2.2.2017 မွ 8.2.2017 အထိ တစ္ပတ္စာ (၇) ရက္သားသမီး ⁠ေဟာစာတမ္း

တနဂၤေႏြ

စိတ္ကူးေတြ ၊ဆံုးျဖတ္ခ်က္ေတြက လြဲမွားေနတတ္ပါတယ္။ ေရွးတိုးေဆာင္ရြက္စရာ ကိစၥေတြတိုင္း မိမိတစ္ေယာက္ထဲ အၾကံဉာဏ္နဲ ႔မလုပ္ဘဲ အျခားသူေတြနဲ႔ပါ တိုင္ပင္ပါ။ ေငြေၾကးနဲ႔ပက္သက္ၿပီးကုန္က်စရာေတြ မ်ားေနတတ္ပါတယ္။ ေငြအဝင္နည္းၿပီး အထြက္မ်ား  ေနတတ္တယ္။ ဘိုးေတာ္ေယာင္ ဆရာေယာင္မ်ားရဲ႕ လိမ္လည္ျခင္းမ်ိဳးလဲခံရႏိုင္ပါတယ္။ မယံုၾကည္ပါႏွင့္။အရမ္းရင္းႏွီးတဲ့မိတ္ေဆြေတြနဲ႔ ခြဲခြာရတတ္ပါတယ္။ အလုပ္ကိစၥနဲ႔ပက္သက္ၿပီး ေသာကေရာက္ရတတ္ပါတယ္။ ဖခင္နဲ႔အတိုက္အခံျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးမွာ ခ်စ္သူအေပၚစိတ္ကုန္ေနမိတတ္ပါတယ္။ ပညာေရးမွာ ႀကိဳးစားသေလာက္အရာမထင္ျဖစ္ရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ႀကီးႀကီး မားမားျဖစ္ဖို႔မရွိေသးပါဘူး။

အက်ိဳးေပးဂဏန္း ၀/၇/၈
အထူးေဟာ ကံအနည္းငယ္ညံ့ေနရတတ္ပါတယ္။
ယၾတာ ႏြားႏို႔ပူပူတစ္ခြက္ ဘုရားကပ္လႉပါ

တနလၤာ

အျဖစ္အပ်က္အတိုင္း ၊ကိစၥရပ္တိုင္း ေဝခြဲရခက္ေအာင္ ႏွစ္မ်ိဳးႏွစ္ခြၾကံဳေနရတတ္သည္။ မိမိကိုယ္တိုင္ေတြေဝဒြိဟျဖစ္ေနရတတ္သည္။ ေလာဘေနာက္မလိုက္ဘဲ မွန္ကန္သည္လမ္းကိုေရြးခ်ယ္ႏိုင္ဖို႔လိုသည္။ ခရီးေဝးသြားဖို႔ကိစၥမ်ားၾကံဳလာရႏိုင္သည္။ စပ္တူရွယ္ယာ လုပ္ျခင္းမ်ိဳးေရွာင္ပါ။ မိမိေလွ်ာက္မဲ့လမ္းတားဆီးမဲ့သူ ေႏွာက္ယွက္မဲ့သူေတြ ၾကံဳရလိမ့္မယ္။ ပညာရွာေနသူမ်ားမိမိလိုခ်င္ေသာ ပညာမ်ား ရပါလိမ့္မည္။ သားသမီးေၾကာင့္ စိတ္ခ်မ္းေျမ႕ေပ်ာ္ရႊင္ရလိမ့္မည္။ အခ်စ္ေရးကံေကာင္းေပမဲ့ ခ်စ္ရသူ မိမိတန္ဖိုးထားရသူေတြအတြက္ ေသာကေရာက္ရတတ္ပါတယ္။ က်န္းမာေရးေတာ့ ဂ႐ုစိုက္သင့္တဲ့ကာလပါ။ အစာမေၾကျခင္း ၊အစာအိမ္ေရာင္ျခင္း၊ ဗိုက္နာျခင္းမ်ိဳးျဖစ္ လြယ္တဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၃/၆/၉
အထူးေဟာ အၾကံအစည္ေတြ ပ်က္တတ္သည္။
ယၾတာ ဘဂဝါ ဂုဏ္ေတာ္ကို ၁၀၈လံုးပုတီးျဖင့္
တစ္ေန႔တစ္ပတ္ စိပ္ပါ။

