ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ လိမ္မော်သီး

လူတိုင်းလိုလို ကြိုက်ကြတဲ့ လိမ္မော်သီး ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံလေးကို Pissaya News ပရိတ်သတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။ တစ်နေ့တာမှာ လိမ္မော်သီးကို (၂) လုံးမှ (၄) လုံး စားပေးမယ်ဆိုရင် အအေးမိရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ လိမ္မော်သီးမှာ ကယ်လ်စီယမ်ပါဝင်တဲ့အတွက် အရိုးများကို သန်မာ အားကောင်း စေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဆဲလ်များ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ လိမ္မော်သီးမှာပါဝင်ပါတယ်နော်။ Pissaya_News crd;

Read More

ခြေထောက်လေးတွေ ဖြူဝင်းစေဖို့. . . .

.နေပူဒဏ်တွေကြောင့် နေလောင်နေတဲ့ ခြေထောက်လေးတွေကို ဖြူဝင်းစေဖို့ နည်းလမ်းကောင်း လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်း . . . သကြားညို၊ မုန့်ဖုတ်ဆိုဒါ၊ သံလွင်ဆီ ပထမဆုံးအနေနဲ့ ခြေထောက်ကို ရေနွေးထဲမှာ မိနစ်အနည်းငယ်လောက်စိမ်ထားပေးရပါမယ်။ ပြီးရင်တော့ သကြားညို (၁) ဇွန်း၊ မုန့်ဖုတ်ဆိုဒါ (၁) ဇွန်း၊ သံလွင်ဆီတစ်ဇွန်း တို့ကို ဆတူရောပြီး စိမ်ထားတဲ့ ခြေထောက်ကို သကြားအရောအနှောနဲ့ ခြေထောက်ကို ညင်ညင်သာသာပွတ်ပေးပါ။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းကို ခြေထောက်တင်မကပဲ ဒူးနဲ့တံတောင်ဆစ်လိုနေရာတွေမှာလည်း အသုံးပြုလို့ရပါတယ်နော်။  #Pissaya_News

Read More

စတော်ဘယ်ရီသီးမှရရှိနိုင်သော အကျိုးကျေးဇူးများ

Pissaya ပရိတ်သတ်တွေအတွက် စတော်ဘယ်ရီသီးကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဝေမျှပေးချင်ပါတယ်။ စတော်ဘယ်ရီသီးဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပြီး မှတ်ဥာဏ်ကို ပိုမိုအားကောင်းစေတဲ့အပြင် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေပါတယ်။ မျက်စိကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။ ကိုယ်အလေးချိန်ကိုထိန်းညှိပေးတဲ့ အာနိသင်တွေလည်း စတော်ဘယ်ရီသီးမှာ ပါဝင်ပါတယ်နော်။ #Pissaya_News Crd;

Read More

မျက်နှာအဆီပြန်လို့ စိတ်ညစ်နေရတဲ့ ပျိုမေတွေအတွက် နည်းလမ်းကောင်း

 နေအပူရိန် မြင့်နေတဲ့ ဒီလိုရာသီဥတုမျိုးမှာ မိတ်ကပ်လိမ်းပြီး အပြင်ထွက်ရတာလည်း မလွယ်ပါဘူးနော်။ ရာသီဥတုကပူ ချွေးထွက်၊ အဆီပြန် နေတဲ့ မျက်နှာမျိုးကိုတော့ ဘယ်သူမှမလိုချင်ကြပါဘူး။ အဲ့ဒါကြောင့် မျက်နှာအဆီပြန်ခြင်း ကို သက်သာစေမယ့် နည်းလမ်းလေးကို ပြန်လည်ဝေမျှပေးချင်ပါတယ်။ အခုဝေမျှပေးမယ့် နည်းလမ်းလေးအတိုင်း တစ်ပတ်မှာ တစ်ခါလောက်လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အဆီပြန်တာကို လုံးဝသက်သာစေမှာပါ။ ပါဝင်ပစ္စည်းတွေက. . . ပန်းသီး( ၁) ခြမ်း၊ သံပုရာရည် (စားပွဲဇွန်း၁ဇွန်း) အသုံးပြုပုံ. . . ပန်းသီးကို အခွံနွာ အစေ့ဖယ်ပြီး blenderထဲ ထည့်ကြိတ်ပါ။ သံပုရာရည်ကိုတော့ တခါတည်းထည့် ကြိတ်လဲ ရပါတယ်။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်သုတ်လိမ်းလိုက်ပါ။ လိမ်ပြီးသွားရင်တော့ ၁၅မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းလေးအတိုင်းကို လိုက်လုပ်ကြည့်ပါလို့ အကြံကောင်းလေးပေးပါရစေရှင်… #Pissaya_News Crd;

