20.2.2020 မွ 26.2.2020 အထိ ၇ရက္သားသမီးမ်ား တစ္ပတ္စာေဟာစာတမ္း

တနင်္ဂနွေ

စီးပွားရေးတွင် ဆရာကောင်းတို့၏ ကူညီမှုကို အပြည့်အဝရရှိမည်။ ခြံ၊ မြေများနှင့်ပတ်သက်ပြီး အကျိုးအမြတ်ရမည်။. လခစားဝန်ထမ်းလျှောက်ထားသူများ အခွင့်ကောင်းများရလာမည်။ နေရာကောင်း၊ အလုပ်ကောင်းများ ရရှိမည်။ လုပ်ငန်း နှစ်မျိုးကို ပြိုင်တူလုပ်ဖြစ်မည်။ စကားအပြောအဆိုများ မှားယွင်မည်။ စိတ်လောကြီးစွာ စာချုပ်ချုပ်ဆိုမိ၊ လက်မှတ်ထိုး မိသဖြင့် ပြဿနာဖြစ်မည်။ အချစ်ရေးတွင် အချစ်ဟောင်းများ ကြွေလွင့် ပျောက်ကွယ်ချိန် အချစ်သစ်များ သည် ဖူးသစ်နုကာ ထွက်ပေါ်လာမည်။ အချစ်သစ်နဲ့မိုးမမြင်၊ လေမမြင်ချစ်နေမိတတ်သည်။ ကျန်းမာရေးတွင် တွင်းအောင်း သားများစားမိ တာကြောင့် ကိုယ်ခန္ဓာပေါ်မှ အဖုအပိန့်များ ထွက်ပေါ်လာနိုင်ပါသည်။ ကျောက်ကပ် သို့မဟုတ် မီးယပ်နှင့်ဓမ္မတာ သွေးမပေါ်မှု ကြောင့် ဖြစ်သော ကိုက်ခဲဝေဒနာများ ခံစားရမည်။ အပူအအေးမမျှတမှုကြောင့် ဝေဒနာအချို့ ဖြစ်ပေါ်လာတတ် သည်။ အိမ်ထောင်ရေးတွင် အလုပ်ကိုယ်စီရှုပ်နေသဖြင့် မိသားစုကိစ္စများ လစ်ဟင်းနေမည်။ သားသမီးများအတွက် ကုန်ကျမှုများ နေမည်။ ပညာရေးတွင် သင်တန်းအတွက်ငွေသွင်းထားလျှင် ဆုံးရှုံးလိမ့်မည်။ သင်တန်းချိန် မှာကိစ္စတစ်ခုပေါ်လာမှုကြောင့် လွဲချော်ရတတ်ပါတယ်။ ကျောင်းသားလူငယ်များဆရာကောင်းများ၏ စောင့်ရှောက်မှုကြောင့် အားနည်းတဲ့ဘာသာရပ်တွေ တိုးတတ်လာမည်။

အကျိုးပေးဂဏန်း ၅/၆/၈
အထူးဟော မိတ်ဆွေတွေရဲ့ အခက်အခဲတွေကို လိုက်ကူညီနေရမည်။
ယတြာ သင်္ဘောသီး ၆စိပ်ဘုရားကပ်လှူဆုတောင်းပါ။

တနင်္လာ

ဒီကာလအတွင်း စီးပွားရေးတွင် တစ်မိနစ်မျှ အနားမရအောင် အလုပ်များနေမည်။ အိမ်အလုပ်ရော၊ အပြင်အလုပ်ပါ ပြိုင်တူငွေဝင်မည်။ အများမက်မော၊ ဂုဏ်ယူဖွယ်ကောင်းသော အလုပ်များ ရရှိလုပ်ကိုင်နေရမည်။ နှုတ်လွန်မှုများ ကြောင့် ငွေကုန်များမည်။ ဆရာမိဘများ၏ အလုပ်များကို ကူညီလုပ်ကိုင်ပေးဖြစ်မည်။ အဟောင်းပစ္စည်းများ ပြုပြင်သုံးစွဲဖြစ်မည်။ ပညာရေးတွင် နှုတ်အပြောအင်တာဗျူး မှတစ်ပါး အခြားပညာရပ်များ လွယ်ကူစွာ သင်ယူဖြစ်မည်။ ပညာသင်ယူစရိတ်အတွက် အခက်အခဲဖြစ်နေမည်။ အချစ်ရေးတွင် ချစ်သူများ ဝိုင်းဝိုင်းလည်နေမည်။ အထက်စီးက စကားပြောမိသောကြောင့် လက်ရှိချစ်သူစိတ်ကောက်နေမည်။ အချစ်ရေးကိစ္စများကိုမိဘတွေကိုတိုင်ပင်ဖွင့်ဟနိုင်ပါတယ်။ ကျန်းမာရေးတွင် ပတ်ဝန်းကျင်မှ အလိုက်မသိ ဆူညံမှုများကြောင့် ခေါင်းကိုက်၊ နားပူ၊ နောက်ကြောတတ် ရောဂါများ ရရှိတတ်သည်။ နှုတ်ခမ်းအနာနှင့် အစာမကြေရောဂါများရရှိမည်။အိမ်ထောင်ဖက်၏အလုပ်မှငွေများစွာရရှိတတ်သော်လည်းအလုပ်ထဲပြန်မြုပ်ပြီးသူဆီကငွေကမျှော်လင့်လို့မရပေ။ လုပ်ငန်းခွင်တွင်လုပ်ဖော်ကိုင်ဖက်နှင့် ပက်သက်၍ လည်ကောင်း၊ အောက်လက်ငယ်သားများနှင့် ပက်သက်၍ လည်ကောင်းအော်ဟစ်ပြောဆိုနေဖြစ်မည်။