အဂၤါ

စီးပြားေရးနယ္ပယ္ခ်ဲ႕ထြင္လုပ္ကိုင္ရတတ္ပါတယ္။ အလုပ္ပို၊ကိစၥပိုေတြေၾကာင့္ေတာ့ ပင္ပန္းရတတ္တာေပါ့ဗ်။ ဒါေပမဲ့ စီးပြားေရးကံ ကေတာ့အထူးေကာင္းေနတယ္။ မိမိသြားခ်င္တဲ့ခရီး မိမိရည္မွန္းထားေသာခရီးေတြလဲသြားရပါလိမ့္မယ္။ ေကာင္းေသာခရီး ေပ်ာ္စရာ ေကာင္းေသာခရီးျဖစ္မွာပါ။ မိတ္ေဆြေကာင္း သူငယ္ခ်င္းေကာင္းေတြရဲ႕ကူညီေထာက္ပံ့တာမ်ိဳးလဲ ၾကံဳရႏိုုင္ဖြယ္ရွိေနပါတယ္။ စက္ပစၥည္း အသစ္ေတြ ဝင္လာဖို႔ရွိေနပါတယ္။ အခ်စ္ေရးလဲစန္းပြင့္ေနတဲ့အခ်ိန္ပါ။ ခ်စ္ခြင့္ပန္တာမ်ိဳးၾကံဳရတတ္သလို ေရလာေျမာင္းေပး စကားေတြ လဲ ေျပာလာတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဂ႐ုစိုက္ပါ။ လူပင္ပန္းၿပီး ကိုယ္လက္မအီမသာျဖစ္ရတတ္ပါတယ္။ ပညာေရးကံက ေတာ့ အထူးေကာင္းေနပါလိမ့္မယ္။ စာေတြက်က္ရမွတ္ရလြယ္ေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း – ၀/၇/၆
အထူးေဟာ -စီးပြားေရးကံ အထူးေကာင္းေနမည္။
ယၾတာ ေပါင္မုန္႔တစ္လံုးဝယ္ၿပီး ငါးစာေကၽြးလိုက္ပါ။

ဗုဒၶဟူး

အလုပ္ကိစၥ၊ အိုးအိမ္ ေနရာထိုင္ခင္းကိစၥေတြနဲ႔ပက္သက္ၿပီး စိတ္ညစ္ရတတ္တယ္။ ဖခင္နဲ႔ အတိုက္အခံျဖစ္ၿပီး အိမ္မွာမေနခ်င္ျဖစ္ေန ရတတ္ပါတယ္။အလုပ္ထဲမွာ အထက္လူႀကီးနဲ႔ စကားအေျခအတင္မ်ားရတတ္ပါတယ္။ လုပ္ငန္းသစ္စမဲ့သူမ်ား ဒီအပတ္အတြင္းမစပါနဲ ႔အံုး ။ လူမႈေရးကိစၥမ်ား အျခားကိစၥပိုမ်ားေၾကာင့္ အက်ိဳးမရွိဘဲအလုပ္မ်ား ဗ်ာမ်ားေနရတတ္တယ္။ ေရႊေငြလက္ဝတ္ရတနာမ်ား ထြက္တတ္
ေပ်ာက္တတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား အလုပ္ပါးေနတတ္ပါတယ္။ ဆိုင္လူအဝင္နည္းေနလိမ့္မယ္။ က်န္းမာေရးကေတာ့ အဆိုး ထဲကအေကာင္းလို႔ပဲေျပာရမွာပါ။ မတ္တပ္ဖ်ား မတ္တပ္နာေလာက္ပဲျဖစ္ပါလိမ့္မယ္။ အခ်စ္ေရးကံက ခ်စ္သူနဲ႔ အေနေဝးေနရတတ္ပါ တယ္။ ပညာေရးအေနနဲ႔ ဝီရိယကို ႏွစ္ဆတိုးမွအဆင္ေျပပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၂/၄/၆
အထူးေဟာ စိတ္ေလေနရတတ္သည္။
ယၾတာ ပန္းကန္တစ္ခ်ပ္ထဲ လက္ဖက္အသားကို ကိုးပံု ပံုၿပီးဘုရားကပ္လႉပါ

