13.7.2017 မှ 19.7.2017အထိ တစ်ပတ်စာ ၇ရက်သားသမီး⁠ဟောစတမ်း

တနင်္ဂနွေ

မိမိအလုပ်မလုပ်ရဘဲ ၊သာရေးနာရေးကိစ္စ ၊လူမှုရေးကိစ္စ၊ပရဟိတအလုပ်တွေနဲ့အချိန်ကုန်ရတတ်တယ်။ အနေဝေးနေတဲ့ချစ်သူက အဆက်ဖြတ်ဖို့ကြိုးစားတာမျိုးကြုံရတတ်သည်။ အချစ်ရေးကြောင့် ခေါင်းရှုပ်ရတတ်သည်။ ကိုယ်ပိုင်အလုပ်လုပ် သူတွေအလုပ်ပါးတတ် သလို ဝန်ထမ်းတွေအဖို့အထက်လူကြီးငြိုငြင်တာခံရလိမ့်မည်။ အထူးဂရုစိုက်ရမှာက ကျန်းမာရေးပါ။ ကိုယ်ခံအားနည်းနေချိန်ဖြစ်တဲ့အ တွက် မိုးအနည်းငယ်မိရုံနဲ့ ဖျားချင်သလိုဖြစ်လာလိမ့်မယ်။ ဆေးမြီးတိုနှင့်မကုပါနှင့်။ အပ်နဲ့ထွင်းရမဲ့ကိစ္စ ပုဆိန်နှင့်ထွင်းရတတ်သည်။ ပညာရေးကံအထူးကောင်းပါတယ်။ ကြိုးစားဖို့တော့လိုပါတယ်။

အကျိုးပေးဂဏန်း. ၀၊၁၊၃
အထူးဟော . ကျန်းမာရေးဂရုစိုက်ပါ။
ယတြာ . ဌက်စာကျွေးပါ။

တနင်္လာ

ကံအထူးကောင်းနေတဲ့အချိန်ပါပဲ။ ကောင်းတဲ့ လိုအင်ဆန္ဒတွေ ပြည့်လာပါလိမ့်မယ်။ ငွေကအဝင်ကြမ်းအထွက်ကြမ်းဖြစ်နေပါလိမ့်မယ်။ အထိုင်အလုပ်လုပ်နေသူများ ထူးထူးခြားခြားအဆင်ပြေမည်။ လုပ်ငန်းစီးပွားတိုးတတ်မည်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စများ အဆင်ပြေ ပါလိမ့်မည်။ အလုပ်ရာထူးတိုးတတ်ခြင်းကြုံမည်။ အထက်လူကြီးမစခြင်းခံရတတ်သည်။ အိမ်ထောင်သည်များစန်းပွင့်နေတဲ့ကာလဖြစ်တဲ့ အတွက် ခြေရှုပ်တတ်သည်။ အချစ်ရေးအဆင်ပြေချောမွေ့လိမ့်မည်။ ချစ်သူမရှိသေးသူများ ချစ်သူရလိမ့်မည်။ မိမိချစ်ရသူကို ချစ်ခွင့်ပန်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ပညာရေးထွန်းပေါက်မဲ့ကာလပါ။

အကျိုးပေးဂဏန်း .၇၊၆၊၂
အထူးဟော .ကံမြင့်မားနေပါတယ်။
ယတြာ .မွေးနေ့၌နှင်းဆီပန်း ၇ ပွင့်ဘုရားလှူပါ။

အင်္ဂါ

အလုပ်စီးပွားအထူးကောင်းသည်။ အလုပ်သစ်စခြင်း အလုပ်တိုးချဲ့ခြင်းများပြုလုပ်နိုင်မည်။ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် တစိမ်းမိန်း ကလေးတွေနဲ့မပက်သက်ပါစေနဲ့ ။ အမျိုးသားများအဖို့ ငြိစွန်းလွယ်တဲ့ကာလမို့ပါ။ထိုသို့ငြိစွန်းပါက အကောင်းထက်အဆိုးများပါလိမ့်မယ်။ အိမ်ပူလေ အလုပ်ကောင်းလေကာလပါပဲ။ အိမ်ထောင်ဘက်အချင်းချင်းစကားများနိုင်သလို လူလွတ်ဆိုပါက အတူနေမောင်နှမတွေ စိတ် ဝမ်းကွဲတတ်တယ်။ သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ ရွှေဝင်လိမ့်မည်။ စပ်တူအလုပ်၊ ရှယ်ယာအလုပ်အကျိုးဖြစ်ထွန်းမည်။ ခရီး ကိစ္စပေါ်လာပါက ရက်ရွေ့လိုက်ပါ။ ကျန်းမာရေးညံ့သွားတတ်ပါတယ်။ ပညာရေးကံကတော့ အထူးကောင်းနေချိန်ပါပဲ။

အကျိုးပေးဂဏန်း.၈၊၄၊၃
အထူးဟော အကြံအစည်အောင်မြင်မည်။
ယတြာ .လူကြီးမိဘတွေကို ထီးတစ်လက်လှူလိုက်ပါ။