အကျိုးပေးဂဏန်း ၃/၅/၉
အထူးဟော အိမ်တွင်းရေးကိစ္စတွေကိုမိမိကဦးဆောင်ဖြေရှင်းနေရမည်။
ယတြာ စံပယ်ပန်းလေးတွေဘုရားမှာ ကပ်လှူပေးပါ။

အင်္ဂါ

ဒီကာလအတွင်း စီးပွားရေးတွင် အလုပ်သမားများ တပည့်များကြောင့် အလုပ်များ နှောင့်နှေးကြန့်ကြာမည်။ ၎င်းတို့ အတွက် အလွန်ငွေကုန်များမည်။ မလိုအပ်ဘဲ ငွေများစွာ ကုန်ကျမည်။ လုပ်ငန်းသစ်များ ရှေ့ဆက်ရေး ကူညီမည့်သူများလည်း ဝေးနေသည်။ အစစအရာရာ ဉာဏ်သတိဖြင့် ပြုလုပ်နေသင့်ချိန်ပါ။လူငယ်များမိဘတွေကိုဆန့်ကျင်ဘက်တွေကြီး လုပ်နေ တတ်ပါတယ်။ လူကြီးတွေရဲ့စေတနာကိုချုပ်ချယ်တယ်၊ဖိအားပေးတယ်လို့ထင်နေတတ်ပါတယ်။ စက်ပစ္စည်းတစ်ပတ်ရစ်များ ဝယ်မယ်ဆို ရင်တော့ ဒီကာလမှာနားလည်သူတွေကိုမေးပြီးမှဝယ်စေချင်ပါတယ်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက် အတွက် ပူပန်ရတတ် ပါတယ်။ အိမ်ထောင်ဘက်ရဲ့အလုပ်အဆင်မပြေမှု၊အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးညံ့မှုကြောင့်မိမိကပါစိုးရိမ်နေရတတ်ပါ တယ်။ အချစ်ရေးတွင် ချစ်သူမရှိသေးသူများအတွက် ချစ်ခွင့်ပန်ထားသူများဆီကနေအဖြေပြန်ရတတ်ပါ တယ်။ စိတ်ကောက် နေတဲ့ ချစ်သူစုံတွဲများပြန်လည်အဆင်ပြေမှုတွေရလာမည်။ ပညာရေးတွင် ရုတ်တရက် ပညာရေးပြောင်း ရွှေ့သင်ယူရတတ် သည်။ ပညာသင်ရင်း ရန်ပြဿနာကြုံမည်။ ကြည်ညိုလေးစား အားထားရသော ဆရာများ နေရာပြောင်းရွှေ့ သွားရလိမ့်မည်။ ကျန်းမာရေးတွင် နေရင်းထိုင်ရင်း ဒေါသထွက် စိတ်‌သောကရောက်နေမည်။ စိတ်ကြောင့် ဖြစ်သော ရောဂါ ရမည်။ နှလုံးအား နည်းပြီး မောပန်းနေရမည်။

အကျိုးပေးဂဏန်း ၃/၆/၄
အထူးဟော ငွေလာ‌ချေးတတ်သည်။ ချင့်ချိန်ပြီးမှပေးပါ။
ယတြာ ရှောက်သီးသုပ်ပြီး ဘုရားမှာကပ်ပေးစေချင်ပါတယ်

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း စီးပွားရေးတွင် အောင်မြင်မှုဆုလာဘ်များ တစ်ခုပြီးတစ်ခု ဝင်ရောက်လာချိန်ဖြစ်သည်။ ကောင်း သတင်း ချီးမွမ်းသံများလည်း ဆက်တိုက်ဖြစ်နေရမည်။ သို့သော် လက်မှတ်ကောင်းနှင့် နာမည်ကောင်းရနေသော်လည်း ငွေရမှုမှာ နည်းနေ၏။ အကျိုးဆောင်မှုနှင့် ရှယ်ယာလုပ်ငန်းမှ ငွေရမည်။ တပည့်များနှင့် သားသမီးများကြောင့် စီးပွားရေး အနှောက်အယှက်ကြုံမည်။ အချစ်ရေးတွင် အိမ်တွင်းရေးကြောင့် စိတ်မအေးစရာဖြစ်မည်။ ချစ်သူ၏ နားလည်အလိုက် သိမှုကြောင့် သံယောဇဉ်ပိုနေမိမည်။ ပညာရေးတွင် လက်တွေ့ထက် စဉ်းစားတွေးခေါ်မှုကို အားပြုနေချိန် စိတ်ပိုင်းဆိုင်ရာ ပညာရပ်များကို လိုက်စားရမည်။ တွက်စာပိုင်းပညာရပ်များ သိသာစွာ တိုးတတ်လာမည်။ ကျန်းမာရေးတွင် နှလုံးသွေး ကြောကျဉ်း၍ မောပန်းနေမည် သို့မဟုတ် ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ ဖြစ်တတ်သည်။ကာယပင်ပန်းတဲ့ အလုပ်တွေ အထူး ရှောင်လိုက်စေချင်ပါတယ်။ လူငယ်များ အသောက်အစား၊ အပေါင်းအသင်းမှားမှုကြောင့် ရန်ဖြစ်သွေးထွက်သံယို ကြုံရတတ် သည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ မာနတံခွန်သည် တစ်အိမ်လုံး မိုးမွှန်နေအောင် ကြားနေရမည်။ သည်းခံနိုင်မှ အဆင်ပြေလိမ့်မယ်။ သားသမီးတို့၏ ဝီရိယနည်းမှုကြောင့် လင်မယား စကားများရမည်။