ၾကာသပေတး

ဒီကာလအတြင္း အထူးဂ႐ုစိုက္ေစခ်င္တာကက်န္းမာေရးပါ ။ က်န္းမာေရး ေရွာင္တခင္ညံ့သြားပါလိမ့္္မယ္။ ေရခ်ိဳးမွားတတ္ျခင္း ၊ တက္စာ မ်ားစားျခင္းမ်ိဳးကို အထူးေရွာင္ပါ။ အလုပ္တာဝန္ေတြ အရမ္းပိေနတတ္ပါတယ္။ ဒါေၾကာင့္လဲ ပင္ပန္းႏြမ္းနယ္ေနရတတ္ပါတယ္။ ေငြေၾကးေခ်းငွားတာမ်ိဳးမလုပ္ပါနဲ႔။ သူမ်ားလုပ္ငန္းထဲရွယ္ယာမထည့္ပါနဲ႔။ ေငြအရမ္းျမဳပ္ေစႏိုင္တဲ့ ကိစၥမ်ား ေရွာင္ရွားသင့္တဲ့အခ်ိန္ပါ။ ေဝးကြာေနတဲ့မိတ္ေဆြေတြနဲ႔ ျပန္လည္ဆံုစည္းရတတ္ပါတယ္။ သားသမီးေၾကာင့္ ပူပန္ေသာကေရာက္စရာမ်ားၾကံဳရပါလိမ့္မည္။
အခ်စ္ေရးကံၾကမၼာက အေကာင္းအဆိုးမွ်ေနပါတယ္။အထူးသျဖင့္ အေကာင္းဘက္ကို ပိုမ်ားပါတယ္။ ပညာေရးက ႀကိဳးစားဖို႔လိုအပ္ပါ တယ္။ က်က္ထားတာကတစ္ခု စာေမးပြဲမွာေမးတာက တစ္မ်ိဳးျဖစ္ေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၂/၇
အထူးေဟာ အနားယူဖို႔ လိုအပ္ပါသည္။
ယၾတာ ဘုရားတန္ေဆာင္းေတြမွာ တံျမက္စည္းလွည္းက်င္းပါ

ေသာၾကာ

စိတ္ကူးထား၊ ၾကံစည္ထားတာေတြ လက္ေတြ႕ျဖစ္လာပါေတာ့မည္။ ရည္မွန္းထားတာေတြျပည့္ေျမာက္ေအာင္ျမင္လိမ့္မည္။ ေကာင္းေသာခရီး အေပ်ာ္ခရီးမ်ား သြားရတတ္ပါ ။အဘက္ဘက္က အဆင္ေျပမႈေတြၾကံဳေတြ႕ရပါလိမ့္မယ္။ ေငြေၾကးလာဘ္လဘေတြ လဲေပါမ်ားေနပါလ်မ့္မယ္။ အလုပ္အဆင္ေျပျခင္း၊ ေနရာေကာင္းရျခင္းရာထူးတိုးတက္ျခင္းမ်ိဳးၾကံဳရလိမ့္မည္။ ႏိုင္ငံျခားကိစၥရပ္ေဝးကိစၥ မ်ားအဆင္ေျပမည္။ မိမိကို မလိုမုန္းထားသူမ်ား ခင္ခင္မင္မင္ျပန္ဆက္ဆံလာပါလိမ့္မည္။ ပညာေရးမွာ ႀကိဳးစားသေလာက္ထြန္းေပါက္ ပါလိမ့္မည္။ အခ်စ္ေရးမွာ ေဝးတသသ နီးတက်က္က်က္ဆိုတာမ်ိဳးျဖစ္ေနပါလိမ့္မည္။ ဘာသာျခား လူမ်ိဳးျခားေတြဆီမွ အကူအညီ အေထာက္အပ့ံေတြရလာပါလိမ့္မည္။