Read More

မိတ်ကပ် blender အရောင်လေးတွေကို ခွဲခြား အသုံးပြုနည်း

 မိတ်ကပ်လိမ်းခြယ်တဲ့နေရာမှာ အသုံးပြုတဲ့ blender sponge ဆိုတာ မိတ်ကပ်လိမ်းတဲ့ ရေမြုပ်ဖော့တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ချို့ကလည်း Make up brush အသုံးပြုကြပါတယ်။ blender ထဲမှာ အဖြူရောင်၊ ပန်းရောင်၊အနက်ရောင်နဲ့အစိမ်းရောင်လေးတွေရဲ့ အသုံးဝင်ပုံကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ အဖြူရောင်လေးကတော့ skin care လိမ်းတဲ့အခါ အသုံးပြုဖို့ ဖြစ်ပါတယ်။ ပန်းရောင် က မိတ်ကပ်သားဖျော့တာ လိမ်းဖို့ နဲ့ အနက်ရောင် blender က မိတ်ကပ်သားရင့်တာမျိုးတွေမှာ လိမ်းဖို့ဖြစ်ပြီး အစိမ်းရောင်လေးကတော့ highlight , contouring လုပ်တဲ့အခါမျိုးမှာ အသုံးဝင်ပါတယ်နော်။ #Pissaya_News Crd;

Read More

သွားလေးတွေဖြူစင်ဝင်းပစေဖို့

ကိုယ့်ရဲ့သွားတွေဖြူစင်ဝင်းပစေဖို့အတွက် အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ အသုံးပြုရန်လိုအပ်တဲ့ပစ္စည်းတွေကတော့. . . နေကြာဆီ (သို့မဟုတ်) သံလွင်ဆီ နနွင်းမှုန့် တို့ပဲ လိုအပ်ပါတယ်။ နေကြာဆီ (သို့မဟုတ်) သံလွင်ဆီ ထဲကို သွားတိုက်တံကို စိတ်ထားပါ။ ပြီးရင် နနွင်းမှုန့် နည်းနည်း ထည့်ပြီး (၃) မိနစ်ခန့်သွားတိုက်ပေးပါ။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းလေးကို တစ်ပတ်မှာ အနည်းဆုံး ၂ကြိမ် မှ ၃ကြိမ် အထိပြုလုပ်ပေးလို့ရပါတယ်။ #Pissaya_News Photo;crd

Read More

အခုလတ်တလောမှာ ခေတ်စားလာတဲ့ Make Up glow look လေးရရှိစေမယ့်အချက်များ

မျက်နှာလင်းလင်းပြောင်ပြောင်လေးနဲ့ Glow look လေးရဖို့လိုအပ်ချက်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ အသားအရေကောင်းမှလိမ်းသမျှမိတ်ကပ်သားတက်ပြီးမျက်နှာပြောင်ပြောင်လင်းလင်းလေးဖြစ်တာပါ။ skinလေးကောင်းဖို့အတွက် ဂရုစိုက်ပြီးပြုလုပ်သင့်တဲ့အချက်တွေက ရေများများသောက်ရမယ်။ ဖြစ်နိုင်ရင် မိတ်ကပ်အတတ်နိုင်ဆုံးမလိမ်းပါနဲ့။ ( မလိမ်းမဖြစ်ဆိုရင်တော့ chemical နည်းပီးသဘာဝပစ္စည်းတွေပါဝင်တဲ့ မိတ်ကပ်လိမ်းပါ)။ ကိုယ့်အသားအရည်နဲ့ သင့်တော်တဲ့ skin careကို ပုံမှန်သုံးပေးပါ။ မိတ်ကပ်လိမ်းပီးပြန်ရောက်ရင် Cleansing water or cleansing cream နဲ့တနေ့လုံးလိမ်းထားတဲ့မိတ်ကပ်တွေဖျက်ရမယ်။ နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ မိတ်ကပ်မဖျက် မျက်နှာမသစ်ဘဲနဲ့ အိပ်ယာ မဝင်မိပါစေနဲ့နော်။ Hightlighter သုံးရပါမယ်။ ပါးရိုး၊ နှာခေါင်း၊ နှုတ်ခမ်း၊ မေးစေ့ မှာ hightlight ကို နေရာ တကျထည့်သုံးတတ်ရပါမယ်။ #Pissaya Crd;  

