ဆင်းရဲတဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံပြီး ဘဝကိုအရှုံးမပေးပဲ အောင်မြင်လာခဲ့ကြတဲ့ အနုပညာရှင် ၉ ယောက်

နိုင်ငံတကာမှာ အောင်မြင်ရေပန်းစားနေတဲ့ ကိုရီးယားသရုပ်ဆောင်များစွာ ရှိပါတယ်။ အနုပညာရှင်အချို့ကတော့ ပင်ကိုယ်ချမ်းသာမှုနဲ့ တစ်ခဏချင်း အောင်မြင်လာကြပေမဲ့ အချို့အနုပညာရှင်တွေကတော့ နောက်ကွယ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ကျော်ဖြတ်ပြီးတော့မှ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ကြတာပါ။ ဒါ့ကြောင့် လောကဒဏ်ကို ကြံ့ကြံ့ခံပြီး ဘဝကိုအရှုံးမပေးပဲ အောင်မြင်လာခဲ့ကြတဲ့ အနုပညာရှင် ၉ ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Seo In Guk

Seo In Guk ဟာ ခုချိန်မှာတော့ အောင်မြင်တဲ့ korean star တစ်ဦးဖြစ်နေပေမယ့်လည်း သူ့ရဲ့ငယ်ဘဝကတော့ ကြမ်းတမ်းခဲ့ပါတယ်။ မိသားစုကထမင်းစားရဖို့အတွက် ‌ Seo In Guk အမေက စက္ကူပုံးအခွံတွေ လိုက်စုပြီးတော့တောင် မိသားစုရဲ့စားဝတ်နေရေးကိုဖြေရှင်းဖို့ ကြိုးစားခဲ့ရပါတယ်။ အခုချိန်မှာတော့ Seo In Guk ဟာ နိုင်ငံတကာမှာပါ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်နေပါပြီ။

Park Shin Hye

Park Shin Hye ကတော့ ငယ်စဉ်ကတည်းက ငွေကြေးအခက်အခဲများစွာနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ သူမ မင်းသမီးတစ်ယောက်ဖြစ်ဖို့အတွက် မိဘတွေက ရှိသမျှလေးတွေ အကုန်ရောင်းချပြီး ဆိုးလ်မြို့ကို ပို့ပေးခဲ့တာပါ။ ဒါပေမဲ့လည်း မိဘတွေအတွက်တော့ Park Shin Hye တစ်ယောက် သမီးလိမ္မာလေး ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လို့ နေပါပြီ။

Han So Hee

The world of the married ဇာတ်ကားကြည့်သူတိုင်း သူ့ကို မုန်းမိကြမှာပါ။ သရုပ်ဆောင်မှာ တော်လွန်းလှတဲ့ မင်းသမီး Han So Hee ဟာ အနုပညာလမ်းကြောင်းပေါ်ရောက်ဖို့ ဆိုးလ်မြို့ကို ရောက်ရှိလာချိန်မှာတော့ သူမလက်ထဲမှာ 300,000 KRW (243 USD) သာရှိခဲ့ပါတယ်။ ဒီလိုနဲ့ Han So Hee ဟာ Bar တစ်ခုမှာလည်းတစ်နှစ်ခန့်အလုပ်လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူမဟာ ပရိတ်သတ်တွေရဲ့ အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ မင်းသမီး ဖြစ်လို့ နေပါပြီ

IU

IU ရဲ့ ငယ်ဘဝဟာ မိဘတွေရဲ့ ငွေကြွေးတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒါကြောင့် အဖွားဖြစ်သူနဲ့အတူ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရတာပါ။ IU အဖွားရဲ့အိမ်မှာလည်း ပိုးဟပ်တွေအများကြီးရှိတာမို့လို့ ရောဂါဖြစ်မှာတောင်စိုးရိမ်ရတဲ့အထိပါပဲ။ ဒါ့ကြောင့် IU က ဒီလိုဘဝထဲက ရုန်းထွက်ပြီး မိသားစုကိုပြန်ကြည့်နိုင်ဖို့အတွက် auditions များစွာကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် သူမရဲ့အရည်အချင်းတွေကို ဘယ်သူမှ အသိအမှတ်မပြုခဲ့ပါဘူး။ ဒါပေမယ့် မလျော့တဲ့ ဇွဲ လုံ့လတွေကြောင့် အခုချိန်မှာတော့ IU ဟာ ထိပ်တန်း solo artist တစ်ယောက်အဖြစ်ကော ထိပ်တန်းသရုပ်ဆောင်အဖြစ်ပါ ရပ်တည်နေနိုင်ပါပြီ။