အက်ိဳးေပးဂဏန္း ၆/၃/၇
အထူးေဟာ ကံျမင့္ေနပါတယ္။
ယၾတာ သစ္သီး၆မ်ိဳးဘုရားကပ္ပါ။

စေန

အခ်စ္ေရးလြန္စြာမွ စန္းပြင့္ေနလိမ့္မည္။ အေနနီးတဲ့ သူနဲ႔ေတာင္ၿငိစြန္းလြယ္တဲ့ကာလပါ။ အိမ္ေထာင္သည္မ်ားလဲ သတိထားဖို႔ လိုပါ တယ္။ အိမ္ေထာင္ေရးေစာင့္စည္းဖို႔လိုပါတယ္။ ရည္စားရွိသူမ်ား ဆိတ္ကြယ္ရာမသြားပါနဲ႔။ အခ်စ္နယ္ကၽြံတာမ်ိဳးျဖစ္ရတတ္ပါတယ္။ ရပ္ေဝးမွ အလုပ္ေခၚျခင္း ၊အကူအညီေပးျခင္း ၊ ႏိုင္ငံျခားေရာက္ေနေသာ သားသမီးမွ ေငြပို႔ေပးျခင္းမ်ိဳးၾကံဳရပါလိမ့္မည္။ စက္ပစၥည္းမ်ား ဝင္လာပါလိမ့္မည္။ ေအာက္လက္ငယ္သားမ်ားရဲ႕ အကူအညီေတြ အမ်ားႀကီးရပါလိမ့္မည္။ ခရီးတိုမ်ား ခဏခဏထြက္ေနရပါလိမ့္မည္။ အတိတ္က မိမိေက်းဇူးျပဳခဲ့ဖူးသူတစ္ဦးရဲ႕ ျပန္လည္ေက်းဇူးျပဳျခင္းမ်ိဳးၾကံဳရပါမည္။ က်န္းမာေရးကေတာ့ ေခါင္းကိုက္ ၊ေခါင္းမူး ၊ေသြးတိုးျခင္း မ်ိဳးၾကံဳရပါလိမ့္မည္။ ပညာေရးကံအထူးေကာင္းေနခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း ၇/၀/၈
အထူးေဟာ စန္းပြင့္ေနမည္။
ယၾတာ ႏွင္းဆီ ၇ ပြင့္ ဘုရားလႉပါ

Credit – ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Unicode ျဖင့္ဖတ္ရန္

================

2.2.2017 မှ 8.2.2017 အထိ တစ်ပတ်စာ (၇) ရက်သားသမီး ⁠ဟောစာတမ်း

တနင်္ဂနွေ

စိတ်ကူးတွေ ၊ဆုံးဖြတ်ချက်တွေက လွဲမှားနေတတ်ပါတယ်။ ရှေးတိုးဆောင်ရွက်စရာ ကိစ္စတွေတိုင်း မိမိတစ်ယောက်ထဲ အကြံဉာဏ်နဲ့မလုပ်ဘဲ အခြားသူတွေနဲ့ပါ တိုင်ပင်ပါ။ ငွေကြေးနဲ့ပက်သက်ပြီးကုန်ကျစရာတွေ များနေတတ်ပါတယ်။ ငွေအဝင်နည်းပြီး အထွက်များ  နေတတ်တယ်။ ဘိုးတော်ယောင် ဆရာယောင်များရဲ့ လိမ်လည်ခြင်းမျိုးလဲခံရနိုင်ပါတယ်။ မယုံကြည်ပါနှင့်။အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ခွဲခွာရတတ်ပါတယ်။ အလုပ်ကိစ္စနဲ့ပက်သက်ပြီး သောကရောက်ရတတ်ပါတယ်။ ဖခင်နဲ့အတိုက်အခံဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူအပေါ်စိတ်ကုန်နေမိတတ်ပါတယ်။ ပညာရေးမှာ ကြိုးစားသလောက်အရာမထင်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကြီးကြီး မားမားဖြစ်ဖို့မရှိသေးပါဘူး။

