(6.4.2017) မွ (12.4.2017) အထိ တစ္ပတ္စာ (၇) ရက္ သားသမီး⁠ေဟာစာတမ္း

တနဂၤေႏြ

အိုးအိမ္ကိစၥ ၊ေနရာထိုင္ခင္းကိစၥ၊အလုပ္ရာထူးတိုးျခင္းကိစၥေတြအထူးေကာင္းတဲ့ကာလပါ။ အလုပ္ေၾကာင့္ ခရီးသြားရျခင္း၊ နယ္ထြက္ ရျခင္းေတြႀကံဳလာနိုင္ပါတယ္။ စိတ္ပင္ပန္း ၊လူပင္ပန္းတာမ်ိဳးေတာ့ရွိပါလိမ့္မယ္။ အမႈအခင္းကိစၥ၊ တရားတေဘာင္ကိစၥေတြႀကံဳေတြ႕ လာနိုင္ပါတယ္။ ေနအိမ္မွာ မီးလန္႔တာ၊ဝါယာေရွာ႔ျဖစ္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ လူငယ္ေတြကေတာ့ အခ်စ္ေရးကိစၥအဆင္ေျပမဲ့ ကာလပါ။ ပညာေရးကေတာ့ အထူးအားနည္းခ်ိန္ပါပဲ။ စာေမးပြဲကိစၥ၊သင္တန္းကိစၥေတြမွာ အခက္အခဲႀကံဳရနိုင္ပါတယ္။ စီးပြားေရးမွာ ေတာ့ ေကာင္းမလိုနဲ႔ဆိုးသြားတတ္ပါတယ္။ ေလွာင္ကုန္ေတြေစ်းက်ၿပီး အရွံုးျပနိုင္တဲ့အေနအထားမ်ိဳးေတြ႕ရပါတယ္။

အက်ိဳးေပးဂဏန္း -၃၊၁၊၇
အထူးေဟာ -ကိုယ္ေရာစိတ္ပါ ပင္ပန္းေနမည္။
ယၾတာ -ေမြးေန႔၌ အိမ္ကဘုရားတြင္ပ်ားရည္ ကပ္လွဴ ပါ

တနလၤာ

ကံအလြန္ျမင့္မားေနခ်ိန္ပါပဲ။ စိတ္ခ်မ္းေျမ႕စရာမ်ား တစ္ခုၿပီးတစ္ခုႀကံဳရမွာပါ။ စိတ္ထားျဖဴ တဲ့သူ ၊သူမ်ားအေပၚမေကာင္းစိတ္ မထားသူ ေတြ ဒီကာလမွာလံုးဝကံေကာင္းပါၿပီ။ အမ်ားအက်ိဴ းအတြက္ရည္မွန္းၿပီး ထီထိုးပါ။ လူငယ္ေတြအေနနဲ႔ အခ်စ္ေရးမွာ တလြဲမာနေတြ ေၾကာင့္ တင္းမာမႈေတြရွိေနအုန္းမွာပါ။ အထက္လူႀကီးေတြရဲ႕ ကူညီမစျခင္းမ်ိဳးေတြႀကံဳလာနိုင္ပါတယ္။ ရပ္ေဝးက အကူအညီ အေထာက္ အပ႔ံေတြလဲ ရလာပါလိမ့္မယ္။ အေမြကိစၥ၊အိမ္ကိစၥ၊အေရာင္းအဝယ္ကိစၥေတြအထူးအဆင္ေျပေနခ်ိန္ပါပဲ။ အလုပ္စီးပြားအထူး တိုးတတ္ မယ္။ သားသမီးေၾကာင့္ ေအာက္လက္ငယ္သားေၾကာင့္ ပူပန္ရတာမ်ိဳးေတြေတာ့ ရွိေနပါလိမ့္မယ္ဗ်။

အက်ိဳးေပးဂဏန္း -၄၊၀၊၇
အထူးေဟာ -ကံျမင့္မားေနသည္။
ယၾတာ -စေနၿဂိဳဟ္ေထာင့္မွာ ေ႐ႊထီးတစ္ လက္လွဴလိုက္ပါ။