အကျိုးပေးဂဏန်း ၄/၅/ဝ
အထူးဟော မိတ်ဆွေကောင်းတွေကို အထူးအားကိုးရမည်။
ယတြာ ဒံပေါက်တစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း အခွင့်အရေးများ ရောက်လာပြီးမှ ပြဿနာများ တစ်ခုပြီးတစ်ခု ဖြေရှင်းနေရမည်။ စက်ပစ္စည်းများ ပြုပြင်နေရခြင်းကြောင့် ငွေကုန်များမည်။ နိုင်ငံရပ်ခြားနှင့် ပင်လယ်ဒေသရှိ မိတ်ဆွေများ ထံမှ စီးပွားရေးလုပ်ငန်းများ ရရှိမည်။ ဆွေမျိုးအရင်းအခြာတို့အား စီးပွားရေးအကူအညီ ပေးရတတ်သည်။ ယာဉ်၊ ကားတို့အတွက် ငွေကုန်များတတ်သည်။ ဆောက် လုပ်ရေး လုပ်ငန်းအတွက် ငွေရင်းနှီးမြှပ်နှံခွင့် ကြုံမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်နှင့် ပြဿနာ မကြာခဏ ကြုံမည်။ အနည်းငယ်သော ကိစ္စတစ်ခုဖြင့် အကျယ်တဝင့် ပုံကြီးချဲ့နေရမည်။ ညားခါကဇနီးမောင်နှံများဟန်းနီးမွမ်း ခရီးထွက်သော် ကောင်း၏။ ဘာသာရေးဆိုင်ရာ ကိစ္စများကြောင့်လည်း ငြင်းခုံရတတ်သည်။ အကျိုးဆောင်နှင့် ရှယ်ယာလုပ်ငန်းများလည်း မပါဝင်သင့်ပေ။ အချစ်ရေးတွင် ချစ်သူနှစ်ဦး ပြိုင်တူတွေ့ရတတ်သည်။ မိဘများကြောင့် ငယ်ရွယ်သော ချစ်သူနှင့် လမ်းခွဲ ရတတ်သည်။ ချစ်သူ၏ အိမ်တွင်းရေးကို မပါဝင်မိစေရန် သတိပြုသင့်သည်။ ပြဿနာများနိုင်သည်။ ပညာရေးတွင် ပျော်ရွှင်စွာ ပညာသင်ကြားရတတ်သည်။ ပညာရေးအတွက် ကူညီပံ့ပိုးမှု များစွာရမည်။ ကျန်းမာရေးတွင် ဦးခေါင်း ကိုက်ခဲ မူးဝေသော ရောဂါခံစားရတတ်သည်။ ရင်ဘက်နာ၊ အူအတတ်၊ ယားယံနာကျဉ်တတ်သည်။ အားရှိသော အစားကောင်းများ စားပေးစေ ချင်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၆
အထူးဟော လူမှုရေးကိစ္စတွေအတွက်လဲ အချိန်ပေးနေရတတ်ပါတယ်။
ယတြာ အရဟံဂုဏ်တော်ကိုနိုင်သလောက်ပွားနေပါ။

သောကြာ

ဒီကာလအတွင်း တရားမဝင်သော အလုပ်များကို လုပ်မိသဖြင့် တရားရင်ဆိုင်ရလိမ့်မည်။ အထူးသဖြင့် လောင်းကစား ဖြင့် စီးပွားရှာမှုများကို သတိပြုသင့်သည်။ ယာဉ်၊ ကား၊ စိန်၊ ခရီးသွားလုပ်ငန်းများ အောင်မြင်မည်။ မိမိ၏အတတ်ပညာကို ထိရောက်စွာ အသုံးချခွင့်ရမည်။ သားသမီးတပည့်တို့ထံမှ ကောင်းကျိုးများ ရရှိခံစားရမည်။ စီးပွားရေးနှင့်စပ်သော စကားများ ပြောမိသောကြောင့်လည်း ငွေဝင်နိုင်သည်။ အချစ်ရေးတွင် ဝေးကွာနေသော ချစ်သူများ လက်ဆောင်များနှင့်အတူ ပြန်လည် ရောက်ရှိ လာမည်။ အနီးမှာ ချစ်သူရှိနေသူများ ပျော်ရွှင်ဖွယ်ခရီးကို အတူတူ သွားဖြစ်မည်။ လက်ထပ်ဖို့ကိစ္စများကို တိုင်ပင် ဖြစ်မည်။ ပညာရေးတွင် သင်ယူပြီး ပညာများကို မွမ်းမံဖြည့်စွက်သင်ယူဖြစ်မည်။ ငယ်ငယ်က မိတ်ဆွေကောင်းများနှင့် ပညာ ချင်းဖလှယ်ဖြစ်မည်။ အတက်ပညာများကို လက်တွေ့ အသုံးပြုဖြစ်မည်။ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော ဆရာများ ရောက်ရှိလာပြီး အကူအညီပေးကြလိမ့်မည်။ ကျန်းမာရေးတွင် ခြေထောက်အနာပေါက်တတ်သည်။ သို့မဟုတ် ခြေသလုံး အကြောတတ်မည်။ ရေချိုးမှားနိုင်၊ အအေးပတ်နိုင်သည်။ ဆေးစားလည်း မှားယွင်းမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင် ဖက်နှင့် မည်သည့်အရာမျှ အပေါက်အလမ်းမတည့် ဖြစ်နေမည်။ ဘာမျှ ဆိုးဆိုးကောင်းကောင်း တိုင်ပင်မရဖြစ်မည်