Read More

နေ့စဉ်သုံး သွားပွတ်တံ လေးတွေသန့်ရှင်းဖို့ ဒါတွေလုပ်ပါ

မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ သွားပွတ်တံလေးတွေသန့်ရှင်းနိုင်ဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်ရမည့်နည်းလမ်းက. . . သွားပွတ်တံကို ရှာလကာရည်ထည့်ထားတဲ့ခွက်ထဲကို ထည့်ပြီး မိနစ် (၃၀) လောက်စိမ်ထားဖို့ပဲလိုပါတယ်။ စိမ်ပြီးရင်တော့ ရေဆေးပါ။ ရှာလကာရည်က သွားပွတ်တံမှာ ရှိတဲ့ သွားတိုက်ဆေးကပ်နေတာတွေကို သန့်ရှင်းပေးတဲ့အတွက် သွားပွတ်တံကို သန့်သွားအောင်လုပ်ပေးပါတယ်နော်။ သတိထားရမှာက သွားပွတ်တံတစ်ချောင်းကို (၃) လ တကြိမ်လဲပေးသင့်ပါတယ်။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းလေးကို မလဲခင်အချိန်အတွင်းမှာ သွားပွတ်တံ သန့်ရှင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Read More

အစာမကြေဖြစ်နေရင် ဒိန်ချဉ်သောက်ပါ

အစာစားပြီး အစာမကြေဖြစ်တက်တဲ့ သူတွေအတွက် နည်းလမ်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။ ဒိန်ချဉ် ကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒိန်ချဉ်က ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေရုံသာမက အစာမကြေဖြစ်ခြင်းကိုလည်း ကောင်းမွန်စေတဲ့ ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ အစာမကြေဖြစ်နေသူတွေအတွက် ဒိန်ချဉ်သောက်ပေးခြင်းဖြင့် အစာမကြေခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။ သကြား၊ ထန်းလျက်ရည် တို့မပါဝင်တဲ့ ဒိန်ချဉ်ကို သောက်သုံးမယ်ဆိုရင်တော့ အစာမကြေဖြစ်ခြင်းကို သက်သာစေဖို့ လျင်မြန်တဲ့ထိရောက်မှုကို ရရှိနိုင်မှာပါနော်။ #Pissaya_News Photo;Crd

Read More

ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

လူတိုင်းနေ့စဉ်နေ့တိုင်း သောက်သုံးနေတဲ့ ရေ မှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဝေမျှပေးလိုက်ပါတယ်။ ၁။  ဦးနှောက်၏ ၇၅ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။ ၂။  ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း။ ၃။  သွေး၏ ၈၃ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။ ၄။  ကြွက်သား ၏ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်ဆည်းပေးခြင်း။ ၅။  အရိုး၏ ၂၂ ရာခိုင်နှုန်းကို ဖွဲ့စည်းထောက်ပံ့ပေးခြင်း။ ၆။  အစားအစာကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးခြင်း။ ၇။  အဆိပ်အတောက်ကို ဖယ်ရှားပေးခြင်း။ ၈။  ခန္ဓာကိုယ်မှ အဟာရဓာတ်များ ဆွဲယူရန် ဆောင်ရွက်ပေးခြင်း။ ၉။  အသက်ရှုရန် အောက်ဆီဂျင် သန့်အောင်ထုတ်ပေးခြင်း။ ၁၀။  အရိုးအသား အချိုင့်အဆက်များကို သန်မာစေခြင်း။ ၁၁။  ဆဲလ်ရှင်သန်ရန် အဟာရနှင့် အောက်ဆီဂျင်များ သယ်ဆောင် ထားပေးခြင်း။ ၁၂။  လုပ်ငန်းခွင်တွင် လုပ်ဆောင်ချက်တိုးမြင့်ပေးခြင်း။ ၁၃။  ခေါင်းမူး၊ ခေါင်းကိုက် သက်သာစေခြင်း။ ၁၄။  ပင်ပန်း နွမ်းနယ်မှု သက်သာ၍ လန်းဆန်းစေခြင်း။ ၁၅။  ကင်ဆာဖြစ်နိုင်လျော့နည်းခြင်း။ ၁၆။  အားကစားလုပ်လျှင် လုပ်ဆောင်ချက် မြင့်တင်စေခြင်း။ ၁၇။  ကျောက်ကပ်ကျန်းမာရေး အထောက်အပံ့ပေးခြင်း။ ၁၈။  ပိုမို ငယ်ရွယ်၍ ကျန်းမာစေအောင် ဖန်တီးပေးနိုင်ခြင်း။ စသည့်အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်နော်။ #Pissaya_News Crd;

Read More