ယခုနှစ် 2020 MTV music awards ဆုပေးပွဲအခမ်းအနားကိုတော့ နယူးယောက်စီးတီးမှာရှိတဲ့ ဘာကလေစင်တာမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ၎င်းဆုပေးပွဲကိုတော့ ဩဂုတ်လ ၃၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။
ဒီဆုပေးပွဲဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်အပြီး ပထမဆုံးကျင်းပပြုလုပ်တဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်တယ်လို့ နယူယောက်အုပ်ချုပ်ရေးမှူး အန်ဒရူးကူအိုမိုက ပြောကြားခဲ့ပါတယ်။ ပွဲကျင်းပရေး ဆောင်ရွက်မှု အဆင့်ဆင့်မှာလည်း လူတိုင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက သတင်းစာရှင်းလင်းပွဲ တစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့်နှစ်က ဆုပေးပွဲမှာတော့ အဆိုတော် တေလာဆွစ်ဖ် က ဆုသုံးဆုရရှိခဲ့ပြီး You Need To Calm Down Music Video နဲ့ တစ်နှစ်တာအကောင်းဆုံးဆုရရှိခဲ့ပါတယ်။
ဒီနှစ်မှာ ဘယ်အနုပညာရှင် အဆိုတော်တွေက ဆုတွေကို သိမ်းပိုက်မလဲဆိုတာတော့ ရင်ခုန်စရာပါ။
By AsunaSein
Source: DailyMail
2020 MTV music awards ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၃၀ ရက်တွင် ကျင်းပပြုလုပ်မှာဖြစ်
