ကြည်လင်ဝင်းပတဲ့ မျက်နှာလေးတွေရရှိပိုင်ဆိုင်စေဖို့. . . . .

အလှကြိုက်တဲ့ ပျိုမေလေးတွေအတွက် အသားရေကြည်ပြီးဝင်းအောင်လုပ်တဲ့နည်းလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ . . . ဒိန်ချဉ်( စားပွဲတင်ဇွန်း၁ဇွန်း) ၊ပျားရည်( စားပွဲတင်ဇွန်းတစ်ဝက်)၊ လိမ္မော်ရည်( လိမ္မော်သီးမှညှစ်ချထားသောအရည် စားပွဲတင်ဇွန်း၁ဇွန်း)၊သံပရာရည် (စားပွဲတင်ဇွန်း၁ဇွန်း)၊ ကွေကာအုပ် (စားပွဲတင်ဇွန်း၁ဇွန်း) တို့ပဲ လိုအပ်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေကိုစုပေါင်းရောနယ်ပေးပါ။ ပြီးရင် မျက်နှာနှင့်လည်ပင်းပေါ်သုတ်လိမ်းပေးပါ။ အချိန်ကိုတော့ ၁၀-၁၅မိနစ်ခန့်ထားပြီး ရေနွေးနွေးလေးဖြင့် မျက်နှာသစ်ပေးပြီး moisturizer cream လိမ်းပေးပါ။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းလေးကို ညဘက်တွင်ပြုလုပ်မယ်ဆိုရင် ပိုထိရောက်ပါတယ်။ မနက်ပိုင်းတွင်ပြုလုပ်မယ်ဆိုရင် မျက်နှာအသားရေဟာပုံမှန်ထက်ပိုမိုနူးညံ့ပြီး ထိခိုက်လွယ်တဲ့ အတွက် နေလောင်ဒဏ်ကိုသာမန်ထက် ပိုခံစားရစေနိုင်ပါတယ်။ ဒီနည်းလမ်းလေးကို တစ်ပတ်ကို အများဆုံး ၃ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်နော်။ကျန်တဲ့နေ့တွေမှာ facial mask လေးအုပ်ပေးမယ် ဆိုရင်တော့ အမြန်ဆုံးသိသာလာမှာပါနော်။ #Pissaya_Health News

Read More

အချိုဓာတ်စားသုံးမှုများခြင်းကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုးများ

အချိုဓာတ်စားသုံးမှုများခြင်းကြောင့် အ၀လွန်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နဲ့ နှလုံးရောဂါ များဖြစ်ပေါ်နိုင်ပါတယ်။ နောက်ထပ်ဆိုးကျိုးတွေ အနေနဲ့ သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါတွေလည်း ရရှိနိုင်ပြီး စိတ်ဓာတ်ကျ၊ စိတ်ရှုပ်ထွေးခြင်းနဲ့ မကြာခဏ နေမကောင်းတာမျိုးတွေ ဖြစ်တက်ပါတယ်။ #Pissaya_News Photo;Credit

Read More

သင့်မှာ စာဖတ်တဲ့အကျင့်ရှိလား?

စာဖတ်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက (၁) စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။ (၂) မှတ်ဥာဏ်အားကိုလည်း ကောင်းစေပါတယ်။ (၃) အာရုံစူးစိုက်နိုင်စွမ်း ကိုလည်း ပိုမိုအားကောင်းစေပါတယ်။ #Pissaya_News #Health Photo;Credit

Read More

Coffee ရဲ့ အကျိုးအာနိသင်တွေက ဘာတွေလဲ?

Coffee က ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီလောင်ကျွမ်းခြင်းကို အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင် စိတ်မလန်းဆန်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုလည်း တိုက်ဖျက်ပေးပါသေးတယ်။ သုတေသနပြုချက်တွေအရ Coffee က လူကိုပျော်ရွှင်စေတယ်။ Idea ကောင်းတွေလည်း ရရှိစေတဲ့အပြင် စွမ်းဆောင်အားမြင့်မားလာခြင်း နဲ့ လန်းဆန်းခြင်းတွေကိုလည်း တိုးပွားစေနိုင်ပါတယ်။ #Pissaya_News Credit;

Read More

မျက်နှာလေး တောက်ပနုပျိုဖို့အတွက် ဘယ်လိုလုပ်ရမလဲ?

