19.10.2017 မွ 25.10.2017 အထိ တစ္ပတ္စာ ၇ရက္သားသမီး ⁠ေဟာစာတမ္း

တနဂၤေႏြ

စိတ္ေတြက ပစၥဳပၸန္မွာမရွိ။ အနာဂတ္စိတ္ကူးစိတ္သန္းေတြနဲ႔ ေလထဲတိုက္အိမ္ေဆာက္ေနမိသည္။ ေငြေၾကး၊ စီးပြားေရးဝိသမေလာဘ နဲ႔လုပ္မိပါက အရမ္းဆံုးရွံုးနစ္နာရလိမ့္မယ္။အစိုးရနဲ႔ ဥပေဒနဲ႔ ၿငိစြန္းတာမ်ိဳးလုပ္ေနသူျဖစ္ပါက ဒုကၡေတြ႕မဲ့အခ်ိန္ပါပဲ။ အလုပ္ရွာေန သူမ်ားၾကန္႔ၾကာေနတတ္သည္။ လက္ရွိအလုပ္ေပၚစိတ္ကုန္ စိတ္ပ်က္မိေနတတ္သည္။ လူငယ္မ်ား စိတ္ေလၿပီး အိမ္မကပ္ခ်င္ျဖစ္ ေနတတ္ပါသည္။ ဟိုဟာလုပ္ရႏိုးႏိုး ဒီဟာလုပ္ရႏိုးႏိုးနဲ႔ စိတ္ေတြဒြိဟျဖစ္ေနတတ္တယ္။ စပ္တူ စီးပြားမလုပ္ပါႏွင့္။ ေငြေၾကး အေပးအယူသတိရွိသင့္တဲ့ အခ်ိန္ကာလပါပဲ။ လူငယ္မ်ားခ်စ္သူအေပၚ စိတ္ကုန္စိတ္ပ်က္ေနမိတတ္တယ္။ ပညာေရးမွာ ပညာရပ္အ သစ္အသစ္ေတြ ဆက္လက္ဆည္းပူးရမဲ့အခ်ိန္ ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၄/၆/၀
အထူးေဟာ ၾကံစည္ထားတာေတြ ျဖစ္မလာေသးပါ။
ယၾတာ ကေလးငယ္တစ္ဦးကို ကစားစရာအိုးစည္ေလးတစ္လံုးလက္ေဆာင္ေပးလိုက္ပါ။

တနလၤာ

ကံကမိမိဘက္မွာရွိေနပါၿပီ။ ဆႏၵနဲ႔ ဘဝတစ္ထပ္ထဲက်မဲ့ ကာလအပိုင္းအျခားေလးပါ။ ခရီးေဝးေတြသြားရျခင္းမ်ိဳးၾကံဳရပါလိမ့္မယ္။ ခရီး သြားျခင္းကလဲ မိမိကို ကံေကာင္းေစဖို႔တြန္းအားတစ္ခုေပးပါတယ္။ Entertainment နဲ႔ဆိုင္ေသာ ပစၥည္းမ်ားဝင္ပါလိမ့္မယ္။ ေပ်ာ္စ ရာအေကာင္းဆံုး ကာလေလးတစ္ခုပါ။ အလုပ္အကိုင္ေတြအဆင္ေျပလာႏိုင္တဲ့အတြက္ကြ်ဲကူးေရပါဆို သလိုေငြကံလဲအထူးေကာင္း လာပါလိမ့္မယ္။ အလုပ္ရွာေနသူမ်ား အလုပ္သစ္ရပါၿပီ။ ႏိုင္ငံျခားကိစၥေတြ အဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။ အထက္လူႀကီးရဲ႕ ခ်စ္ခင္ အားကိုးျခင္းခံရမည္။ မိတ္ေဆြေတြေၾကာင့္ မိမိအဘက္ဘက္ကအဆင္ေျပလာတယ္လို႔ေျပာႏိုင္တဲ့အခ်ိန္ပါ။ အခ်စ္ေရးကံေကာင္းေပမဲ့ အေနေဝးေနတဲ့အတြက္ ဖုန္းနဲ႔ပဲအလြမ္းေျဖရပါလိမ့္မယ္။
ပညာေရးကံအထူးေကာငး္ပါၿပီ။

