COVID-19 ရောဂါပိုး အတည်ပြုလူနာ (၁၁) ဦးထပ်မံတိုးလာ၊ စုစုပေါင်း (၈၅) ဦးရှိပြီ

ရန်ကုန်၊ ဧပြီ ၁၆
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဧပြီ ၁၅ ရက်နေ့အတွက် စောင့်ကြည့်လူနာစုစုပေါင်း (၄၀၀) ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ဓာတ်ခွဲနမူနာ (၁၁) ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန် ဓာတ်ခွဲနမူနာပေါင်း (၃၈၉) ဦးမှာတော့ ရောဂါပိုး မတွေ့ရှိရဘူးလို့ သိရပါတယ်။
ထပ်တိုးလူနားများမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၉) ဦး၊ ချင်းပြည်နယ်မှ (၁) ဦးနဲ့ မန္တလေးတိုင်းဒေသကြီးမှ (၁) ဦးတို့ပဲ ဖြစ်ပြီး စုစုပေါင်း (၁၁) ဦးဖြစ်ပါတယ်။ ၎င်းတို့ထဲမှာ တူရကီနိုင်ငံပြန်နဲ့ စင်ကာပူနိုင်ငံပြန် လူနာ (၂) ဦးပါဝင်နေပြီး ကျန်လူနာ (၉) ဦးမှာ ပြည်တွင်းကူးစက်လူနာများ ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၃ ရက်မှ ယနေ့မနက် (၁၀) နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီဖြစ်ပြီး (၂) ဦးမှာ သက်သာကောင်းမွန်လာသဖြင့် Qurarantine (၁၄) ရက်စောင့်ကြည်ခံနေပြီဖြစ်သလို ရောဂါအခံရှိသူ (၄) ဦးမှာလည်း သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ကျန် အတည်ပြုလူနာအားလုံးတို့မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတယ်လို့ သိရပါတယ်။
Pissaya_News

Source: MOHS

Related posts