အကျိုးပေးဂဏန်း ၂/၆/၇
အထူးဟော ကျန်းမာရေးအနည်းငယ်ဂရုစိုက်ပေးပါ။
ယတြာ တံခွန် ၇လုံးဘုရားမှာလှူပြီး ဆုတောင်းပါ။

စနေ

ဒီကာလအတွင်း စီးပွားရေးတွင် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း ပျော်ရွှင်စွာ လုပ်ကိုင်ဖြစ်၍ အကျိုးအမြတ်များစွာ ရရှိလိမ့်မည်။ ယာဉ်၊ ကား၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းများမှ ငွေဝင်မည်။ နေအိမ်ပြင်ဆင်မှုနှင့် ဝင်းနံရံ ခတ်ခြင်းများပြုလုပ်မိရင်တော့မှန်းထားသည်ထက်ပိုမိုငွေသုံးစွဲရမည်။ဆရာများကိုတာဝန်ယူ၊ကတိပေးမိသည့်အတွက် တာဝန် မကျေမှုများ ကြုံတွေ့နေရမည်။ နယ်ဝေးမှ သားသမီးများသည်စီးပွားရေးနှင့်အတူ ရောက်ရှိလာမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်နှင့် ကျန်းမာရေး အနည်းငယ်ညံ့နေမည်။ သို့မဟုတ် ရန်ပြဿနာများ ကြုံတွေ့နေရမည်။ ငယ်ကအကြောင်းများ ကို ပြန်ပြောမိရင်း သူ့ဘက်၊ ကိုယ့်ဘက် ငြင်းခုံမိကာ ရန်ဖြစ်တတ်သည်။ သားသမီးများအတွက်လည်း ဂုဏ်ယူရတတ်သည်။ အချစ်ရေးတွင် အသက်ကြီးသူကို ချစ်မိပြီးမှ ပြဿနာကြုံရတတ်သည်။ စွပ်စွဲမှုမျိုးစုံ ခံရတတ်သည်။ ပညာရေးတွင် အတတ် ပညာမျိုးစုံကို တစ်ပြိုင်တည်း လေ့လာသုတေသန ပြုနေဖြစ်မည်။ ခေတ်မီသော ပညာရပ်များကို မိမိဘာသာ စာဖတ်ရင်း၊ အင်တာနက်သုံးရင်း သင်ယူနေဖြစ်မည်။ ပညာရပ်အသစ်များကိုသာ စိတ်ဝင်စားနေမည်။ ကျန်းမာရေးတွင် အသက်ကြီးပြီး လေဖြန်းဖူးသူများသတိထားပါ။နောက်တစ်ကြိမ်ဖြစ်တတ်သည်။ ပိုးမွှားအသေးစားများ ကိုက်ခံရတတ်သည်။

အကျိုးပေးဂဏန်း ၁/၃/၇
အထူးဟော ထီဝါသနာပါရင် ဒီအပတ်ထဲ ထီထိုးပါ။
ယတြာ အုန်းနို့ခေါက်ဆွဲတစ်ပွဲ မွေးနေ့နံနက်မှာ ဘုရားကပ်လှူလိုက်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Zawgyi