အက်ိဳးေပးဂဏန္း ၃/၁/၆
အထူးေဟာ ကံအထူးေကာင္းေနမည္။
ယၾတာ သီးစံုအခ်ဥ္ဟင္းခ်က္ၿပီး ဘုရားကပ္လႉပါ

အဂၤါ

စိတ္ထဲမတင္မက်ျဖစ္စရာ ေဝခြဲဆံုးျဖတ္ခက္ေနတာ မ်ိဳးၾကံဳရတတ္ပါတယ္။ အိမ္ေထာင္သည္မ်ား စန္းပြင့္ေနျခင္းက မဆင္ျခင္ႏိုင္ ကဒုကၡေတြ႕တတ္ပါတယ္။ လူငယ္မ်ား အခ်စ္ေရးမွာ မ႐ိုးသားမႈေတြ မာယာေတြေရာပါေနတတ္အတြက္သတိရွိပါ။ လူမ်ိဳးျခား ဘာသာျခားေတြရဲ႕အကူအညီအေထာက္အပံ့ေတြ ရလာပါလိမ့္မယ္။ ရပ္ေဝးမွသတင္းေကာင္းၾကားရျခင္းရပ္ေဝး မွလက္ေဆာင္မ်ား ရျခင္းမ်ိဳးၾကံဳရမည္။ အတိတ္ကကူညီခဲ့ဖူးသူက မိမိကိုတစ္ခါျပန္လည္ကူညီျခင္းမ်ိဳးၾကံဳရပါလိမ့္မည္။ ထီကံလဲျမင့္မားေနတဲ့အတြက္ ထီထိုးပါ။ ခရီးသြားရင္းလမ္းမွာေတြ႕တဲ့ထီဆိုင္မွ ထိုးပါ။ ပညာေရးကံေကာင္းေနမွာပါ။ က်န္းမာေရးလဲ အေကာင္းဘက္မွာ ရွိေနမဲ့အခ်ိန္ပါပဲ ။

အက်ိဳးေပးဂဏန္း ၄/၂/၀
အထူးေဟာ အိပ္ေရးပ်က္မခံပါႏွင့္
ယၾတာ ထီးနီ၇လက္ ေမြးနံေထာင့္တြင္လႉေပးပါ

ဗုဒၶဟူး

အရာရာကို ရဲရဲဝံ့ဝံ့ရင္ဆိုင္ဖို႔ မသင့္ေသးတဲ့ကာလပါပဲ။သည္းခံပါ။ မိမိမာနကို ထိပါးေစာ္ကားမဲ့စကားေတြေျပာလာတာမ်ိဳး ၾကံဳရတတ္ ပါတယ္။ မိမိအေနနဲ႔ မခံခ်င္စိတ္နဲ႔ တုန္႔ျပန္မိပါက အက်ိဳးဆက္ေတြမေကာင္းႏိုင္တဲ့အခ်ိန္ပါ။ ခႏၲီပါရမီျဖည့္တယ္လို႔သေဘာထားၿပီး ေနသင့္တဲ့ကာလပါ။အလုပ္ထဲမွာအထက္လူႀကီးနဲ႔အဆင္ေျပေအာင္ေနပါ။ သူမွားေနရင္ေတာင္ ေထာက္မျပပါနဲ႔ ။ မိမိကို ဆရာ လုပ္တယ္လို႔ ထင္သြားပါလိမ့္မယ္။ အိမ္ျပင္အိမ္ေဆာက္ျခင္း မျပဳပါနဲ႔အံုး။ စီးပြားသစ္တစ္ခုစတင္မလုပ္ ကိုင္ပါနဲ႔အံူး။ မိမိအေတြး အၾကံအတိုင္းသာ လုပ္ကိုင္ပါ။ တစ္ပါးသူဆီကအၾကံဉာဏ္မယူပါနဲ႔။ ႏွလံုးသားေရးရာကိစၥမ်ား ေကာင္းျခင္းဆိုးျခင္း ဆိုတဲ့အစြန္းႏွ စ္ဖက္မွာရပ္တည္ေနတယ္လို႔ ဆိုရမွာပါပဲ။ ပညာေရးမွာ စိုးရိမ္စိတ္ေၾကာင့္ အမွားမ်ားတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၅/၉
အထူးေဟာ ၿငိမ္ေနတာအေကာင္းဆံုးပါ။
ယၾတာ ဒဏ္ေၾကလိမ္းေဆးတစ္ဗူး လူႀကီသူမတစ္ဦးကို လက္ေဆာင္ေပးလိုက္ပါ။


