Google မှာ ရှာဖွေမှုအများဆုံးခံရတဲ့ Kpop Idol ဖြစ်လာတဲ့ Jung kook

BTS အဖွဲ့ဝင် Jung Kook ကတော့ ၂၀၂၀ ခုနှစ် နှစ်ဝက်မှာပဲ Google မှာ ရှာဖွေမှုအများဆုံးခံရတဲ့ Kpop Idol စာရင်းမှာ ထိပ်ဆုံးကနေ ဖြစ်လာပါတယ်။ ဒါကို ကြည့်တာနဲ့ သူ့ကို ချစ်တဲ့ ဖန်တွေ တစ်နေ့တစ်ခြားတိုးပွားတာကို သိနိုင်ပါတယ်။

Jungkook ဟာ YouTube မှာလည်း ရှာဖွေမှုအများဆုံး K-pop Idol တစ်ဦးဖြစ်ခဲ့ပြီး၊ TikTok မှာပါ 10 billion views ကိုရရှိခဲ့ပါတယ်။ ‘still with you’, ‘still with you jungkook’, ‘still with you lyrics’ စတဲ့စာသားတွေကတော့ Google search တော်တော်များများမှာနေရာယူထားတာပါ။

ပရိသတ်တွေချစ်ပြီးရင်းချစ်အောင်ပြုမူတတ်တဲ့ Jung Kook ရဲ့ Google မှာ ရှာဖွေမှု အများဆုံးခံရတဲ့ အကြောင်းကိုတော့ မီဒီယာတော်တော်များများမှာ ဖော်ပြထားတာကို တွေ့မြင်ရမှာပါ။

By AsunaSein

Related posts