Park Bo Gum

Park Bo Gum ရဲ့ အဖေဟာ ငွေးချေးသူတစ်ယောက်ဆီကနေ ငွေတွေချေးယူခဲ့တာကြောင့် သူ့ရဲ့ ငယ်ဘဝဟာ အတော်လေးခက်ခဲခဲ့ပါတယ်။ သရုပ်ဆောင် စတင်ဖြစ်ခါစကနေ ၁ နှစ်နီးပါးထိ တိုးပွားလာတဲ့ ငွေကြေးအတိုးတွေကို ဆပ်နေခဲ့ရပါတယ်။ ဒါပေမဲ့ Park Bo Gum ရဲ့ ကြိုးစားမှုကနေ သူဟာ အခုချိန်မှာတော့ ပရိတ်သတ်အချစ်တွေကိုပိုင်ဆိုင်ထားတဲ့ Korean star တစ်ယောက်ဖြစ်နေပါပြီ။

Rain

Rain ကတော့ ခက်ခဲကြမ်းတမ်းပြီး ဆာလောင်မှုတွေပြည့်နေတဲ့ ငယ်ဘဝကိုပိုင်ဆိုင်ခဲ့သူပါ။ သူငယ်စဉ်တုန်းက သူတို့အိမ်မှာ စားစရာတစ်ခုမှမရှိလို့ ဘာမှမစားခဲ့ရတဲ့နေ့မျိုးတွေတောင်ရှိခဲ့ပါတယ်။ Rain ရဲ့အမေဟာလည်း ကျန်းမာရေးအခြေအနေ ဆိုးရွားကာ ဆေးကုသဖို့အတွက်ငွေကြေးမတတ်နိုင်လို့ ကောင်းကောင်းကုသမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် Rain ရဲ့အမေဟာ 2000 ခုနှစ်မှာပဲတိမ်းပါးသွားခဲ့ရ ပါတယ်။ ဒီအချက်တွေဟာပဲ Rain ကိုအနုပညာလမ်း‌ကြောင်းပေါ်မှာ အောင်မြင်တဲ့ကြယ်တစ်ပွင့် ဖြစ်လာစေဖို့အတွက်တွန်းအားသဖွယ်ဖြစ်ခဲ့ရပါတယ်။

Song Jae Rim

Song Jae Rim ဟာလည်း ငယ်ရွယ်စဉ်ကဆင်းဆင်းရဲရဲနဲ့အသက်မွေးခဲ့ရပေမယ့်လည်း မလျှော့သောဇွဲတွေနဲ့အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။

Hyeri

Hyeri ရဲ့အမေဟာဆိုရင် ဆယ်စုနှစ်တစ်ခုအထိ စက်ရုံအလုပ်သမားအဖြစ် အလုပ်လုပ်ခဲ့ရပြီး သူမရဲ့မိသားစုဟာလည်းငွေရေးကြေးရေးအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း သူမဟာ ခုလိုအောင်မြင်လာတဲ့အချိန်မှာတော့ လှူဒါန်းမှုတွေကိုစေတနာထက်သန်စွာပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။

Cha Seung Won

Cha Seung Won တော့လက်ထပ်ပြီးတဲ့အချိန်ထိကိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတုန်းပါပဲ။ Cha Seung Won နဲ့သူ့ဇနီးဟာ ငွေရေးကြေးရေး အဆင်မပြေမှုတွေကြောင့် မြေအောက်ခန်းလိုနေရာမျိုးမှာတောင် နေခဲ့ရပါသေးတယ်။ သူငယ်ရွယ်စဉ်တုန်းကလည်း ငွေကြေးအခက်အခဲတွေကြောင့်ပဲ မအောင်မြင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Cha Seung Won ဟာနာမည်ရနေတဲ့ Korean celebrity တစ်ယောက်ဖြစ်နေပါပြီ။

By AsunaSein
Source: Koreaboo

Related posts