ၾကာသပေတး

ဒီကာလဟာ ၾကာသပေတးသားသမီးေတြအေနနဲ႔က အျခားအေရးကိစၥေတြထက္က်န္းမာေရးကိုအထူးဂ႐ုစိုက္သင့္တဲ့ကာလပါ။
က်န္းမာေရး အားနည္းယုတ္ေလ်ာ့ႏိုင္တဲ့ကာလျဖစ္သလို ျပင္ပေရာဂါေတြလဲကူးစက္လြယ္တဲ့အခ်ိန္ပါပဲ။ မိမိဖုန္းကို ဂ႐ုစိုက္ပါ ။ ေမ့က်န္ရာမွ ျပန္မရဘဲဆံုးတဲ့အထိျဖစ္တတ္လို႔ပါပဲ။ ေလာင္းကစားလံုးဝမလုပ္သင့္ပါ။ အသိသက္ေသေနရာက အာမခံ လက္မွတ္ထိုး ျခင္းမ်ိဳး ေရွာင္ပါ။ အလုပ္ေကာင္းေပမဲ့ အလုပ္တာဝန္ေတြပိၿပီး စိတ္ပန္းလူပန္းျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးကံေကာင္းေနတဲ့အခ်ိန္ပါ။ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြကိုျဖတ္သန္းရမဲ့ ခ်စ္ခရီးလမ္းပါ။ပညာေရးကံေကာင္းေပမဲ့ မိမိကစာမလိုက္ႏိုင္တာမ်ိဳးၾကံဳရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၇/၀
အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ပါ
ယၾတာ အိမ္ေရွ႕ လမ္းကိုတံျမက္စည္းလွည္းပါ

ေသာၾကာ

စီးပြားေရးအလြန္ေကာင္းေနမဲ့ကာလအပိုင္းအျခားပါပဲ။ စိတ္ကူးထားတာ ရည္မွန္းထားတာေတြ အံ့ၾသစရာေကာင္းစြာ ျပည့္ေျမာက္ လာပါလိမ့္မယ္။ ႏႈတ္ေစာင့္စည္းပါ။ ႏႈတ္စကားေတြမွန္ၿပီး ေျပာတဲ့အတိုင္းၾကံဳရတတ္လို႔ပါ။ ေအာင္ျမင္မႈအသီး အပြင့္ေတြ စတင္ခံစားရမည္။ လုပ္ငန္းသစ္စီးပြားသစ္အလြန္ေကာင္းတယ္။ မိတ္ေဆြေကာင္းေတြရဲ႕အကူအညီအေထာက္အပံ့ေတြလဲရပါလိမ့္မယ္။ ေကာင္းေသာခရီး အပန္းေျဖခရီး ေပ်ာ္စရာခရီးေတြသြားရပါလိမ့္မည္။ အခ်ိန္မဆိုင္းျခင္း ျဖတ္ထိုးဉာဏ္ေကာင္းျခင္းေတြက ဒီကာလ အတြင္း အလိုလိုျဖစ္တည္လာတတ္ပါတယ္။ အိမ္ေထာင္သည္ေရာ လူလြတ္ပါ စုတ္ကိစၥရႈပ္ေထြးမႈေတြရွိ လာႏိုင္တဲ့ အတြက္ေရွာင္ႏိုင္ ရင္အေကာင္းဆံုးပါပဲ။ ပညာေရးအထူးေကာင္းမြန္ေနတဲ့အခ်ိန္ပါ။