20.2.2020 မွ 26.2.2020 အထိ ၇ရက္သားသမီးမ်ား တစ္ပတ္စာေဟာစာတမ္း

တနဂၤေႏြ

စီးပြားေရးတြင္ ဆရာေကာင္းတို႔၏ ကူညီမႈကို အျပည့္အဝရရွိမည္။ ၿခံ၊ ေျမမ်ားႏွင့္ပတ္သက္ၿပီး အက်ိဳးအျမတ္ရမည္။. လခစားဝန္ထမ္းေလွ်ာက္ထားသူမ်ား အခြင့္ေကာင္းမ်ားရလာမည္။ ေနရာေကာင္း၊ အလုပ္ေကာင္းမ်ား ရရွိမည္။ လုပ္ငန္း ႏွစ္မ်ိဳးကို ၿပိဳင္တူလုပ္ျဖစ္မည္။ စကားအေျပာအဆိုမ်ား မွားယြင္မည္။ စိတ္ေလာႀကီးစြာ စာခ်ဳပ္ခ်ဳပ္ဆိုမိ၊ လက္မွတ္ထိုး မိသျဖင့္ ျပႆနာျဖစ္မည္။ အခ်စ္ေရးတြင္ အခ်စ္ေဟာင္းမ်ား ေႂကြလြင့္ ေပ်ာက္ကြယ္ခ်ိန္ အခ်စ္သစ္မ်ား သည္ ဖူးသစ္ႏုကာ ထြက္ေပၚလာမည္။ အခ်စ္သစ္နဲ႕မိုးမျမင္၊ ေလမျမင္ခ်စ္ေနမိတတ္သည္။ က်န္းမာေရးတြင္ တြင္းေအာင္း သားမ်ားစားမိ တာေၾကာင့္ ကိုယ္ခႏၶာေပၚမွ အဖုအပိန႔္မ်ား ထြက္ေပၚလာနိုင္ပါသည္။ ေက်ာက္ကပ္ သို႔မဟုတ္ မီးယပ္ႏွင့္ဓမၼတာ ေသြးမေပၚမႈ ေၾကာင့္ ျဖစ္ေသာ ကိုက္ခဲေဝဒနာမ်ား ခံစားရမည္။ အပူအေအးမမွ်တမႈေၾကာင့္ ေဝဒနာအခ်ိဳ႕ ျဖစ္ေပၚလာတတ္ သည္။ အိမ္ေထာင္ေရးတြင္ အလုပ္ကိုယ္စီရႈပ္ေနသျဖင့္ မိသားစုကိစၥမ်ား လစ္ဟင္းေနမည္။ သားသမီးမ်ားအတြက္ ကုန္က်မႈမ်ား ေနမည္။ ပညာေရးတြင္ သင္တန္းအတြက္ေငြသြင္းထားလွ်င္ ဆုံးရႈံးလိမ့္မည္။ သင္တန္းခ်ိန္ မွာကိစၥတစ္ခုေပၚလာမႈေၾကာင့္ လြဲေခ်ာ္ရတတ္ပါတယ္။ ေက်ာင္းသားလူငယ္မ်ားဆရာေကာင္းမ်ား၏ ေစာင့္ေရွာက္မႈေၾကာင့္ အားနည္းတဲ့ဘာသာရပ္ေတြ တိုးတတ္လာမည္။

အက်ိဳးေပးဂဏန္း ၅/၆/၈
အထူးေဟာ မိတ္ေဆြေတြရဲ႕ အခက္အခဲေတြကို လိုက္ကူညီေနရမည္။
ယၾတာ သေဘၤာသီး ၆စိပ္ဘုရားကပ္လႉဆုေတာင္းပါ။

တနလၤာ

ဒီကာလအတြင္း စီးပြားေရးတြင္ တစ္မိနစ္မွ် အနားမရေအာင္ အလုပ္မ်ားေနမည္။ အိမ္အလုပ္ေရာ၊ အျပင္အလုပ္ပါ ၿပိဳင္တူေငြဝင္မည္။ အမ်ားမက္ေမာ၊ ဂုဏ္ယူဖြယ္ေကာင္းေသာ အလုပ္မ်ား ရရွိလုပ္ကိုင္ေနရမည္။ ႏႈတ္လြန္မႈမ်ား ေၾကာင့္ ေငြကုန္မ်ားမည္။ ဆရာမိဘမ်ား၏ အလုပ္မ်ားကို ကူညီလုပ္ကိုင္ေပးျဖစ္မည္။ အေဟာင္းပစၥည္းမ်ား ျပဳျပင္သုံးစြဲျဖစ္မည္။ ပညာေရးတြင္ ႏႈတ္အေျပာအင္တာဗ်ဴး မွတစ္ပါး အျခားပညာရပ္မ်ား လြယ္ကူစြာ သင္ယူျဖစ္မည္။ ပညာသင္ယူစရိတ္အတြက္ အခက္အခဲျဖစ္ေနမည္။ အခ်စ္ေရးတြင္ ခ်စ္သူမ်ား ဝိုင္းဝိုင္းလည္ေနမည္။ အထက္စီးက စကားေျပာမိေသာေၾကာင့္ လက္ရွိခ်စ္သူစိတ္ေကာက္ေနမည္။ အခ်စ္ေရးကိစၥမ်ားကိုမိဘေတြကိုတိုင္ပင္ဖြင့္ဟနိုင္ပါတယ္။ က်န္းမာေရးတြင္ ပတ္ဝန္းက်င္မွ အလိုက္မသိ ဆူညံမႈမ်ားေၾကာင့္ ေခါင္းကိုက္၊ နားပူ၊ ေနာက္ေၾကာတတ္ ေရာဂါမ်ား ရရွိတတ္သည္။ ႏႈတ္ခမ္းအနာႏွင့္ အစာမေၾကေရာဂါမ်ားရရွိမည္။အိမ္ေထာင္ဖက္၏အလုပ္မွေငြမ်ားစြာရရွိတတ္ေသာ္လည္းအလုပ္ထဲျပန္ျမဳပ္ၿပီးသူဆီကေငြကေမွ်ာ္လင့္လို႔မရေပ။ လုပ္ငန္းခြင္တြင္လုပ္ေဖာ္ကိုင္ဖက္ႏွင့္ ပက္သက္၍ လည္ေကာင္း၊ ေအာက္လက္ငယ္သားမ်ားႏွင့္ ပက္သက္၍ လည္ေကာင္းေအာ္ဟစ္ေျပာဆိုေနျဖစ္မည္။

အက်ိဳးေပးဂဏန္း ၃/၅/၉
အထူးေဟာ အိမ္တြင္းေရးကိစၥေတြကိုမိမိကဦးေဆာင္ေျဖရွင္းေနရမည္။
ယၾတာ စံပယ္ပန္းေလးေတြဘုရားမွာ ကပ္လႉေပးပါ။

