COVID-19 ရောဂါပိုး အတည်ပြုလူနာ (၁၀၇) ဦးအထိ ရှိလာ

ရန်ကုန်၊ ဧပြီ ၁၉
အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယမန်နေ့ညက တတိယအသုတ်အဖြစ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ (၈၇) ခုအနက် (၉) ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း ယနေ့ မနက် (၇) နာရီက ထုတ်ပြန်ခဲ့တဲ့အတွက် ယနေ့အချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၇ ဦး ရှိပြီ ဖြစ်ပါတယ်။
ထပ်တိုးလူနာ (၉) ဦးက ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်မှာ နေထိုင်သူ (၂) ဦး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ နေထိုင်သူ (၂) ဦးနဲ့ တောင်ဥက္ကလာပ၊ လမ်းမတော်၊ ကမာရွတ်၊ အင်းစိန်၊ ဗိုလ်တထောင်မြို့နယ်တို့မှာ နေထိုင်သူ (၁) ဦးစီပဲ ဖြစ်ကြပါတယ်။ အသစ်တွေ့ရှိလူနာများကို တောင်ဥက္ကလာပအထူးကု ဆေးရုံကြီးမှာ ထားရှိတာကိုလည်း တွေ့ရပါတယ်။
အောက်ဖော်ပြပါ ဇယားကွက်များမှာတော့ COVID-19 အတွက် ယမန်နေ့တစ်နေ့လုံးစာ စစ်ဆေးခဲ့တဲ့ ပထမအသုတ် (၂) ဦး၊ ဒုတိယအသုတ် (၂) ဦးနဲ့ တတိယအသုတ် (၉) ဦးတို့ကို ပေါင်းစပ် ဖော်ပြထားတာကို တွေ့ရပါတယ်။

Pissaya_News
Source: MOHS

Related posts