အက်ိဳးေပးဂဏန္း ၇/၅/၃
အထူးေဟာ ကံျမင့္မားေနသည္။
ယၾတာ စာေရးကိရိယာမ်ား ေက်ာင္းသားတစ္ဦးကို လက္ေဆာင္ေပးလိုက္ပါ။

စေန

အဖိုးတန္ပစၥည္းမ်ား ေမ့က်န္ခဲ့တာမ်ိဳးၾကံဳရတတ္တယ္။ သတိထားပါ။ ေရႊထြက္တတ္တယ္။ အိမ္တြင္းေရးေၾကာင့္ အိမ္ေထာင္ဦး စီးေၾကာင့္ တစ္အိမ္သားလံုးေသာကေရာက္ရလိမ့္မယ္။ အိမ္ေထာင္ေရးအဆင္မေျပတဲ့ကာလပါ။ အိမ္ေထာင္ဖက္နဲ႔ စကားမ်ားရန္ျဖစ္ ရတတ္သည္။ က်န္းမာေရးကေတာ့ေဒါင္ေဒါင္ျမည္ေနလိမ့္မယ္။ နာတာရွည္ျဖစ္ေနသူမ်ား ဆရာေကာင္းနဲ႔ေတြ႕ၿပီးေဆးတိုးသြား မဲ့အခ်ိန္ပါပဲ။ အိမ္မကပ္ခ်င္ဘဲ အိမ္နဲ႔အေဝးကိုသြားခ်င္စိတ္ျဖစ္ေပၚေနမည္။ အလုပ္ထဲမွာ မိမိေနရာကိုလိုခ်င္သူေတြရဲ႕ ဒုကၡေပးေခ်ာက္ ခ်ျခင္းမ်ိဳးခံရတတ္ပါတယ္။ အခ်စ္ေရးကံမေကာင္းတဲ့ကာလပါ။ ပညာေရးအေပၚ စိတ္မပါတာမ်ိဳးၾကံဳရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၆/၉/၃
အထူးေဟာ စိတ္ေလေနမည္
ယၾတာ ထန္းလ်က္ ၁၁ လံုး ပန္းကန္တစ္ခ်ပ္ထဲထည့္ၿပီး ဘုရားကပ္လႉပါ

Source by -ဆရာ ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Unicode ျဖင့္ဖတ္ရန္

================

19.10.2017 မှ 25.10.2017 အထိ တစ်ပတ်စာ ၇ရက်သားသမီး ⁠ဟောစာတမ်း

တနင်္ဂနွေ

စိတ်တွေက ပစ္စုပ္ပန်မှာမရှိ။ အနာဂတ်စိတ်ကူးစိတ်သန်းတွေနဲ့ လေထဲတိုက်အိမ်ဆောက်နေမိသည်။ ငွေကြေး၊ စီးပွားရေးဝိသမလောဘ နဲ့လုပ်မိပါက အရမ်းဆုံးရှုံးနစ်နာရလိမ့်မယ်။အစိုးရနဲ့ ဥပဒေနဲ့ ငြိစွန်းတာမျိုးလုပ်နေသူဖြစ်ပါက ဒုက္ခတွေ့မဲ့အချိန်ပါပဲ။ အလုပ်ရှာနေ သူများကြန့်ကြာနေတတ်သည်။ လက်ရှိအလုပ်ပေါ်စိတ်ကုန် စိတ်ပျက်မိနေတတ်သည်။ လူငယ်များ စိတ်လေပြီး အိမ်မကပ်ချင်ဖြစ် နေတတ်ပါသည်။ ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုးနဲ့ စိတ်တွေဒွိဟဖြစ်နေတတ်တယ်။ စပ်တူ စီးပွားမလုပ်ပါနှင့်။ ငွေကြေး အပေးအယူသတိရှိသင့်တဲ့ အချိန်ကာလပါပဲ။ လူငယ်များချစ်သူအပေါ် စိတ်ကုန်စိတ်ပျက်နေမိတတ်တယ်။ ပညာရေးမှာ ပညာရပ်အ သစ်အသစ်တွေ ဆက်လက်ဆည်းပူးရမဲ့အချိန် ကာလပါပဲ။

