




(Unicode)

မြန်မာ၊ ဂျပန်ရုပ်ရှင်ပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားပြီး ဂန္ဓဗ္ဗ ရုပ်ရှင်ဇာတ်ကားကြီး

====================================================
မြန်မာနဲ့ ဂျပန်ရုပ်ရှင်ပညာရှင်အဖွဲ့တွေက ပူးပေါင်းစီစဉ်ရိုက်ကူးထားတဲ့ ဂန္ဓဗ္ဗ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ၂၃.၁.၂၀၂၀ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကို Aung Ko Latt Motion Pictures က စီစဉ်ပြီး ဒါရိုက်တာ အောင်ကိုလတ်နဲ့ ဂျပန်ရုပ်ရှင်ပညာရှင်များ ရိုက်ကူးထုတ်လုပ်ထားပါတယ်။

ဂန္ဓဗ္ဗ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပရိသတ်တွေရဲ့ အချစ်တော် အဝင်းက လည်း ပါဝင်သရုပ်ဆောင်ထားပြီး အဓိက သရုပ်ဆောင်တွေကတော့ Donnaa Layla ၊ Shunya Shiraishi ၊ အကယ်ဒမီရန်အောင်၊ ခင်ဇာခြည်ကျော်၊ စည်သူမောင်နဲ့ Shun Sugata တို့က ပါဝင်အားဖြည့်ထားကြပါတယ်။

ဒီဇာတ်ကားလေးထဲမှာတော့ ဂျပန် တူရိယာ ရှာမီစံ နဲ့ စောင်းဝါသနာရှင်မလေး ကလျာအဖြစ်သရုပ်ဆောင်ထားတဲ့ Donnaa Layla တီးတဲ့ မြန်မာစောင်းသံ တွေရဲ့ ဖျော်ဖြေမှုတွေကိုလည ်း ခံစားရမှာ ဖြစ်ပါတယ်။

Related posts