အဂၤါ

ဆြတ္ပ်ံၾကည္ႏူးစရာေကာင္းတဲ့အခ်ိန္ပါပဲ ။က်န္းမာေရးအားနည္းမႈေတြလဲေလ်ာ့ပါးသက္သာလာပါလိမ့္မယ္။ ငယ္႐ြယ္သူေတြအဖို႔ေတာ့ အေပ်ာ္လြန္ရာကအမွားေတြ႕တတ္ပါတယ္။ စိတ္ကစားမႈေတြကလမ္းေၾကာင္းအမွားကိုျဖစ္ေပၚေစပါလိမ့္မယ္။ အလုပ္စီးပြားအထူး ေကာင္းမြန္ခ်ိန္ပါ။ ရပ္ေဝးကေနကူညီမဲ့သူေတြေပၚလာတတ္ပါတယ္။ ဒီကာလအတြင္း ထီဝါသနာပါသူေတြကေတာ့ ထီထုိးသင့္တဲ့ အခ်ိန္ ပါပဲ။ အလုပ္မွာလဲနာမည္ေကာင္းရျခင္း၊ အသိအမွတ္အျပဳခံရျခင္းေတြႀကံဳရမွာပါပဲ။ အတိတ္ကသတိရစရာ ၊လြမ္းေမာစရာအျဖစ္အပ်က္ မ်ားအသစ္တစ္ဖန္ျပန္လည္ ဆန္းသစ္လာမဲ့အခ်ိန္ပါပဲဗ်။

အက်ိဳးေပးဂဏန္း -၄၊၈၊၁
အထူးေဟာ -ေပ်ာ္႐ႊင္ရမည္။
ယၾတာ -အုန္းထမင္း ဘုရားကပ္လွဴ ပါ။

ဗုဒၶဟူး

ရန္မ်ားတဲ့ကာလတစ္ခုပါ။ မေက်နပ္သူ၊မနာလိုသေတြဝန္းရံေနတတ္ပါတယ္။ ထိုသူေတြရဲ႕ သြားပုပ္ေလလြင့္ေျပာျခင္း၊ ေခ်ာက္တြန္းျခင္း ႀကံဳရတတ္ပါတယ္။ ႀကံဳလာမည့္ျပႆ နာတိုင္းရဲရဲရင္ဆိုင္ပါ။ မိမိသာအဆံုးသတ္အနိုင္ရပါလိမ့္မယ္။ က်န္းမာေရးေတာ့ အထူးဂရုစိုက္ပါ။ အင္အားခ်ည့္နဲ႔ၿပီး ကိုယ္လက္မအီမသာျဖစ္လြယ္တတ္လို႔ပါ။ ပညာရပ္နဲ႔သက္ဆိုင္ေသာသင္တန္း ၊ဘာသာစကားနဲ႔ သက္ဆိုင္ေသာ သင္တန္းေတြလဲတတ္ရတတ္ပါတယ္။ခရီးကိစၥ၊နိုင္ငံျခားနဲ႔ဆက္သြယ္ရေသာကိစၥ၊ကုန္သြယ္ျခင္းကိစၥေတြမွာေတာ့အဆင္မေျပႀကံဳရတတ္ပါတယ္။ ဒီကာလဟာ မိသားစုအတြက္လဲပူပင္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း -၇၊၈၊၉
အထူးေဟာ -ႀကံဳလာသမ်ွရဲရဲရင္ဆိုင္ျဖတ္သန္းပါ။
ယၾတာ- မိမိႏွင့္သက္တူ႐ြယ္တူေလာက္ရွိတဲ့ ရဟန္းတစ္ပါးအားဆပ္ျပာတစ္တံုးကပ္လွဴလိုက္ပါ