အကျိုးပေးဂဏန်း ဝ/၇/၈
အထူးဟော ကံအနည်းငယ်ညံ့နေရတတ်ပါတယ်။
ယတြာ နွားနို့ပူပူတစ်ခွက် ဘုရားကပ်လှူပါ

တနင်္လာ

အဖြစ်အပျက်အတိုင်း ၊ကိစ္စရပ်တိုင်း ဝေခွဲရခက်အောင် နှစ်မျိုးနှစ်ခွကြုံနေရတတ်သည်။ မိမိကိုယ်တိုင်တွေဝေဒွိဟဖြစ်နေရတတ်သည်။ လောဘနောက်မလိုက်ဘဲ မှန်ကန်သည်လမ်းကိုရွေးချယ်နိုင်ဖို့လိုသည်။ ခရီးဝေးသွားဖို့ကိစ္စများကြုံလာရနိုင်သည်။ စပ်တူရှယ်ယာ လုပ်ခြင်းမျိုးရှောင်ပါ။ မိမိလျှောက်မဲ့လမ်းတားဆီးမဲ့သူ နှောက်ယှက်မဲ့သူတွေ ကြုံရလိမ့်မယ်။ ပညာရှာနေသူများမိမိလိုချင်သော ပညာများ ရပါလိမ့်မည်။ သားသမီးကြောင့် စိတ်ချမ်းမြေ့ပျော်ရွှင်ရလိမ့်မည်။ အချစ်ရေးကံကောင်းပေမဲ့ ချစ်ရသူ မိမိတန်ဖိုးထားရသူတွေအတွက် သောကရောက်ရတတ်ပါတယ်။ ကျန်းမာရေးတော့ ဂရုစိုက်သင့်တဲ့ကာလပါ။ အစာမကြေခြင်း ၊အစာအိမ်ရောင်ခြင်း၊ ဗိုက်နာခြင်းမျိုးဖြစ် လွယ်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော အကြံအစည်တွေ ပျက်တတ်သည်။
ယတြာ ဘဂဝါ ဂုဏ်တော်ကို ၁၀၈လုံးပုတီးဖြင့်
တစ်နေ့တစ်ပတ် စိပ်ပါ။

အင်္ဂါ

စီးပွားရေးနယ်ပယ်ချဲ့ထွင်လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်ပို၊ကိစ္စပိုတွေကြောင့်တော့ ပင်ပန်းရတတ်တာပေါ့ဗျ။ ဒါပေမဲ့ စီးပွားရေးကံ ကတော့အထူးကောင်းနေတယ်။ မိမိသွားချင်တဲ့ခရီး မိမိရည်မှန်းထားသောခရီးတွေလဲသွားရပါလိမ့်မယ်။ ကောင်းသောခရီး ပျော်စရာ ကောင်းသောခရီးဖြစ်မှာပါ။ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေရဲ့ကူညီထောက်ပံ့တာမျိုးလဲ ကြုံရနိုင်ဖွယ်ရှိနေပါတယ်။ စက်ပစ္စည်း အသစ်တွေ ဝင်လာဖို့ရှိနေပါတယ်။ အချစ်ရေးလဲစန်းပွင့်နေတဲ့အချိန်ပါ။ ချစ်ခွင့်ပန်တာမျိုးကြုံရတတ်သလို ရေလာမြောင်းပေး စကားတွေ လဲ ပြောလာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဂရုစိုက်ပါ။ လူပင်ပန်းပြီး ကိုယ်လက်မအီမသာဖြစ်ရတတ်ပါတယ်။ ပညာရေးကံက တော့ အထူးကောင်းနေပါလိမ့်မယ်။ စာတွေကျက်ရမှတ်ရလွယ်နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း – ဝ/၇/၆
အထူးဟော -စီးပွားရေးကံ အထူးကောင်းနေမည်။
ယတြာ ပေါင်မုန့်တစ်လုံးဝယ်ပြီး ငါးစာကျွေးလိုက်ပါ။