အဂၤါ

ဒီကာလအတြင္း စီးပြားေရးတြင္ အလုပ္သမားမ်ား တပည့္မ်ားေၾကာင့္ အလုပ္မ်ား ေႏွာင့္ေႏွးၾကန႔္ၾကာမည္။ ၎တို႔ အတြက္ အလြန္ေငြကုန္မ်ားမည္။ မလိုအပ္ဘဲ ေငြမ်ားစြာ ကုန္က်မည္။ လုပ္ငန္းသစ္မ်ား ေရွ႕ဆက္ေရး ကူညီမည့္သူမ်ားလည္း ေဝးေနသည္။ အစစအရာရာ ဉာဏ္သတိျဖင့္ ျပဳလုပ္ေနသင့္ခ်ိန္ပါ။လူငယ္မ်ားမိဘေတြကိုဆန႔္က်င္ဘက္ေတြႀကီး လုပ္ေန တတ္ပါတယ္။ လူႀကီးေတြရဲ႕ေစတနာကိုခ်ဳပ္ခ်ယ္တယ္၊ဖိအားေပးတယ္လို႔ထင္ေနတတ္ပါတယ္။ စက္ပစၥည္းတစ္ပတ္ရစ္မ်ား ဝယ္မယ္ဆို ရင္ေတာ့ ဒီကာလမွာနားလည္သူေတြကိုေမးၿပီးမွဝယ္ေစခ်င္ပါတယ္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္ အတြက္ ပူပန္ရတတ္ ပါတယ္။ အိမ္ေထာင္ဘက္ရဲ႕အလုပ္အဆင္မေျပမႈ၊အိမ္ေထာင္ဘက္ရဲ႕က်န္းမာေရးညံ့မႈေၾကာင့္မိမိကပါစိုးရိမ္ေနရတတ္ပါ တယ္။ အခ်စ္ေရးတြင္ ခ်စ္သူမရွိေသးသူမ်ားအတြက္ ခ်စ္ခြင့္ပန္ထားသူမ်ားဆီကေနအေျဖျပန္ရတတ္ပါ တယ္။ စိတ္ေကာက္ ေနတဲ့ ခ်စ္သူစုံတြဲမ်ားျပန္လည္အဆင္ေျပမႈေတြရလာမည္။ ပညာေရးတြင္ ႐ုတ္တရက္ ပညာေရးေျပာင္း ေ႐ႊ႕သင္ယူရတတ္ သည္။ ပညာသင္ရင္း ရန္ျပႆနာႀကဳံမည္။ ၾကည္ညိုေလးစား အားထားရေသာ ဆရာမ်ား ေနရာေျပာင္းေ႐ႊ႕ သြားရလိမ့္မည္။ က်န္းမာေရးတြင္ ေနရင္းထိုင္ရင္း ေဒါသထြက္ စိတ္‌ေသာကေရာက္ေနမည္။ စိတ္ေၾကာင့္ ျဖစ္ေသာ ေရာဂါ ရမည္။ ႏွလုံးအား နည္းၿပီး ေမာပန္းေနရမည္။

အက်ိဳးေပးဂဏန္း ၃/၆/၄
အထူးေဟာ ေငြလာ‌ေခ်းတတ္သည္။ ခ်င့္ခ်ိန္ၿပီးမွေပးပါ။
ယၾတာ ေရွာက္သီးသုပ္ၿပီး ဘုရားမွာကပ္ေပးေစခ်င္ပါတယ္

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း စီးပြားေရးတြင္ ေအာင္ျမင္မႈဆုလာဘ္မ်ား တစ္ခုၿပီးတစ္ခု ဝင္ေရာက္လာခ်ိန္ျဖစ္သည္။ ေကာင္း သတင္း ခ်ီးမြမ္းသံမ်ားလည္း ဆက္တိုက္ျဖစ္ေနရမည္။ သို႔ေသာ္ လက္မွတ္ေကာင္းႏွင့္ နာမည္ေကာင္းရေနေသာ္လည္း ေငြရမႈမွာ နည္းေန၏။ အက်ိဳးေဆာင္မႈႏွင့္ ရွယ္ယာလုပ္ငန္းမွ ေငြရမည္။ တပည့္မ်ားႏွင့္ သားသမီးမ်ားေၾကာင့္ စီးပြားေရး အေႏွာက္အယွက္ႀကဳံမည္။ အခ်စ္ေရးတြင္ အိမ္တြင္းေရးေၾကာင့္ စိတ္မေအးစရာျဖစ္မည္။ ခ်စ္သူ၏ နားလည္အလိုက္ သိမႈေၾကာင့္ သံေယာဇဥ္ပိုေနမိမည္။ ပညာေရးတြင္ လက္ေတြ႕ထက္ စဥ္းစားေတြးေခၚမႈကို အားျပဳေနခ်ိန္ စိတ္ပိုင္းဆိုင္ရာ ပညာရပ္မ်ားကို လိုက္စားရမည္။ တြက္စာပိုင္းပညာရပ္မ်ား သိသာစြာ တိုးတတ္လာမည္။ က်န္းမာေရးတြင္ ႏွလုံးေသြး ေၾကာက်ဥ္း၍ ေမာပန္းေနမည္ သို႔မဟုတ္ ေခ်ာင္းဆိုး၊ ရင္ၾကပ္၊ ပန္းနာ ျဖစ္တတ္သည္။ကာယပင္ပန္းတဲ့ အလုပ္ေတြ အထူး ေရွာင္လိုက္ေစခ်င္ပါတယ္။ လူငယ္မ်ား အေသာက္အစား၊ အေပါင္းအသင္းမွားမႈေၾကာင့္ ရန္ျဖစ္ေသြးထြက္သံယို ႀကဳံရတတ္ သည္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္၏ မာနတံခြန္သည္ တစ္အိမ္လုံး မိုးမႊန္ေနေအာင္ ၾကားေနရမည္။ သည္းခံနိုင္မွ အဆင္ေျပလိမ့္မယ္။ သားသမီးတို႔၏ ဝီရိယနည္းမႈေၾကာင့္ လင္မယား စကားမ်ားရမည္။