ၾကာသပေတး

ကံအားနည္းေနခ်ိန္ပါပဲ။ အဓိကေတာ့ေငြေၾကးၾကပ္တည္းမႈေတြႀကံဳရေတာ့ပါပဲ။ ေပးစရာရွိတဲ့ေငြေၾကးေတြမေပးနိုင္ေသးသလို ၊ရစရာရွိ တဲ့ေငြေတြလဲမေပးနိုင္ေသးတဲ့ကာလတစ္ခုပါ။ လူငယ္ေတြအေနနဲ႔ ပညာေရးအထူးအားနည္းေနခ်ိန္ပါပဲ။ စာခ်ဳပ္စာတန္းကိစၥ ၊ေငြေၾကး အေပးအယူကိစၥအထူးသတိျပဳရပါလိမ့္မယ္။ အခ်စ္ေရးအထူးည႔ံဖ်င္းေနတဲ့အခ်ိန္ပါ။ မ်က္ႏွာမ်ားတဲ့ခ်စ္သူေၾကာင့္ စိတ္ဆင္းရဲရ တတ္ တယ္။ မဂၤလာကိစၥ၊အလွဴ ကိစၥေတြ ရက္ေ႐ြ႕ရတတ္ပါတယ္။ က်န္းမာေရးအားနည္းခ်ိန္ပါပဲ။ ဗိုက္ေအာက္ဗိုက္နာျဖစ္လြယ္သလို ၊ဝမ္းပ်က္ တာမ်ိဳးလဲျဖစ္တတ္ပါတယ္။ မိသားစုထဲမွာ တနလၤာသားသမီးကေလးငယ္ရွိရင္အထူးဂရုစိုက္သင့္တဲ့အခ်ိန္ပါ။

အက်ိဳးေပးဂဏန္း -၇၊၀၊၄
အထူးေဟာ -ကံအထူးညံေနပါတယ္။
ယၾတာ -သေဘၤာသီးမွည့္ကိုစိပ္ၿပီး အိမ္နီးနားခ်င္းေတြကိုေဝပါ။

ေသာၾကာ

လုပ္လက္စအလုပ္ေတြအျပင္ အလုပ္တိုးခ်ဲ့ျခင္း၊အလုပ္သစ္စျခင္းေတြအထူးေကာင္းပါတယ္။ အလုပ္ရွာေနသူမ်ားအလုပ္ရမဲ့အခ်ိန္ပါ။ ကိုယ္ပိုင္လုပ္ငန္းလုပ္ေနသူေတြစီးပြားအထူးတိုးတတ္ပါလိမ့္မယ္။ ဝန္ထမ္းမ်ား အလုပ္ရာထူးတိုးတတ္နိုင္သည္။ လူခ်စ္လူခင္အရမ္း မ်ားေနတတ္တဲ့ကာလပါ။ မိသားစုအတြင္း က်န္းမာေရးည႔ံသူမ်ားေကာင္းလာနိုင္သလို ၊မိမိကိုယ္တိုင္က်န္းမာေရးတေရွာင္ေရွာင္ ျဖစ္ေန သူေတြလဲနလန္ျပန္ထူမဲ့အခ်ိန္ပါ။ အထည္၊ထီး၊ဖိနပ္ စေသာ စေနနံအလုပ္ေတြအထူးအက်ိဳးေပးခ်ိန္ပါ။ အခ်စ္ေရးဘက္မွာစိတ္ဝင္စားမႈ အထူးအားနည္းေနပါလိမ့္မယ္။ ပညာေရးကိစၥ၊သင္တန္းကိစၥ စာေမးပြဲကိစၥအထူးေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း-၁၊၀၊၄
အထူးေဟာ -ကံျမင့္လာပါၿပီ
ယၾတာ -ထန္းလ်က္ခဲ ၁၁ လံုးေမြးေန႔၌ဘုရားလွဴပါ။

စေန

စိတ္ေလေနတတ္တယ္။ ဆံုးျဖတ္ရခက္တာမ်ိဳးႀကံဳရလိမ့္မယ္။ မိဘေတြအတြက္ပူပန္စိတ္ညစ္ရတတ္တယ္။ လုပ္ငန္းစီးပြားဆုတ္ယုတ္ တတ္တယ္။ အလုပ္ဒဏ္ပိေနတတ္တယ္။ လူမ်ိဳးျခား ၊ဘာသာျခားေတြရဲ႕ကူညီမစျခင္းခံရမယ္။ ခရီးကိစၥ၊နိုင္ငံရပ္ျခားနဲ႔ ဆက္သြယ္လုပ္ရ တဲ့အလုပ္ေတြ အက်ိဳးေပးနည္းခ်ိန္ပါပဲ။ က်န္းမာေရးအထူးေကာင္းခ်ိန္ပါပဲ။အခ်စ္ရးကိစၥ ၊ စုတ္ကိစၥေတြ ရႈပ္ေထြးမႈေတြျဖစ္နိုင္ပါတယ္။ ပညာေရးကဏၭ၊သင္ၾကားေရးကဏၭ ကေတာ့အထူးေကာင္းပါတယ္။ ပံုမွန္အတိုင္းသာလုပ္ေဆာင္သင့္တဲ့အခ်ိန္ပါ။ ေရွ႕တ္ိုးေဆာင္႐ြက္ စရာ ကိစၥမ်ားတစ္ခုခုလုပ္တာနဲ႔ပ်က္ဖို႔မ်ားပါတယ္။

