လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်တဲ့ Yuri – Film ရုပ်ရှင်ဇာတ်ကားကြီး

မျက်နှာသစ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Yuri – Film ရုပ်ရှင်ဇာတ်ကားကြီး ကတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ယူရီ ဇာတ်ကားလေးကို The Motivation Gallery Production က တင်ဆက်တာဖြစ်ပြီး ဇာတ်လမ်းနဲ့ဒါရိုက်တာက အာဂသူရ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ ဧည်သည်သရုပ်ဆောင် မေမြတ်နိုးက လွဲရင် မျက်နှာသစ်တွေနဲ့ ပုံဖော်ရိုက်ကူးထား တာဖြစ်ပါတယ်။

ဒီဇာတ်ကားလေး ထဲမှာ ယူရီအဖြစ် သရုပ်ဆောင် ၀င်ဒီထက်၊ ဟန့် (Hank) အဖြစ် သရုပ်ဆောင် အောင်မျိုးဝင်းတို့က အဓိက သရုပ်ဆောင်တွေ အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားလေးက ပရိသတ်တွေအတွက် ရယ်စရာ၊ ပျော်စရာ၊ ကြည်နူးစရာ ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားရုံတင်လို့ ရရှိလာမည့် အကျိုးအမြတ်တွေကိုလည်း ကင်ဆာ​ဝေဒနာရှင်က​လေး​ငယ်များအတွက် ရန်ပုံ​ငွေအဖြစ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Related posts