အက်ိဳးေပးဂဏန္း ၄/၅/၀
အထူးေဟာ မိတ္ေဆြေကာင္းေတြကို အထူးအားကိုးရမည္။
ယၾတာ ဒံေပါက္တစ္ပြဲ ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း အခြင့္အေရးမ်ား ေရာက္လာၿပီးမွ ျပႆနာမ်ား တစ္ခုၿပီးတစ္ခု ေျဖရွင္းေနရမည္။ စက္ပစၥည္းမ်ား ျပဳျပင္ေနရျခင္းေၾကာင့္ ေငြကုန္မ်ားမည္။ နိုင္ငံရပ္ျခားႏွင့္ ပင္လယ္ေဒသရွိ မိတ္ေဆြမ်ား ထံမွ စီးပြားေရးလုပ္ငန္းမ်ား ရရွိမည္။ ေဆြမ်ိဳးအရင္းအျခာတို႔အား စီးပြားေရးအကူအညီ ေပးရတတ္သည္။ ယာဥ္၊ ကားတို႔အတြက္ ေငြကုန္မ်ားတတ္သည္။ ေဆာက္ လုပ္ေရး လုပ္ငန္းအတြက္ ေငြရင္းႏွီးျမႇပ္ႏွံခြင့္ ႀကဳံမည္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္ႏွင့္ ျပႆနာ မၾကာခဏ ႀကဳံမည္။ အနည္းငယ္ေသာ ကိစၥတစ္ခုျဖင့္ အက်ယ္တဝင့္ ပုံႀကီးခ်ဲ့ေနရမည္။ ညားခါကဇနီးေမာင္ႏွံမ်ားဟန္းနီးမြမ္း ခရီးထြက္ေသာ္ ေကာင္း၏။ ဘာသာေရးဆိုင္ရာ ကိစၥမ်ားေၾကာင့္လည္း ျငင္းခုံရတတ္သည္။ အက်ိဳးေဆာင္ႏွင့္ ရွယ္ယာလုပ္ငန္းမ်ားလည္း မပါဝင္သင့္ေပ။ အခ်စ္ေရးတြင္ ခ်စ္သူႏွစ္ဦး ၿပိဳင္တူေတြ႕ရတတ္သည္။ မိဘမ်ားေၾကာင့္ ငယ္႐ြယ္ေသာ ခ်စ္သူႏွင့္ လမ္းခြဲ ရတတ္သည္။ ခ်စ္သူ၏ အိမ္တြင္းေရးကို မပါဝင္မိေစရန္ သတိျပဳသင့္သည္။ ျပႆနာမ်ားနိုင္သည္။ ပညာေရးတြင္ ေပ်ာ္႐ႊင္စြာ ပညာသင္ၾကားရတတ္သည္။ ပညာေရးအတြက္ ကူညီပံ့ပိုးမႈ မ်ားစြာရမည္။ က်န္းမာေရးတြင္ ဦးေခါင္း ကိုက္ခဲ မူးေဝေသာ ေရာဂါခံစားရတတ္သည္။ ရင္ဘက္နာ၊ အူအတတ္၊ ယားယံနာက်ဥ္တတ္သည္။ အားရွိေသာ အစားေကာင္းမ်ား စားေပးေစ ခ်င္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၅/၆
အထူးေဟာ လူမႈေရးကိစၥေတြအတြက္လဲ အခ်ိန္ေပးေနရတတ္ပါတယ္။
ယၾတာ အရဟံဂုဏ္ေတာ္ကိုနိုင္သေလာက္ပြားေနပါ။