အက်ိဳးေပးဂဏန္း -၆၊၃၊၄
အထူးေဟာ -အရာရာလြဲေခ်ာ္ေနမည္
ယၾတာ -ခေရပန္း ေမြးေန႔၌လွဴဒါန္းပါ။

Credit – ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Unicode ျဖင့္ဖတ္ရန္

================

(6.4.2017) မှ (12.4.2017) အထိ တစ်ပတ်စာ (၇) ရက် သားသမီး⁠ဟောစာတမ်း

တနင်္ဂနွေ

အိုးအိမ်ကိစ္စ ၊နေရာထိုင်ခင်းကိစ္စ၊အလုပ်ရာထူးတိုးခြင်းကိစ္စတွေအထူးကောင်းတဲ့ကာလပါ။ အလုပ်ကြောင့် ခရီးသွားရခြင်း၊ နယ်ထွက် ရခြင်းတွေကြုံလာနိုင်ပါတယ်။ စိတ်ပင်ပန်း ၊လူပင်ပန်းတာမျိုးတော့ရှိပါလိမ့်မယ်။ အမှုအခင်းကိစ္စ၊ တရားတဘောင်ကိစ္စတွေကြုံတွေ့ လာနိုင်ပါတယ်။ နေအိမ်မှာ မီးလန့်တာ၊ဝါယာရှော့ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။ လူငယ်တွေကတော့ အချစ်ရေးကိစ္စအဆင်ပြေမဲ့ ကာလပါ။ ပညာရေးကတော့ အထူးအားနည်းချိန်ပါပဲ။ စာမေးပွဲကိစ္စ၊သင်တန်းကိစ္စတွေမှာ အခက်အခဲကြုံရနိုင်ပါတယ်။ စီးပွားရေးမှာ တော့ ကောင်းမလိုနဲ့ဆိုးသွားတတ်ပါတယ်။ လှောင်ကုန်တွေဈေးကျပြီး အရှုံးပြနိုင်တဲ့အနေအထားမျိုးတွေ့ရပါတယ်။

အကျိုးပေးဂဏန်း -၃၊၁၊၇
အထူးဟော -ကိုယ်ရောစိတ်ပါ ပင်ပန်းနေမည်။
ယတြာ -မွေးနေ့၌ အိမ်ကဘုရားတွင်ပျားရည် ကပ်လှူ ပါ

တနင်္လာ

ကံအလွန်မြင့်မားနေချိန်ပါပဲ။ စိတ်ချမ်းမြေ့စရာများ တစ်ခုပြီးတစ်ခုကြုံရမှာပါ။ စိတ်ထားဖြူ တဲ့သူ ၊သူများအပေါ်မကောင်းစိတ် မထားသူ တွေ ဒီကာလမှာလုံးဝကံကောင်းပါပြီ။ အများအကျိူ းအတွက်ရည်မှန်းပြီး ထီထိုးပါ။ လူငယ်တွေအနေနဲ့ အချစ်ရေးမှာ တလွဲမာနတွေ ကြောင့် တင်းမာမှုတွေရှိနေအုန်းမှာပါ။ အထက်လူကြီးတွေရဲ့ ကူညီမစခြင်းမျိုးတွေကြုံလာနိုင်ပါတယ်။ ရပ်ဝေးက အကူအညီ အထောက် အပံ့တွေလဲ ရလာပါလိမ့်မယ်။ အမွေကိစ္စ၊အိမ်ကိစ္စ၊အရောင်းအဝယ်ကိစ္စတွေအထူးအဆင်ပြေနေချိန်ပါပဲ။ အလုပ်စီးပွားအထူး တိုးတတ် မယ်။ သားသမီးကြောင့် အောက်လက်ငယ်သားကြောင့် ပူပန်ရတာမျိုးတွေတော့ ရှိနေပါလိမ့်မယ်ဗျ။