ဗုဒ္ဓဟူး

ကံညံ့နေတဲ့အချိန်ပါပဲ။ လုပ်သမျှမဖြစ်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေရမည်။ ဘာပဲဖြစ်ဖြစ်ကြုံရမဲ့ အခက်အခဲကို ခေါင်းအေးအေးထားဖြေ ရှင်းပါ။ ရန်များနေတဲ့ကာလဖြစ်လို့ မည်သူ့ကိုမှမယုံကြည်ပါနှင့်။အုပ်စုဖွဲ့ ချောက်တွန်းခြင်းခံရနိုင်ပါတယ်။ အလုပ်အဆင်မပြေဖြစ်မည်။ အထက်လူကြီးကြောင့်စိတ်ညစ်ရတတ်သည်။အလုပ်မရှိသူများ အလုပ်ရှာရခက်နေပါလိမ့်မည်။ အချစ်ရေးကံခေနေပါမည်။ အချစ်ရေး  ကြောင့်စိတ်ညစ်ရပါလိမ့်မည်။ ငွေကအဝင်ထက် အထွက်များနေပါလိမ့်မည်။ ကျန်းမာရေးလဲခြူခြာနေမည်။ ဗိုက်အောက်ဗိုက်နာ အစာ မကြေဖြစ်နေပါလိမ့်မည် ။ပညာရေးကတော့ ကြိုးစာနိုင်မှတော်ကာကျမှာပါ

အကျိုးပေးဂဏန်း .၄၊၅၊ဝ
အထူးဟော .ကံအားနည်းနေပါသည်။
ယတြာ .မွေးနေ့တွင် ပေါက်ပေါက်ဆုပ် ဘုရားလှူပါ။

ကြာသပတေး

အကောင်းအဆိုး ဒွန်တွဲနေတဲ့ကာလပါပဲ။ ကောင်းမလိုလိုနဲ့ ဆိုးသွားတတ်ပါတယ်။ ရည်မှန်းထားတာ ကြံစည်ထားတာတွေပျက်လွယ် ပါတယ်။ ငွေမမြဲဖြစ်မယ်။ ငွေကုန်လွယ်မယ်။ အမွေကိစ္စ၊မြေကိစ္စ တွေဖြေရှင်းရလိမ့်မယ်။ ထပ်ချဲ့ထားသောအလုပ်တွေနဲ့ပက်သက်ပြီး ငွေမနိုင်ဖြစ်တတ်တယ်။ အလုပ်များသလောက် အကျိုးအမြတ်နည်းလိမ့်မယ်။ ကျန်းမာရေးညံ့နေတဲ့ ချစ်သူကြောင့်စိတ်ညစ်ရမယ်။ အနေဝေးနေတဲ့ချစ်သူတွေအဆင်မပြေဖြစ်မယ်။ ဒါပေမဲ့ အခက်အခဲကြုံရင်ကူညီမဲ့သူတွေအနားမှာရှိနေမယ်။ အောက်လက်ငယ် သားတွေရဲ့ အကူအညီရလိမ့်မယ်။ ပညာရေးကံကတော့ ဆရာကောင်းနဲ့တွေ့မှာပါ။

အကျိုးပေးဂဏန်း. ၄၊၃၊၆
အထူးဟော . ပျော်စရာကြုံ ပြီးမှစိတ်ညစ်ရမည်။
ယတြာ .ခရီးသွားမဲ့သူတစ်ယောက်ကို ခရီးစရိတ်တတ်နိုင်သလောက်လှူလိုက်ပါ။

သောကြာ

အလုပ်အကိုင်များ အဆင်ပြေလာပါလိမ့်မည်။ ငွေလဲဝင်လာပါလိမ့်မည်။ ဆုံးမည်ဟုထင်ထားသောငွေများလဲပြန်ရလိမ့်မည်။ အလုပ် အကိုင်များချဲ့ထွင်နိုင်လိမ့်မည်။ အလုပ်အကိုင်ပြောင်းရွေ့ဖို့စဉ်းစားနေသူများမပြောင်းပါနဲ့အုံး။ လက်ရှိအလုပ်မှာ အဆင်ပြေ လာပါ လိမ့်မည်။ အလုပ်ရှာနေသူများ အလုပ်ရပါလိမ့်မည်။အချစ်ရေးကိစ္စအဆင်ပြေမည်။ စပ်တူရှယ်ယာအကျိုးပေးမည်။ မင်္ဂလာကိစ္စ ၊အလှူကိစ္စများ ကြုံရပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများထံမှ အကြံဥာဏ်တွေရပါလိမ့်မည်။ အိမ်တွင်းရေး မိသားစု အရေး ကိစ္စများတွင်စိတ်ချမ်းမြေ့ရမည်။

အကျိုးပေးဂဏန်း-၅၊၁၊၆
အထူးဟော -ကံသင့်ပါသည်။
ယတြာ – စံပယ်ပန်းဘုရားလှူပါ။

စနေ

ခရီးကိစ္စများ ၊နိုင်ငံရပ်ခြားကိစ္စများ အဆင်မပြေခြင်းကြုံရမည်။ သွားချင်တဲ့ခရီးမသွားရတတ်ဘဲ မသွားချင်တဲ့ခရီးသွားရတတ်တယ်။ အိမ်မှာမပျော်ဘဲ လမ်းမှာသာပျော်နေတတ်သည်။ မိသားစုအတွင်းမပြေလည်မှုတွေ ကြုံရမည်။ လင်မယားချင်းစကားများပါက တစ်ယောက်အိမ်ကဆင်းသွားတတ်တဲ့ကာလပါပဲ။ကြားစကားတွေကြောင့် ချစ်သူရဲ့ နားလည်မှုလွဲနေခြင်းကို ဖြေရှင်းရလိမ့်မည်။ အနေဝေးသောချစ်သူများအဖို့ သွေးအေးရာကစလို့ အဆက်အသွယ်ပြတ်သည်အထိဖြစ်လာပါလိမ့်မည်။မှာချင်တာကတော့ စကားအပြောအဆို ဆင်ခြင်ပါ။
ပညာရေးကံအထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း. ၁၊၂၊၎
အထူးဟော . အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ခွဲခွာရလိမ့်မည်။
ယတြာ .ကြည့်မှန်အဟောင်း အကွဲတစ်ချပ်အား အမှိုက်ပုံးထဲပစ်လိုက်ပါ။

Source by – ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Related posts