T.O.P တစ်ယောက် Dating လုပ်နေတယ်ဆိုတဲ့ ကောလာဟာလ သတင်းများ ထွက်ပေါ်

လက်ရှိမှာ ထွက်ပေါ်နေတဲ့ ကောလာဟာလ သတင်းတွေအရတော့ BigBang အဖွဲ့ဝင် T.O.P နဲ့ Love Chater 2 ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Kim Ga Bin တို့နှစ်ဦး Dating လုပ်နေတယ်လို့ တရုတ်သတင်းမီဒီယာတွေကနေ တစ်ဆင့် သိရပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဓာတ်ပုံတစ်ပုံမှာ မင်းသမီး Kim Ga Bin ကို ဖက်ထားတာကို တွေ့ရမှာ ဖြစ်ပြီးတော့ Kim Ga Bin က အဆိုပါပုံကို သူမရဲ့ အင်စတာဂရမ်ပေါ်ကို တင်ခဲ့တာပါ။ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ပုံကို ဖျက်ချလိုက်တယ်လို့ သိရပါတယ်။

 

နောက်ထပ် သံသယ ပုံမှာတော့ Kim Ga Bin တစ်ယောက် ပင်လယ်ကမ်းခြေကို သွားရောက်ပြီးတော့ ဟိုတယ်ခန်းမှာ ရိုက်ထားတဲ့ ပုံပါ။ T.O.P ကလည်း ထိုနည်းတူ နေရာမှာ ရိုက်ပြီးတင်ထားပါတယ်။ ညအိပ်ဝတ်စုံ ဆင်တူ၊ ဖိနပ်ဆင်တူ၊ မီးအိမ် ဆင်တူတွေကလည်း Dating လုပ်နေကြောင်းကို ထင်ရှားစေပါတယ်။

 

 

နှစ်ဘက် အေဂျင်စီတွေ ဖြစ်ကြတဲ့ YG နဲ့ SM တို့ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အတည်မပြုနိုင်သေးကြောင်း နားလည်နိုင်မယ်လို့ မျှော်လင့်ကြောင်းသာ ပြောကြားခဲ့ပါတယ်။

By AsunaSein
Source: Soompi

Related posts