အလှအပအတွက် အသုံးဝင်တဲ့ ရှားစောင်းလက်ပက်

အိမ်မှာ အလွယ်တကူစိုက်ပျိုးရနိုင်ပြီး လွယ်လွယ်ကူကူရရှိနိုင်တဲ့ ရှားစောင်းလက်ပက်ဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရရှိနိုင်သလို အလှအပအတွက်လည်း များစွာမှ အသုံးဝင်လှပါတယ်။

ရှားစောင်းလက်ပက်ရဲ့ အလှအပအတွက် အသုံးဝင်ပုံကို Pissaya News ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

ရှားစောင်းလက်ပက်ကို မျက်နှာပေါင်းတင်တဲ့နေရာမှာ သုံးလို့ရပါတယ်။

ရှားစောင်းလက်ပက်ကနေရရှိလာတဲ့ အစေးတွေကို ယူပြီး မျက်နှာကို တစ်ခါလောက်ပေါင်းတင်ပေးမယ်ဆိုရင် အသားအရေ ချောမောစေနိုင်ပြီး အစိုဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

နေလောင်ဒဏ်ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ယခုလို ပူပြင်းလှတဲ့ နွေရာသီမှာ အသားအရေ နေလှောင်ပြီး အမဲစက်တွေ ဖြစ်ပေါ်လာတဲ့ အခါမှာရှားစောင်းလက်ပက်ကို သုံးပေးသင့်ပါတယ်။ ရှားစောင်းလက်ပက်ကို ခန္ဓာကိုယ်ပေါ်က အမဲစက်တွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဒါကတော့ အလှအပအတွက်ရှားစောင်းလက်ပက်ရဲ့ အသုံးဝင်ပုံတွေကို တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Related posts