့်ကျင်ဘက်ပေါင်ပေါ်မှာ ခြေထောက်တစ်ချောင်းတင်လိုက်ပါ။ ခြေချောင်းလေးတွေကို ကွေးထားပြီး လက်မနဲ့ လက်ဖနောင့်ကိုသုံးပြီး ခြေဖ၀ါးနေရာကို စတင်နှိပ်နယ်ပါ။ ပြီးရင် ခြေချောင်းနေရာတွေ အထိ ဖိအားပြင်းပြင်းနဲ့ နှိပ်နယ်သွားရပါမယ်။ #Pissaya_News #Credit_Healthy Life Journal

Read More

ဆံပင်အမြန်ရှည်စေဖို့

အမျိုးသမီးတိုင်းအတွက် ကိုယ့်ရဲ့ဆံကေသာအမြန်ရှည်စေချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို သိသင့်ပါတယ်။ • ဆံကေသာရှည်စေဖို့အတွက်ကတော့ ကိုယ့်ရဲ့နေထိုင်စားသောက်ပုံ၊ သဘာဝပတ်ဝန်းကျင် နဲ့ မျိုးရိုး ဗီဇတို့နဲ့သက်ဆိုင်ပါတယ်။ ဒါတင်မကပဲ ကိုယ့်ရဲ့ပြုမူနေထိုင်မှုတွေကလည်း ဆံကေသာအပေါ် သက်ရောက်မှု အများကြီးရှိပါတယ်။ • မိန်းကလေးအများစုက ကိုယ့်ရဲ့ဆံပင်ကိုသတိမထားမိပဲ ပြုလုပ်မိ နေတဲ့အရာတွေအများကြီးရှိနေ ပါတယ်။ အပူပေးစက်တွေမကြာခဏသုံးမယ်။ နေပူထဲမှာအကာ အကွယ်မပါပဲထွက်မယ်။ ဆံပင်ကျွတ်အောင် ပြတ်အောင် လုပ်မယ်ဆိုရင် ဆံကေသာကကျန်းမာသန်စွမ်းဖို့ မဖြစ်လာနိုင်ပါဘူး။ • ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကိုရရှိဖို့ဆိုရင်တော့ သေချာဂရုစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ သဘာဝနည်းလမ်းတွေနဲ့လည်း ကိုယ့်ရဲ့ ဆံကေသာကိုအရှည်မြန်ပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာ ရရှိဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်။ • နည်းလမ်းကတော့. . . . – ကြက်ဥ(၂) လုံး ၊ သံလွင်ဆီ စားပွဲတင်ဇွန်း (၄) ဇွန်း နဲ့ အုန်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်း ပဲလိုအပ်ပါတယ်။ – ပြင်ဆင်အသုံးပြုပုံ – ခွက်တစ်လုံးထဲကို ပါဝင်ပစ္စည်းတွေအားလုံးထည့်လိုက်ပြီး သေချာမွှေပါ။ ပြီးရင်ဆံပင်အရင်းကနေ အဖျားထိ ဦးရေပြားကိုပါလိမ်းပေးလိုက်ပြီး သေချာလေးနှိပ်နယ်ပေးပါ။ (၂) မိနစ်လောက်နှိပ် ပေး ပြီးရင်တော့  ခေါင်းတခုလုံးကို Shower Cap နဲ့ ပေါင်းပေးထားလိုက်ပါ။ (၁) နာရီလောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချပေးပါ။ ဒီလိုနည်းအတိုင်းကို တစ်ပတ်မှာ (၂) ကြိမ် (၃) ကြိမ်ပြုလုပ်ပေးလို့ရပါတယ်။ –…

