ဇနီးဟောင်းကို နှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်တဲ့ ဂျွန်နီဒပ်

ပင်လယ်ဓားပြ ဂျက်စပဲရိုးဇာတ်ရုပ်နဲ့ လူသိများထင်ရှားတဲ့ ဂျွန်နီဒပ် တစ်ယောက် ဇနီးဟောင်းကို နှိပ်စက်ခဲ့တဲ့ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ The Sun သတင်းစာမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဇနီးဟောင်းကို နှိပ်စက်တယ်လို့ ရေးသားဖော်ပြတဲ့ The Sun သတင်းစာ ထုတ်ဝေသူနဲ့ အက်ဒီတာချုပ် ဒန်းဝူဒန်ကို ဂျွန်နီဒပ်က အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာပါ။ ဒီကိစ္စနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ သရုပ်ဆောင် ဂျွန်နီဒပ်နဲ့ ဇနီးဟောင်း သရုပ်ဆောင် အမ်ဘာဟာ့ဒ်တို့ လန်ဒန်မြို့မှာရှိတဲ့ တရားရုံးကို လာရောက်ခဲ့ကြပါတယ်။
တရားခွင်မှာတော့ အမ်ဘာက သူတို့နှစ်ယောက် တွဲနေစဉ်ကာလမှာ ဂျွန်နီဒပ်က သူ့အပေါ် ရုပ်ပိုင်းနှိပ်စက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ဂျွန်နီဒပ်ကတော့ အဲဒီစွပ်စွဲချက်တွေဟာ အလိမ်အညာ သက်သက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သရုပ်ဆောင် ဂျွန်နီဒပ်နဲ့ အမ်ဘာတို့ဟာ ၂၀၁၅ ဖေဖော်ဝါရီလက လက်ထပ်ခဲ့ပေမယ့် ၁၅ လအကြာမှာတော့ အမ်ဘာက တရားဝင် ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။
By AsunaSein
Source: BBC

Related posts