အရာအားလုံးကို ပေါ့ပေါ့ပါးပါးနဲ့ဖော်ပြတတ်တဲ့ မင်းသားတစ်ယောက် ဖြစ်ချင်တယ်ဆိုတဲ့ ဆောင်ဂျွန်ကီ

မင်းသား ဆောင်ဂျွန်ကီဟာ ၂၀၁၉ ခုနှစ် Arthdal Chronicles ရဲ့ Season-1 ပရိုမိုးရှင်းပွဲပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေလောက်က Dating လုပ်နေတယ်ဆိုတဲ့ သတင်းမှားတွေ ထွက်ပေါ်လာခဲ့လို့ သူ့ရဲ့ အေဂျင်စီက ဖြေရှင်းခဲ့ရပါသေးတယ်။
အခုလို ကပ်ရောဂါကြောင့် ဆောင်ဂျွန်ကီဟာ အနုပညာအလုပ်တွေကို ရပ်ဆိုင်းထားတာပါ။ လက်ရှိမှာ သူ့ရဲ့ အားလပ်ချိန်နဲ့ပတ်သတ်ပြီး “ကျွန်တော် အခုအချိန်မှာ သာမန်နေ့စဉ်ဘဝလေးကို ပထမဆုံးအကြိမ်ဖြတ်သန်းနေပါတယ်။ စာအုပ်တွေဖတ်တယ်။ ဇာတ်ကားတွေကြည့်တယ်။ ပြီးတော့ ပန်းကန်အပုံလိုက်ကြီးကိုလည်း ဆေးကြောပါတယ်။ အဲ့လို နေ့စဉ်လှုပ်ရှားမှုတွေက အတူတူပဲဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
အရာအားလုံးကို ပေါ့ပေါ့ပါးပါးနဲ့ဖော်ပြတတ်တဲ့ မင်းသားတစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားနေပြီးတော့ အလုပ်နဲ့ဘဝညီမျှဖို့ နည်းလမ်းကိုလည်း ရှာဖွေနေပါတယ်လို့ သိရပါတယ်။
By AsunaSein
Source: Allkpop

Related posts