Read More

ကိုယ့်ရဲ့ အသားအရေက ဘယ်လိုအသားအရေမျိုးလဲ

(၁) ပုံမှန်အသားအရေ (၂) အဆီပြန်သောအသားအရေ (၃) ခြောက်သွေ့သောအသားအရေ (၄) ပေါင်းစပ်အသားအရေ (၅) ထိခိုက်လွယ်သော အသားအရေ ဆိုပြီးရှိကြပါတယ်။ (၁)  ပုံမှန်အသားအရေ – အရေပြားနူးညံ့ချောမွေ့မှုရှိမယ်။ အဆီပြန်ခြင်း ဒါမှမဟုတ် အရေပြားအဖတ်များဖြစ်နေမှုမရှိပဲ ချွေးပေါက် များ ပုံမှန်အတိုင်းရှိနေတက်တဲ့ အသားအရည်မျိုးဆိုရင်တော့ ပုံမှန်အသားအရေလို့ သတ်မှတ်လို့ရပါတယ်။ (၂) အဆီပြန်သောအသားအရေ – အရေပြား အဆီပြန်ပြီးပြောင်လက်နေမယ်။ နူးညံ့မှုမရှိပဲ အရေပြားမာကာ ကြမ်းတမ်းပြီးတာ့ ချွေးပေါက် တွေကလဲ ပုံမှန်ထက်ကျယ်နေပြီး မျက်နှာမှာအမည်းစက်သေးသေးလေးတွေနဲ့ ၀က်ခြံလည်းဖြစ်မယ် ဆိုရင် အဆီပြန်တဲ့ အသားအရေလို့ခေါ်နိုင်ပါတယ်။ (၃) ခြောက်သွေ့သော အသားအရေ – ခြောက်သွေ့တဲ့အသားအရေရဲ့ လက္ခဏာတွေက  အရေးပြားစိုစွတ်မှုမရှိပဲ မာကြောကြမ်းတမ်းပြီး မျက်နှာပေါ်မှာ အရည်ပြားအဖတ်တွေဖြစ်မယ်(အထူးသဖြင့်. . . မျက်နှာသစ်ပြီးစအချိန်မှာ ပိုပြီးဖြစ်ပေါ် တက်ပါတယ်)  နှင်းခူနဲ့ အရေးအကြောင်းတွေဖြစ်လွယ်မယ်၊ ချွေးပေါက်ကျဉ်းခြင်းတွေပဲ ဖြစ်ပါတယ်။ (၄) ပေါင်းစပ်အသားအရေ – ဒီအသားအရေမျိုးကို မိန်းကလေးအများစုမှာပိုပြီးတွေ့ရတယ်။ ပုံမှန်၊ အဆီပြန်၊ ခြောက်သွေ့ တဲ့အသားအရေ ရှိတဲ့သူတွေဆီမှာလည်းတွေ့ရတက်ပါတယ်။  T- Zone မှာအဆီပြန်ပြီး ကျန်တဲ့နေရာတွေက ပုံမှန်(သို့မဟုတ်) ခြောက်သွေ့နေတက်ပါတယ်။ (၅) ထိခိုက်လွယ်သောအသားအရေ – အသားရေနီခြင်း၊ ယားယံခြင်း၊ ပူလောင်ခြင်း၊ ခြောက်သွေ့ခြင်း များဖြစ်လွယ်ပါတယ်။ အများစုက cosmetic products အများဆုံးသုံးပြီးချိန်တွေမှာ အဖြစ်များပါတယ်။  ကိုယ်နဲ့ဓာတ်မတည့်တဲ့…

Read More

မနက်အိပ်ယာနိုးနိုးချင်းမှာ လုံးဝမလုပ်သင့်တဲ့အရာတွေ

(၁) တစ်မှေးပြန်အိပ်ခြင်း – အိပ်ယာနိုးပြီဆိုတာနဲ့ ‘တစ်မှေးလောက်ပြန်မှေးလိုက်အုံးမယ်ဆိုတာမျိုးမလုပ်ပါနဲ့။ ဦးနှောက်က   အိပ်စက်မှုစက်ဝန်းကို ပြန်ဆွဲခေါ်သွားပါလိမ့်မယ်။ နောက်တစ်ကြိမ်ပြန်နိုးလာရင်လည်း မူးနောက်နောက်ကြီး ခံစားနေရတက်ပါတယ်။ (၂) ကော်ဖီသောက်ခြင်း – ခန္ဒာကိုယ်မှာ လူကိုနိုးကြားစေတဲ့ ကော်ဖီဇောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အလိုလိုထွက်ရှိနေပြီးသားပါ။ ကဖင်းဓာတ်ကြောင့် ခန္ဒာကိုယ်ရဲ့ ကော်တီဇောဟော်မုန်းထွက်ရှိမှု အနှောင့်အယှက်မဖြစ်ပါစေနဲ့။ အိပ်ယာနိုးနိုး ခြင်း ကော်ဖီသောက်လိုက်ရင် ကော်တီဇောဟော်မုန်းတွေ ထွက်ရှိမှုနည်းသွားမှာ ဖြစ်ပါတယ်။ (၃) အီးမေးလ်စစ်ခြင်း – မနက်အိပ်ယာနိုးနိုးခြင်းမှာ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ချက်ချင်းဖွင့်ပြီး အီးမေးလ်စစ်တာမျိုးလည်း မလုပ်သင့်ပါဘူး။ (၄) အမှောင်ထဲမှာ ဆက်နေခြင်း – အလင်းအမှောင်ဟာ ခန္ဒာကိုယ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ မှောင်လာရင် အိပ်ရမယ်ဆိုတဲ့အသိ ၀င်နေပြီး လင်းနေရင်နိုးနေတက်ပါတယ်။ ဒါကြောင့် အိပ်ယာနိုးပြီဆို အမှောင်ထဲမှာ ဆက်ပြီးမနေပါနဲ့တော့။ (၅) အိပ်ယာထဲမှာ ဆက်လဲလျောင်းခြင်း – အိပ်ယာက နိုးပြီးဖြစ်ပေမယ့် ဆက်ပြီးလဲလျောင်းနေအုံးမယ်ဆိုရင်တော့ ကျန်းမာရေးနဲက ညီညွတ်မှာ မဟုတ်ပါဘူး။ မနက်စာ မစားခင်လေးပဲဖြစ်ဖြစ် လေ့ကျင့်ခန်းနည်းနည်းလောက်လုပ်လိုက်တာက ပိုအကျိုး ရှိပါ တယ်။ မနက်စာ မစားမီလေ့ကျင့်ခန်းလုပ်ခြင်းက အခြားအချိန်တွေမှာလေ့ကျင့်ခန်းလုပ်တာထက် အဆီတွေကို  ပိုပြီးလောင်ကျွမ်းစေနိုင်လို့ပါပဲ။ (၆) လုပ်သင့်တာတွေကိုချက်ချင်းမလုပ်ပဲနေခြင်း – ကိုယ့်ကိုကိုယ့် ထိန်းချုပ်ခြင်းက အကန့်အသတ်ရှိပါတယ်။ မနက်ခင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာသိရင် အချိန်ဖြုန်းမနေပဲ ချက်ချင်းထလုပ်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။ Credit