အကျိုးပေးဂဏန်း ၄/၆/ဝ
အထူးဟော ကြံစည်ထားတာတွေ ဖြစ်မလာသေးပါ။
ယတြာ ကလေးငယ်တစ်ဦးကို ကစားစရာအိုးစည်လေးတစ်လုံးလက်ဆောင်ပေးလိုက်ပါ။

တနင်္လာ

ကံကမိမိဘက်မှာရှိနေပါပြီ။ ဆန္ဒနဲ့ ဘဝတစ်ထပ်ထဲကျမဲ့ ကာလအပိုင်းအခြားလေးပါ။ ခရီးဝေးတွေသွားရခြင်းမျိုးကြုံရပါလိမ့်မယ်။ ခရီး သွားခြင်းကလဲ မိမိကို ကံကောင်းစေဖို့တွန်းအားတစ်ခုပေးပါတယ်။ Entertainment နဲ့ဆိုင်သော ပစ္စည်းများဝင်ပါလိမ့်မယ်။ ပျော်စ ရာအကောင်းဆုံး ကာလလေးတစ်ခုပါ။ အလုပ်အကိုင်တွေအဆင်ပြေလာနိုင်တဲ့အတွက်ကျွဲကူးရေပါဆို သလိုငွေကံလဲအထူးကောင်း လာပါလိမ့်မယ်။ အလုပ်ရှာနေသူများ အလုပ်သစ်ရပါပြီ။ နိုင်ငံခြားကိစ္စတွေ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ အထက်လူကြီးရဲ့ ချစ်ခင် အားကိုးခြင်းခံရမည်။ မိတ်ဆွေတွေကြောင့် မိမိအဘက်ဘက်ကအဆင်ပြေလာတယ်လို့ပြောနိုင်တဲ့အချိန်ပါ။ အချစ်ရေးကံကောင်းပေမဲ့ အနေဝေးနေတဲ့အတွက် ဖုန်းနဲ့ပဲအလွမ်းဖြေရပါလိမ့်မယ်။
ပညာရေးကံအထူးကောင်းပါပြီ။

အကျိုးပေးဂဏန်း ၃/၁/၆
အထူးဟော ကံအထူးကောင်းနေမည်။
ယတြာ သီးစုံအချဉ်ဟင်းချက်ပြီး ဘုရားကပ်လှူပါ

အင်္ဂါ

စိတ်ထဲမတင်မကျဖြစ်စရာ ဝေခွဲဆုံးဖြတ်ခက်နေတာ မျိုးကြုံရတတ်ပါတယ်။ အိမ်ထောင်သည်များ စန်းပွင့်နေခြင်းက မဆင်ခြင်နိုင် ကဒုက္ခတွေ့တတ်ပါတယ်။ လူငယ်များ အချစ်ရေးမှာ မရိုးသားမှုတွေ မာယာတွေရောပါနေတတ်အတွက်သတိရှိပါ။ လူမျိုးခြား ဘာသာခြားတွေရဲ့အကူအညီအထောက်အပံ့တွေ ရလာပါလိမ့်မယ်။ ရပ်ဝေးမှသတင်းကောင်းကြားရခြင်းရပ်ဝေး မှလက်ဆောင်များ ရခြင်းမျိုးကြုံရမည်။ အတိတ်ကကူညီခဲ့ဖူးသူက မိမိကိုတစ်ခါပြန်လည်ကူညီခြင်းမျိုးကြုံရပါလိမ့်မည်။ ထီကံလဲမြင့်မားနေတဲ့အတွက် ထီထိုးပါ။ ခရီးသွားရင်းလမ်းမှာတွေ့တဲ့ထီဆိုင်မှ ထိုးပါ။ ပညာရေးကံကောင်းနေမှာပါ။ ကျန်းမာရေးလဲ အကောင်းဘက်မှာ ရှိနေမဲ့အချိန်ပါပဲ ။