အကျိုးပေးဂဏန်း -၄၊ဝ၊၇
အထူးဟော -ကံမြင့်မားနေသည်။
ယတြာ -စနေဂြိုဟ်ထောင့်မှာ ရွှေထီးတစ် လက်လှူလိုက်ပါ။

အင်္ဂါ

ဆွတ်ပျံကြည်နူးစရာကောင်းတဲ့အချိန်ပါပဲ ။ကျန်းမာရေးအားနည်းမှုတွေလဲလျော့ပါးသက်သာလာပါလိမ့်မယ်။ ငယ်ရွယ်သူတွေအဖို့တော့ အပျော်လွန်ရာကအမှားတွေ့တတ်ပါတယ်။ စိတ်ကစားမှုတွေကလမ်းကြောင်းအမှားကိုဖြစ်ပေါ်စေပါလိမ့်မယ်။ အလုပ်စီးပွားအထူး ကောင်းမွန်ချိန်ပါ။ ရပ်ဝေးကနေကူညီမဲ့သူတွေပေါ်လာတတ်ပါတယ်။ ဒီကာလအတွင်း ထီဝါသနာပါသူတွေကတော့ ထီထိုးသင့်တဲ့ အချိန် ပါပဲ။ အလုပ်မှာလဲနာမည်ကောင်းရခြင်း၊ အသိအမှတ်အပြုခံရခြင်းတွေကြုံရမှာပါပဲ။ အတိတ်ကသတိရစရာ ၊လွမ်းမောစရာအဖြစ်အပျက် များအသစ်တစ်ဖန်ပြန်လည် ဆန်းသစ်လာမဲ့အချိန်ပါပဲဗျ။

အကျိုးပေးဂဏန်း -၄၊၈၊၁
အထူးဟော -ပျော်ရွှင်ရမည်။
ယတြာ -အုန်းထမင်း ဘုရားကပ်လှူ ပါ။

ဗုဒ္ဓဟူး

ရန်များတဲ့ကာလတစ်ခုပါ။ မကျေနပ်သူ၊မနာလိုသတွေဝန်းရံနေတတ်ပါတယ်။ ထိုသူတွေရဲ့ သွားပုပ်လေလွင့်ပြောခြင်း၊ ချောက်တွန်းခြင်း ကြုံရတတ်ပါတယ်။ ကြုံလာမည့်ပြဿ နာတိုင်းရဲရဲရင်ဆိုင်ပါ။ မိမိသာအဆုံးသတ်အနိုင်ရပါလိမ့်မယ်။ ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ။ အင်အားချည့်နဲ့ပြီး ကိုယ်လက်မအီမသာဖြစ်လွယ်တတ်လို့ပါ။ ပညာရပ်နဲ့သက်ဆိုင်သောသင်တန်း ၊ဘာသာစကားနဲ့ သက်ဆိုင်သော သင်တန်းတွေလဲတတ်ရတတ်ပါတယ်။ခရီးကိစ္စ၊နိုင်ငံခြားနဲ့ဆက်သွယ်ရသောကိစ္စ၊ကုန်သွယ်ခြင်းကိစ္စတွေမှာတော့အဆင်မပြေကြုံရတတ်ပါတယ်။ ဒီကာလဟာ မိသားစုအတွက်လဲပူပင်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း -၇၊၈၊၉
အထူးဟော -ကြုံလာသမျှရဲရဲရင်ဆိုင်ဖြတ်သန်းပါ။
ယတြာ- မိမိနှင့်သက်တူရွယ်တူလောက်ရှိတဲ့ ရဟန်းတစ်ပါးအားဆပ်ပြာတစ်တုံးကပ်လှူလိုက်ပါ။