ဗုဒ္ဓဟူး

အလုပ်ကိစ္စ၊ အိုးအိမ် နေရာထိုင်ခင်းကိစ္စတွေနဲ့ပက်သက်ပြီး စိတ်ညစ်ရတတ်တယ်။ ဖခင်နဲ့ အတိုက်အခံဖြစ်ပြီး အိမ်မှာမနေချင်ဖြစ်နေ ရတတ်ပါတယ်။အလုပ်ထဲမှာ အထက်လူကြီးနဲ့ စကားအခြေအတင်များရတတ်ပါတယ်။ လုပ်ငန်းသစ်စမဲ့သူများ ဒီအပတ်အတွင်းမစပါနဲ့အုံး ။ လူမှုရေးကိစ္စများ အခြားကိစ္စပိုများကြောင့် အကျိုးမရှိဘဲအလုပ်များ ဗျာများနေရတတ်တယ်။ ရွှေငွေလက်ဝတ်ရတနာများ ထွက်တတ်
ပျောက်တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်ပါးနေတတ်ပါတယ်။ ဆိုင်လူအဝင်နည်းနေလိမ့်မယ်။ ကျန်းမာရေးကတော့ အဆိုး ထဲကအကောင်းလို့ပဲပြောရမှာပါ။ မတ်တပ်ဖျား မတ်တပ်နာလောက်ပဲဖြစ်ပါလိမ့်မယ်။ အချစ်ရေးကံက ချစ်သူနဲ့ အနေဝေးနေရတတ်ပါ တယ်။ ပညာရေးအနေနဲ့ ဝီရိယကို နှစ်ဆတိုးမှအဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၂/၄/၆
အထူးဟော စိတ်လေနေရတတ်သည်။
ယတြာ ပန်းကန်တစ်ချပ်ထဲ လက်ဖက်အသားကို ကိုးပုံ ပုံပြီးဘုရားကပ်လှူပါ

ကြာသပတေး

ဒီကာလအတွင်း အထူးဂရုစိုက်စေချင်တာကကျန်းမာရေးပါ ။ ကျန်းမာရေး ရှောင်တခင်ညံ့သွားပါလိမ့်မယ်။ ရေချိုးမှားတတ်ခြင်း ၊ တက်စာ များစားခြင်းမျိုးကို အထူးရှောင်ပါ။ အလုပ်တာဝန်တွေ အရမ်းပိနေတတ်ပါတယ်။ ဒါကြောင့်လဲ ပင်ပန်းနွမ်းနယ်နေရတတ်ပါတယ်။ ငွေကြေးချေးငှားတာမျိုးမလုပ်ပါနဲ့။ သူများလုပ်ငန်းထဲရှယ်ယာမထည့်ပါနဲ့။ ငွေအရမ်းမြုပ်စေနိုင်တဲ့ ကိစ္စများ ရှောင်ရှားသင့်တဲ့အချိန်ပါ။ ဝေးကွာနေတဲ့မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံစည်းရတတ်ပါတယ်။ သားသမီးကြောင့် ပူပန်သောကရောက်စရာများကြုံရပါလိမ့်မည်။
အချစ်ရေးကံကြမ္မာက အကောင်းအဆိုးမျှနေပါတယ်။အထူးသဖြင့် အကောင်းဘက်ကို ပိုများပါတယ်။ ပညာရေးက ကြိုးစားဖို့လိုအပ်ပါ တယ်။ ကျက်ထားတာကတစ်ခု စာမေးပွဲမှာမေးတာက တစ်မျိုးဖြစ်နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၂/၇
အထူးဟော အနားယူဖို့ လိုအပ်ပါသည်။
ယတြာ ဘုရားတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းကျင်းပါ