အကျိုးပေးဂဏန်း ၄/၂/ဝ
အထူးဟော အိပ်ရေးပျက်မခံပါနှင့်
ယတြာ ထီးနီ၇လက် မွေးနံထောင့်တွင်လှူပေးပါ

ဗုဒ္ဓဟူး

အရာရာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ မသင့်သေးတဲ့ကာလပါပဲ။သည်းခံပါ။ မိမိမာနကို ထိပါးစော်ကားမဲ့စကားတွေပြောလာတာမျိုး ကြုံရတတ် ပါတယ်။ မိမိအနေနဲ့ မခံချင်စိတ်နဲ့ တုန့်ပြန်မိပါက အကျိုးဆက်တွေမကောင်းနိုင်တဲ့အချိန်ပါ။ ခန္တီပါရမီဖြည့်တယ်လို့သဘောထားပြီး နေသင့်တဲ့ကာလပါ။အလုပ်ထဲမှာအထက်လူကြီးနဲ့အဆင်ပြေအောင်နေပါ။ သူမှားနေရင်တောင် ထောက်မပြပါနဲ့ ။ မိမိကို ဆရာ လုပ်တယ်လို့ ထင်သွားပါလိမ့်မယ်။ အိမ်ပြင်အိမ်ဆောက်ခြင်း မပြုပါနဲ့အုံး။ စီးပွားသစ်တစ်ခုစတင်မလုပ် ကိုင်ပါနဲ့အူံး။ မိမိအတွေး အကြံအတိုင်းသာ လုပ်ကိုင်ပါ။ တစ်ပါးသူဆီကအကြံဉာဏ်မယူပါနဲ့။ နှလုံးသားရေးရာကိစ္စများ ကောင်းခြင်းဆိုးခြင်း ဆိုတဲ့အစွန်းနှ စ်ဖက်မှာရပ်တည်နေတယ်လို့ ဆိုရမှာပါပဲ။ ပညာရေးမှာ စိုးရိမ်စိတ်ကြောင့် အမှားများတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၅/၉
အထူးဟော ငြိမ်နေတာအကောင်းဆုံးပါ။
ယတြာ ဒဏ်ကြေလိမ်းဆေးတစ်ဗူး လူကြီသူမတစ်ဦးကို လက်ဆောင်ပေးလိုက်ပါ။

္ဒ
ကြာသပတေး

ဒီကာလဟာ ကြာသပတေးသားသမီးတွေအနေနဲ့က အခြားအရေးကိစ္စတွေထက်ကျန်းမာရေးကိုအထူးဂရုစိုက်သင့်တဲ့ကာလပါ။
ကျန်းမာရေး အားနည်းယုတ်လျော့နိုင်တဲ့ကာလဖြစ်သလို ပြင်ပရောဂါတွေလဲကူးစက်လွယ်တဲ့အချိန်ပါပဲ။ မိမိဖုန်းကို ဂရုစိုက်ပါ ။ မေ့ကျန်ရာမှ ပြန်မရဘဲဆုံးတဲ့အထိဖြစ်တတ်လို့ပါပဲ။ လောင်းကစားလုံးဝမလုပ်သင့်ပါ။ အသိသက်သေနေရာက အာမခံ လက်မှတ်ထိုး ခြင်းမျိုး ရှောင်ပါ။ အလုပ်ကောင်းပေမဲ့ အလုပ်တာဝန်တွေပိပြီး စိတ်ပန်းလူပန်းဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံကောင်းနေတဲ့အချိန်ပါ။ ပျော်စရာကောင်းတဲ့ အချိန်တွေကိုဖြတ်သန်းရမဲ့ ချစ်ခရီးလမ်းပါ။ပညာရေးကံကောင်းပေမဲ့ မိမိကစာမလိုက်နိုင်တာမျိုးကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၇/ဝ
အထူးဟော ကျန်းမာရေးဂရုစိုက်ပါ
ယတြာ အိမ်ရှေ့ လမ်းကိုတံမြက်စည်းလှည်းပါ