Read More

ပျိုမေတို့ ဖိနပ်ဝယ်တဲ့အခါ အရွေးမမှားစေဖို့

ဖိနပ်လှလှလေးတွေက ကိုယ့်ကိုကောင်းမွန်တဲ့နေရာကိုခေါ်ဆောင်ပေးနိုင်တယ်ဆိုတာ ယုံကြရဲ့လား? မိန်းကလေးတွေ က ခေတ်ရေစီးကြောင်းနောက်ကို လိုက်နေရတာနဲ့ ဈေးကြီးပေးဝယ်ရတဲ့ ဖိနပ်မှန်သမျှက လှပကြော့ရှင်းအောင်ကူညီပေးနိုင်တယ်လို့ ယူဆကြပါတယ်။ ဈေးကြီးပေးထားရပေမယ့် ဈေးပေါတယ်လို့ထင်ရတဲ့ ဖိနပ်ရွေးချယ်မှု အမှား(၇) မျိုး (၁) ပြိုးပြိုးပြတ်ပြတ် တလက်လက်တောက်ပနေသော ဖိနပ် – ကျောက်တွေ ဖန်စီတွေ စီခြယ်ထားတဲ့ဖိနပ်တွေက တစ်ခေါက်၊ နှစ်ခေါက် ၀တ်ပြီးတာနဲ့ ကျောက်တွေ ကွာသွားပြီး အရည် အသွေးနိမ့်တဲ့ပုံစံပေါက်သွားပါတယ်။ တလက်လက်တောက်တဲ့ဖိနပ်ကို မှကြိုက်တယ် ဆိုရင်တော့ ကျောက်တွေ၊ ဖန်စီတွေ မကပ်ထားတဲ့ အရောင်တောက်တဲ့ ဖိနပ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ (၂) တပြေးညီဒေါက်ဖိနပ်အမြင့် – တပြေးညီဒေါက်မြင့်တွေက ဈေးကြီးပုံမပေါ်ပါဘူး။ ဒါကြောင့် ပွဲတိုးစေမယ့် ဒေါက်ချွန်လေးတွေကိုသာ ရွေးဝတ်ပါ။ (၃) အရောင်များလွန်းခြင်း – အရောင်တွေများပြီး ရှုပ်ထွေးနေတဲ့ ဖိနပ်က ဘယ်လောက်ပဲ ဈေးကြီး ပေးဝယ်ထားပါစေ။ အပေါစား ဆန်တဲ့ပုံပေါက်ပါတယ်။ ဒါကြောင့် ၂ ရောင်ထက်ပိုပါတဲ့ ဖိနပ်ဝယ်ယူခြင်းကိုလည်း ရှောင်ကြည်သင့်ပါတယ်။ (၄) ဗြောင်ဖိနပ်များ – ဗြောင်သားရေဖိနပ်တွေက ပွန်းရာ ခြစ်ရာတွေ အလွယ်တကူဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်ဒီဇိုင်းတူတဲ့ ဖိနပ်ကိုပဲ Matte အရောင်၊ ထုံးခြောက်ရောင်၊ နို့နှစ်ရောင်ဖိနပ်လေးတွေကို ရွေးချယ်ပါ။ ပိုပြီးပွဲတိုးပြီး ဈေးကြီးတဲ့ ပုံပေါ်ပါတယ်။ (၅) ကျားသစ်ကွက်ဖိနပ် – ကျားသစ်ကွက်ဖိနပ်တွေက လှပလွန်းတဲ့အတွက် သင့်ကို မ၀ယ်…

Read More