ရှားစောင်းလက်ပပ်ရဲ့ အလှအပအတွက် အသုံးဝင်ပုံ

နေလောင်တာကို သက်သာစေနိုင်ပါတယ်။

ရှားစောင်းလက်ပပ်အနှစ်ကို ရေနဲ့ရောပြီး ရေခဲသေတ္တာထဲမှာ အခဲခံထားပါ။ ပြီးရင်တော့ နေလောင်တဲ့နေရာလေးမှာ သုတ်လိမ်းပေးလိုက်ပါတယ်။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးမယ်ဆို အမဲစက်တွေကို သက်သာပြီး ချောမွေ့လှပလာမှာ ဖြစ်ပါတယ်။

ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ဝက်ခြံသက်သာဖို့အတွက် ရှားစောင်းလက်ပပ်အနှစ်ကို ၀က်ခြံရှိတဲ့နေရမှာ အုံပေးထားပါ။ မိနစ်အနည်းငယ်ထားပြီး မျက်နှာကို ရေနဲ့ဆေးပေးလိုက်ရင် ၀က်ခြံတွေ သိသိသာသာ သက်သာသွားမှာ ဖြစ်ပါတယ်။

ခြေဖ၀ါးကွဲတာကို သက်သာစေနိုင်ပါတယ်။

ခြေဖ၀ါးကို ရှားစောင်းလက်ပပ်နဲ့ သံပုရာရေရောပြီး မိနစ် (၃၀) လောက်ထားပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ဆေးပေးပါ။ ဒီနည်းလေးကိုတော့ တပတ်ကို ၂ခါလောက်ပြုလုပ်ပေးသင့်ပါတယ်နော်။

ဆံသားကို ကောင်းမွန်စေနိုင်ပါတယ်။

ဆံသားကောင်းမွန်ဖို့အတွက် ခေါင်းမလျှော်ခင်မှာ ရှားစောင်းလက်ပပ်အနှစ်နဲ့ ပေါင်းတင်ပေးရမှာပါ။ မိနစ်(၂၀)လောက်ထားပြီး ခေါင်းလျှော်ပေးလိုက်ရင်တော့ ဆံသားလေးတွေကို ကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။

ဒါကတော့ ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ အိမ်မှာ အလွယ်တကူပြုလုပ်လို့ရမယ့် ရှားစောင်းလက်ပပ်ရဲ့ အလှအပ အသုံးဝင်ပုံတွေကို တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

By T.T.T

Related posts