သောကြာ

စီးပွားရေးအလွန်ကောင်းနေမဲ့ကာလအပိုင်းအခြားပါပဲ။ စိတ်ကူးထားတာ ရည်မှန်းထားတာတွေ အံ့သြစရာကောင်းစွာ ပြည့်မြောက် လာပါလိမ့်မယ်။ နှုတ်စောင့်စည်းပါ။ နှုတ်စကားတွေမှန်ပြီး ပြောတဲ့အတိုင်းကြုံရတတ်လို့ပါ။ အောင်မြင်မှုအသီး အပွင့်တွေ စတင်ခံစားရမည်။ လုပ်ငန်းသစ်စီးပွားသစ်အလွန်ကောင်းတယ်။ မိတ်ဆွေကောင်းတွေရဲ့အကူအညီအထောက်အပံ့တွေလဲရပါလိမ့်မယ်။ ကောင်းသောခရီး အပန်းဖြေခရီး ပျော်စရာခရီးတွေသွားရပါလိမ့်မည်။ အချိန်မဆိုင်းခြင်း ဖြတ်ထိုးဉာဏ်ကောင်းခြင်းတွေက ဒီကာလ အတွင်း အလိုလိုဖြစ်တည်လာတတ်ပါတယ်။ အိမ်ထောင်သည်ရော လူလွတ်ပါ စုတ်ကိစ္စရှုပ်ထွေးမှုတွေရှိ လာနိုင်တဲ့ အတွက်ရှောင်နိုင် ရင်အကောင်းဆုံးပါပဲ။ ပညာရေးအထူးကောင်းမွန်နေတဲ့အချိန်ပါ။

အကျိုးပေးဂဏန်း ၇/၅/၃
အထူးဟော ကံမြင့်မားနေသည်။
ယတြာ စာရေးကိရိယာများ ကျောင်းသားတစ်ဦးကို လက်ဆောင်ပေးလိုက်ပါ။

စနေ

အဖိုးတန်ပစ္စည်းများ မေ့ကျန်ခဲ့တာမျိုးကြုံရတတ်တယ်။ သတိထားပါ။ ရွှေထွက်တတ်တယ်။ အိမ်တွင်းရေးကြောင့် အိမ်ထောင်ဦး စီးကြောင့် တစ်အိမ်သားလုံးသောကရောက်ရလိမ့်မယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ကာလပါ။ အိမ်ထောင်ဖက်နဲ့ စကားများရန်ဖြစ် ရတတ်သည်။ ကျန်းမာရေးကတော့ဒေါင်ဒေါင်မြည်နေလိမ့်မယ်။ နာတာရှည်ဖြစ်နေသူများ ဆရာကောင်းနဲ့တွေ့ပြီးဆေးတိုးသွား မဲ့အချိန်ပါပဲ။ အိမ်မကပ်ချင်ဘဲ အိမ်နဲ့အဝေးကိုသွားချင်စိတ်ဖြစ်ပေါ်နေမည်။ အလုပ်ထဲမှာ မိမိနေရာကိုလိုချင်သူတွေရဲ့ ဒုက္ခပေးချောက် ချခြင်းမျိုးခံရတတ်ပါတယ်။ အချစ်ရေးကံမကောင်းတဲ့ကာလပါ။ ပညာရေးအပေါ် စိတ်မပါတာမျိုးကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၆/၉/၃
အထူးဟော စိတ်လေနေမည်
ယတြာ ထန်းလျက် ၁၁ လုံး ပန်းကန်တစ်ချပ်ထဲထည့်ပြီး ဘုရားကပ်လှူပါ

Source by -ဆရာ ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Related posts