ကိုယ့်ရဲ့မျက်နှာလေးကို တောက်ပနုပျိုဖို့အတွက် ကြက်ဥအကာတစ်လုံး၊ ဘီယာ၊ သံပုရာရည် ပဲ လိုအပ်ပါတယ်နော်။ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ကြက်ဥအကာတစ်လုံးရယ်၊ ဘီယာ နဲ့ သံပုရာရည် တို့ကို နည်းနည်းစီရောပြီး မျက်နှာမှာလိမ်းထားပေးပါ။ (၁၀) မိနစ်လောက် ကြာရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပါ။ ပြီးရင်တော့ မျက်နှာလေးက အရင်ကတောက်ပနုပျိုနေတာကို တွေ့ရပါလိမ့်။ • သတိထားရမှာက အသားခြောက်တက်သူတွေက (၁၀) မိနစ် မပြည့်ခင် ရေဆေးချပေးပါနော်။ #Pissaya_News Credit;

Read More

မုန်လာဥနီ စားသုံးခြင်းကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက. . .

မုန်လာဥနီက မျက်စိအားကောင်းစေတယ်။ ဒါ့အပြင် အသည်းကိုလည်း အားကောင်းစေပါတယ်။ အသားအရေကို လှပစိုပြေစေပါတယ်။ နောက်ဆုံးတစ်ချက်က မုန်လာဥနီက အိုမင်းရင့်ရော်ခြင်းတွေကိုလည်း ကာကွယ်ပေးပါသေးတယ်နော်။ #Pissaya_News photo;Credit

Read More

မုန်လာဥနီ စားသုံးခြင်းကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက. . .

မုန်လာဥနီက မျက်စိအားကောင်းစေတယ်။ ဒါ့အပြင် အသည်းကိုလည်း အားကောင်းစေပါတယ်။ အသားအရေကို လှပစိုပြေစေပါတယ်။ နောက်ဆုံးတစ်ချက်က မုန်လာဥနီက အိုမင်းရင့်ရော်ခြင်းတွေကိုလည်း ကာကွယ်ပေးပါသေးတယ်နော်။ #Pissaya_News photo;Credit

Read More

အိပ်နေတဲ့ အချိန်မျိုးမှာ ရင်တွေ တဒုန်းဒုန်းနဲ့ တုန်တာဘာကြောင့်လဲ

ရေဓာတ်နည်းခြင်း၊ ညအိပ်ယာမ၀င်ခင် အစာအများကြီး စားမိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကော်ဖီ နဲ့ လက်ဖက်ရည် သောက်သုံးခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။  နောက်ထပ်အချက်တွေက စိတ်ဖိစီးမှုများခြင်း၊ နှလုံးရောဂါ နဲ့ လည်ပင်းကြီးရောဂါ တွေကြောင့်လည်း အိပ်နေရင်း ရင်တုန်တာမျိုးတွေ ဖြစ်တက်ပါတယ်။ #Pissaya_News #Health Credit

Read More

ရေနွေးနဲ့ရေချိုးပေးခြင်းကြောင့် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ?

ကြွက်သားတွေကို ဖြေလျော့ပေးနိုင်သလို အရေပြားပေါ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ နောက်ထပ်အချက်တွေကတော့ ချွေးပေါက်ပွင့်တွေကို ပွင့်စေပြီး အသားအရေကို ကြည်လင်စေတဲ့အပြင် ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေပါတယ်။ နှာစေးခြင်းနဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်း သက်သာစေပါတယ်။ #Pissaya_News #Health Credit

Read More

ရေဓာတ်ခမ်းခြောက်နေပြီလို့ သိနိုင်တဲ့ လက္ခဏာတွေက. . .

(၁) ရေအရမ်းဆာနေတယ် (၂) ပင်ပန်းနွမ်းနယ်နေတယ် (၃) ကြွက်တက်တာမျိုး မကြာခဏ ဖြစ်နေတယ် (၄) ခေါင်းမူးခေါင်းကိုက်နေတယ် (၅) အာရုံစူးစိုက်နိုင်စွမ်းတွေ လျော့နည်းနေတယ်. . . စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးတွေမဖြစ်စေဖို့ ရေများများသောက်ဖို့လိုပါတယ်နော်။ #Pissaya_News #Health Credit;

Read More