ေသာၾကာ

ဒီကာလအတြင္း တရားမဝင္ေသာ အလုပ္မ်ားကို လုပ္မိသျဖင့္ တရားရင္ဆိုင္ရလိမ့္မည္။ အထူးသျဖင့္ ေလာင္းကစား ျဖင့္ စီးပြားရွာမႈမ်ားကို သတိျပဳသင့္သည္။ ယာဥ္၊ ကား၊ စိန္၊ ခရီးသြားလုပ္ငန္းမ်ား ေအာင္ျမင္မည္။ မိမိ၏အတတ္ပညာကို ထိေရာက္စြာ အသုံးခ်ခြင့္ရမည္။ သားသမီးတပည့္တို႔ထံမွ ေကာင္းက်ိဳးမ်ား ရရွိခံစားရမည္။ စီးပြားေရးႏွင့္စပ္ေသာ စကားမ်ား ေျပာမိေသာေၾကာင့္လည္း ေငြဝင္နိုင္သည္။ အခ်စ္ေရးတြင္ ေဝးကြာေနေသာ ခ်စ္သူမ်ား လက္ေဆာင္မ်ားႏွင့္အတူ ျပန္လည္ ေရာက္ရွိ လာမည္။ အနီးမွာ ခ်စ္သူရွိေနသူမ်ား ေပ်ာ္႐ႊင္ဖြယ္ခရီးကို အတူတူ သြားျဖစ္မည္။ လက္ထပ္ဖို႔ကိစၥမ်ားကို တိုင္ပင္ ျဖစ္မည္။ ပညာေရးတြင္ သင္ယူၿပီး ပညာမ်ားကို မြမ္းမံျဖည့္စြက္သင္ယူျဖစ္မည္။ ငယ္ငယ္က မိတ္ေဆြေကာင္းမ်ားႏွင့္ ပညာ ခ်င္းဖလွယ္ျဖစ္မည္။ အတက္ပညာမ်ားကို လက္ေတြ႕ အသုံးျပဳျဖစ္မည္။ ကိုယ္က်င့္တရားႏွင့္ ျပည့္စုံေသာ ဆရာမ်ား ေရာက္ရွိလာၿပီး အကူအညီေပးၾကလိမ့္မည္။ က်န္းမာေရးတြင္ ေျခေထာက္အနာေပါက္တတ္သည္။ သို႔မဟုတ္ ေျခသလုံး အေၾကာတတ္မည္။ ေရခ်ိဳးမွားနိုင္၊ အေအးပတ္နိုင္သည္။ ေဆးစားလည္း မွားယြင္းမည္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ ဖက္ႏွင့္ မည္သည့္အရာမွ် အေပါက္အလမ္းမတည့္ ျဖစ္ေနမည္။ ဘာမွ် ဆိုးဆိုးေကာင္းေကာင္း တိုင္ပင္မရျဖစ္မည္

အက်ိဳးေပးဂဏန္း ၂/၆/၇
အထူးေဟာ က်န္းမာေရးအနည္းငယ္ဂ႐ုစိုက္ေပးပါ။
ယၾတာ တံခြန္ ၇လုံးဘုရားမွာလႉၿပီး ဆုေတာင္းပါ။

စေန

ဒီကာလအတြင္း စီးပြားေရးတြင္ အလုပ္ႏွစ္ခုကို တစ္ၿပိဳင္တည္း ေပ်ာ္႐ႊင္စြာ လုပ္ကိုင္ျဖစ္၍ အက်ိဳးအျမတ္မ်ားစြာ ရရွိလိမ့္မည္။ ယာဥ္၊ ကား၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ အက်ိဳးေဆာင္လုပ္ငန္းမ်ားမွ ေငြဝင္မည္။ ေနအိမ္ျပင္ဆင္မႈႏွင့္ ဝင္းနံရံ ခတ္ျခင္းမ်ားျပဳလုပ္မိရင္ေတာ့မွန္းထားသည္ထက္ပိုမိုေငြသုံးစြဲရမည္။ဆရာမ်ားကိုတာဝန္ယူ၊ကတိေပးမိသည့္အတြက္ တာဝန္ မေက်မႈမ်ား ႀကဳံေတြ႕ေနရမည္။ နယ္ေဝးမွ သားသမီးမ်ားသည္စီးပြားေရးႏွင့္အတူ ေရာက္ရွိလာမည္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္ႏွင့္ က်န္းမာေရး အနည္းငယ္ညံ့ေနမည္။ သို႔မဟုတ္ ရန္ျပႆနာမ်ား ႀကဳံေတြ႕ေနရမည္။ ငယ္ကအေၾကာင္းမ်ား ကို ျပန္ေျပာမိရင္း သူ႕ဘက္၊ ကိုယ့္ဘက္ ျငင္းခုံမိကာ ရန္ျဖစ္တတ္သည္။ သားသမီးမ်ားအတြက္လည္း ဂုဏ္ယူရတတ္သည္။ အခ်စ္ေရးတြင္ အသက္ႀကီးသူကို ခ်စ္မိၿပီးမွ ျပႆနာႀကဳံရတတ္သည္။ စြပ္စြဲမႈမ်ိဳးစုံ ခံရတတ္သည္။ ပညာေရးတြင္ အတတ္ ပညာမ်ိဳးစုံကို တစ္ၿပိဳင္တည္း ေလ့လာသုေတသန ျပဳေနျဖစ္မည္။ ေခတ္မီေသာ ပညာရပ္မ်ားကို မိမိဘာသာ စာဖတ္ရင္း၊ အင္တာနက္သုံးရင္း သင္ယူေနျဖစ္မည္။ ပညာရပ္အသစ္မ်ားကိုသာ စိတ္ဝင္စားေနမည္။ က်န္းမာေရးတြင္ အသက္ႀကီးၿပီး ေလျဖန္းဖူးသူမ်ားသတိထားပါ။ေနာက္တစ္ႀကိမ္ျဖစ္တတ္သည္။ ပိုးမႊားအေသးစားမ်ား ကိုက္ခံရတတ္သည္။

အက်ိဳးေပးဂဏန္း ၁/၃/၇
အထူးေဟာ ထီဝါသနာပါရင္ ဒီအပတ္ထဲ ထီထိုးပါ။
ယၾတာ အုန္းနို႔ေခါက္ဆြဲတစ္ပြဲ ေမြးေန႕နံနက္မွာ ဘုရားကပ္လႉလိုက္ပါ။

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Related posts