ဒုတိယရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ေအာင္ဝင္းဦးကို ရဲခ်ဳပ္ အျဖစ္ခန္႔အပ္

လစ္လပ္ေနတဲ့ရဲခ်ဳပ္ေနရာ အတြက္ ဒုတိယရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ ေအာင္၀င္းဦးကို ရဲခ်ဳပ္ အျဖစ္ ႏိုင္ငံေတာ္သမၼတ က ယေန႔မွစကာ စတင္ခန္႔အပ္လိုက္သည္။

၎သည္ လြန္ခဲ့သည့္ ၂၀၁၇ ေမလ ၁ရက္ေန႔မွစတင္ကာ မေန႔က အထိ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ၾကီး ဒုတိယဗိုလ္ခ်ဳပ္ၾကီး ေက်ာ္ေဆြ၏ တာ၀န္ေပးခ်က္အရ ယာယီရဲခ်ဳပ္အျဖစ္ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္ကို တာ၀န္ယူခဲ့ရသူျဖစ္သည္။

ႏိုင္ငံ၀န္ထမ္းစည္းမ်ဥ္းအရ ယာယီရဲခ်ဳပ္ ရဲမွဴးခ်ဳပ္ ေအာင္၀င္းဦး သည္ ရဲခ်ဳပ္အျဖစ္တစ္ႏွစ္တာ၀န္ယူရမည္ျဖစ္ျပီး၊တစ္ႏွစ္ျပည့္ေျမာက္ျပီးမွသာ ႏိုင္ငံေတာ္သမၼတက ၎ ကို အတည္ခန္႔အပ္မည္ ျဖစ္သည္။

ရဲခ်ဳပ္ ေအာင္၀င္းဦးသည္ စစ္တကၠ သိုလ္ အမွတ္စဥ္ (၂၆)ဆင္းျဖစ္ျပီး တပ္မေတာ္မွေန၍ ရဲတပ္ဖြဲ႕သို႔ကူးေျပာင္းခဲ့ကာCID တပ္ဖြဲ႕မွဴး၊ ဒုတိယရဲခ်ဳပ္၊ယာယီရဲခ်ဳပ္အစရွိသည့္တာ၀န္မ်ားကိုထမ္းေဆာင္ခဲ့သူျဖစ္သည္။

source_popular

Unicode ျဖင့္ဖတ္ရန္

===============

ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးကို ရဲချုပ် အဖြစ်ခန့်အပ်

2လစ်လပ်နေတဲ့ရဲချုပ်နေရာ အတွက် ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးကို ရဲချုပ် အဖြစ် နိုင်ငံတော်သမ္မတ က ယနေ့မှစကာ စတင်ခန့်အပ်လိုက်သည်။

၎င်းသည် လွန်ခဲ့သည့် ၂၀၁၇ မေလ ၁ရက်နေ့မှစတင်ကာ မနေ့က အထိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ တာဝန်ပေးချက်အရ ယာယီရဲချုပ်အဖြစ် ရဲတပ်ဖွဲ့ဌာနချုပ်ကို တာဝန်ယူခဲ့ရသူဖြစ်သည်။

နိုင်ငံဝန်ထမ်းစည်းမျဉ်းအရ ယာယီရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦး သည် ရဲချုပ်အဖြစ်တစ်နှစ်တာဝန်ယူရမည်ဖြစ်ပြီး၊တစ်နှစ်ပြည့်မြောက်ပြီးမှသာ နိုင်ငံတော်သမ္မတက ၎င်း ကို အတည်ခန့်အပ်မည် ဖြစ်သည်။

ရဲချုပ် အောင်ဝင်းဦးသည် စစ်တက္က သိုလ် အမှတ်စဉ် (၂၆)ဆင်းဖြစ်ပြီး တပ်မတော်မှနေ၍ ရဲတပ်ဖွဲ့သို့ကူးပြောင်းခဲ့ကာCID တပ်ဖွဲ့မှူး၊ ဒုတိယရဲချုပ်၊ယာယီရဲချုပ်အစရှိသည့်တာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်သည်။

source_popular

Related posts