ကြာသပတေး

ကံအားနည်းနေချိန်ပါပဲ။ အဓိကတော့ငွေကြေးကြပ်တည်းမှုတွေကြုံရတော့ပါပဲ။ ပေးစရာရှိတဲ့ငွေကြေးတွေမပေးနိုင်သေးသလို ၊ရစရာရှိ တဲ့ငွေတွေလဲမပေးနိုင်သေးတဲ့ကာလတစ်ခုပါ။ လူငယ်တွေအနေနဲ့ ပညာရေးအထူးအားနည်းနေချိန်ပါပဲ။ စာချုပ်စာတန်းကိစ္စ ၊ငွေကြေး အပေးအယူကိစ္စအထူးသတိပြုရပါလိမ့်မယ်။ အချစ်ရေးအထူးညံ့ဖျင်းနေတဲ့အချိန်ပါ။ မျက်နှာများတဲ့ချစ်သူကြောင့် စိတ်ဆင်းရဲရ တတ် တယ်။ မင်္ဂလာကိစ္စ၊အလှူ ကိစ္စတွေ ရက်ရွေ့ရတတ်ပါတယ်။ ကျန်းမာရေးအားနည်းချိန်ပါပဲ။ ဗိုက်အောက်ဗိုက်နာဖြစ်လွယ်သလို ၊ဝမ်းပျက် တာမျိုးလဲဖြစ်တတ်ပါတယ်။ မိသားစုထဲမှာ တနင်္လာသားသမီးကလေးငယ်ရှိရင်အထူးဂရုစိုက်သင့်တဲ့အချိန်ပါ။

အကျိုးပေးဂဏန်း -၇၊ဝ၊၄
အထူးဟော -ကံအထူးညံနေပါတယ်။
ယတြာ -သင်္ဘောသီးမှည့်ကိုစိပ်ပြီး အိမ်နီးနားချင်းတွေကိုဝေပါ။

သောကြာ

လုပ်လက်စအလုပ်တွေအပြင် အလုပ်တိုးချဲ့ခြင်း၊အလုပ်သစ်စခြင်းတွေအထူးကောင်းပါတယ်။ အလုပ်ရှာနေသူများအလုပ်ရမဲ့အချိန်ပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေစီးပွားအထူးတိုးတတ်ပါလိမ့်မယ်။ ဝန်ထမ်းများ အလုပ်ရာထူးတိုးတတ်နိုင်သည်။ လူချစ်လူခင်အရမ်း များနေတတ်တဲ့ကာလပါ။ မိသားစုအတွင်း ကျန်းမာရေးညံ့သူများကောင်းလာနိုင်သလို ၊မိမိကိုယ်တိုင်ကျန်းမာရေးတရှောင်ရှောင် ဖြစ်နေ သူတွေလဲနလန်ပြန်ထူမဲ့အချိန်ပါ။ အထည်၊ထီး၊ဖိနပ် စသော စနေနံအလုပ်တွေအထူးအကျိုးပေးချိန်ပါ။ အချစ်ရေးဘက်မှာစိတ်ဝင်စားမှု အထူးအားနည်းနေပါလိမ့်မယ်။ ပညာရေးကိစ္စ၊သင်တန်းကိစ္စ စာမေးပွဲကိစ္စအထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း-၁၊ဝ၊၄
အထူးဟော -ကံမြင့်လာပါပြီ
ယတြာ -ထန်းလျက်ခဲ ၁၁ လုံးမွေးနေ့၌ဘုရားလှူပါ။

စနေ

စိတ်လေနေတတ်တယ်။ ဆုံးဖြတ်ရခက်တာမျိုးကြုံရလိမ့်မယ်။ မိဘတွေအတွက်ပူပန်စိတ်ညစ်ရတတ်တယ်။ လုပ်ငန်းစီးပွားဆုတ်ယုတ် တတ်တယ်။ အလုပ်ဒဏ်ပိနေတတ်တယ်။ လူမျိုးခြား ၊ဘာသာခြားတွေရဲ့ကူညီမစခြင်းခံရမယ်။ ခရီးကိစ္စ၊နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ရ တဲ့အလုပ်တွေ အကျိုးပေးနည်းချိန်ပါပဲ။ ကျန်းမာရေးအထူးကောင်းချိန်ပါပဲ။အချစ်ရးကိစ္စ ၊ စုတ်ကိစ္စတွေ ရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။ ပညာရေးကဏ္ဌ၊သင်ကြားရေးကဏ္ဌ ကတော့အထူးကောင်းပါတယ်။ ပုံမှန်အတိုင်းသာလုပ်ဆောင်သင့်တဲ့အချိန်ပါ။ ရှေ့တိုးဆောင်ရွက် စရာ ကိစ္စများတစ်ခုခုလုပ်တာနဲ့ပျက်ဖို့များပါတယ်။

အကျိုးပေးဂဏန်း -၆၊၃၊၄
အထူးဟော -အရာရာလွဲချော်နေမည်
ယတြာ -ခရေပန်း မွေးနေ့၌လှူဒါန်းပါ။

Credit – ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Related posts