အင်းစိန်မြို့နယ်မှ COVID-19 လူနာ (၁) ဦးထပ်တိုး၊ ခရီးသွားရာဇဝင်နှင့် အတည်ပြုလူနာ ထိတွေ့မှု မရှိသူဖြစ်

ရန်ကုန်၊ မေ ၁
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နဲ့ ဆေးသုတေသန ဦးစီးဌာနတို့မှ ယမန်နေ့အတွက် ဓာတ်ခွဲနမူနာ (၂၃၇) ခုကို စစ်ဆေးခဲ့ရာမှာ ယနေ့မနက် (၇) နာရီထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိခဲ့ရပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ် (Case-151) က အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ခံယူနေတဲ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အတည်ပြုပြီးသား လူနာတွေနဲ့ ထိတွေ့မှု မရှိတဲ့အပြင် ခရီးသွားရာဇဝင်လည်း ရှိမထားဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ယနေ့မနက် (၇) နာရီအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁) ဦး တွေ့ရှိခဲ့ပြီ ဖြစ်ပြီး ၎င်းတို့အထဲမှ ပျောက်ကင်းသက်သာသူ (၂၈) ဦးနဲ့ သေဆုံးသူ (၆) ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
Source: MOHS

Related posts