သောကြာ

စိတ်ကူးထား၊ ကြံစည်ထားတာတွေ လက်တွေ့ဖြစ်လာပါတော့မည်။ ရည်မှန်းထားတာတွေပြည့်မြောက်အောင်မြင်လိမ့်မည်။ ကောင်းသောခရီး အပျော်ခရီးများ သွားရတတ်ပါ ။အဘက်ဘက်က အဆင်ပြေမှုတွေကြုံတွေ့ရပါလိမ့်မယ်။ ငွေကြေးလာဘ်လဘတွေ လဲပေါများနေပါလျမ့်မယ်။ အလုပ်အဆင်ပြေခြင်း၊ နေရာကောင်းရခြင်းရာထူးတိုးတက်ခြင်းမျိုးကြုံရလိမ့်မည်။ နိုင်ငံခြားကိစ္စရပ်ဝေးကိစ္စ များအဆင်ပြေမည်။ မိမိကို မလိုမုန်းထားသူများ ခင်ခင်မင်မင်ပြန်ဆက်ဆံလာပါလိမ့်မည်။ ပညာရေးမှာ ကြိုးစားသလောက်ထွန်းပေါက် ပါလိမ့်မည်။ အချစ်ရေးမှာ ဝေးတသသ နီးတကျက်ကျက်ဆိုတာမျိုးဖြစ်နေပါလိမ့်မည်။ ဘာသာခြား လူမျိုးခြားတွေဆီမှ အကူအညီ အထောက်အပံ့တွေရလာပါလိမ့်မည်။

အကျိုးပေးဂဏန်း ၆/၃/၇
အထူးဟော ကံမြင့်နေပါတယ်။
ယတြာ သစ်သီး၆မျိုးဘုရားကပ်ပါ။

စနေ

အချစ်ရေးလွန်စွာမှ စန်းပွင့်နေလိမ့်မည်။ အနေနီးတဲ့ သူနဲ့တောင်ငြိစွန်းလွယ်တဲ့ကာလပါ။ အိမ်ထောင်သည်များလဲ သတိထားဖို့ လိုပါ တယ်။ အိမ်ထောင်ရေးစောင့်စည်းဖို့လိုပါတယ်။ ရည်စားရှိသူများ ဆိတ်ကွယ်ရာမသွားပါနဲ့။ အချစ်နယ်ကျွံတာမျိုးဖြစ်ရတတ်ပါတယ်။ ရပ်ဝေးမှ အလုပ်ခေါ်ခြင်း ၊အကူအညီပေးခြင်း ၊ နိုင်ငံခြားရောက်နေသော သားသမီးမှ ငွေပို့ပေးခြင်းမျိုးကြုံရပါလိမ့်မည်။ စက်ပစ္စည်းများ ဝင်လာပါလိမ့်မည်။ အောက်လက်ငယ်သားများရဲ့ အကူအညီတွေ အများကြီးရပါလိမ့်မည်။ ခရီးတိုများ ခဏခဏထွက်နေရပါလိမ့်မည်။ အတိတ်က မိမိကျေးဇူးပြုခဲ့ဖူးသူတစ်ဦးရဲ့ ပြန်လည်ကျေးဇူးပြုခြင်းမျိုးကြုံရပါမည်။ ကျန်းမာရေးကတော့ ခေါင်းကိုက် ၊ခေါင်းမူး ၊သွေးတိုးခြင်း မျိုးကြုံရပါလိမ့်မည်။ ပညာရေးကံအထူးကောင်းနေချိန်ပါပဲ။

အကျိုးပေးဂဏန်း ၇/ဝ/၈
အထူးဟော စန်းပွင့်နေမည်။
ယတြာ နှင်းဆီ ၇ ပွင့် ဘုရားလှူပါ

Credit – ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Related posts