စစ်ကိုင်းနှင့် ကမာရွတ်တို့မှ COVID-19 လူနာ (၁) ဦးစီတိုး၊ စုစုပေါင်း (၁၄၆) ဦးဖြစ်လာ

ရန်ကုန်၊ ဧပြီ ၂၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့မနက် (၇) နာရီ ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ လူနာသစ် (၂) ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၆) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။
အသစ်တွေ့ရှိရတဲ့ အတည်ပြုလူနာများမှာ ပြည်ပသို့ ခရီးသွားရာဇဝင်ရှိထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှ အသက် (၄၆) နှစ်အရွယ် အမျိုးသားတစ်ဦး (Case-145) နဲ့ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှ အသက် (၃၂) နှစ်အရွယ် အမျိုးသားတစ်ဦး (Case-146) တို့ပဲ ဖြစ်ပါတယ်။ (Case-146) က (Case-139) ရဲ့ ဆက်စပ်ထိတွေ့လူနာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
အဆိုပါဓာတ်ခွဲအဖြေများကို ယမန်နေ့ညမှ ယနေ့မနက် အစောပိုင်းအထိ NHL နဲ့ DMR တို့မှ ဓာတ်ခွဲနမူနာပေါင်း (၄၂၆) ခုကို စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကျန်ဓာတ်ခွဲအဖြေ (၄၂၄) ခုမှာတော့ COVID-19 တွေ့ရှိရခြင်း မရှိပါဘူး။
Source: MOHS

Related posts