ဆံပင်တွေ ပွနေတဲ့အခါ
(Unicode)
နှုတ်ခမ်းဆိုးဆေးအဆီရဲ့ အလှအပ အသုံးဝင်ပုံ
============================
ဘယ်နေရာတွေမှာ သုံးလို့ရလဲ ဆိုရင်
Highlighter သုံးချင်တဲ့ အခါ
သင့်ရဲ့ မျက်နှာလေး ပြောင်ပြောင်တောက်တောက်လေး ဖြစ်စေနိုင်ဖို့အတွက် နှုတ်ခမ်းဆိုးဆေးအဆီလေးကို သုံးပေးလို့ရပါတယ်။
မျက်ခုံးမွှေး ဆွဲတဲ့အခါ အသုံးပြုနိုင်ပါတယ်။
မျက်ခုံးမွှေးဆွဲရတာ ပုံမကျဘူး ဖြစ်နေတယ်ဆိုရင် နှုတ်ခမ်းဆိုးဆေး လေး မျက်ခုံးမှာ အရင် ပွတ်ပေးပါ ပြီးမှ ကိုယ်လိုအပ်သလိုဆွဲမယ်ဆိုရင်တော့ မျက်ခုံးမွှေးလေး ပုံကျကျနဲ့ လှပစေနိုင်ပါလိမ့်မယ်။
အိုင်းရှဲဒိုး ချယ်တဲ့ အခါမှာ သုံးပေးနိုင်ပါတယ်
အိုင်းရှဲဒိုးကို ကြာကြာလေးခံချင်တယ်ဆိုရင်တော့ အိုင်းရှဲဒိုး မသုံးခင် နှုတ်ခမ်းနီ အဆီကို သုံးပေးသင့်ပါတယ်။ ဒီနည်းလမ်းလေးကတော့ အိုင်းရှဲဒိုးကို အကြာကြီး ခံစေနိုင်ပါတယ်။
ဖိနပ်အသစ်စီးတဲ့ အခါမှာလည်းနှုတ်ခမ်းနီ အဆီကို သုံးပေးသင့်ပါတယ်။
ရှူးဖိနပ်တွေစီးရင် ခြေဖနောင့်နာ ကျင်တာတွေ ဖြစ်စေတတ်ပါတယ်။ အဲလို မဖြစ်အောင် နှုတ်ခမ်းဆိုးဆေး အဆီကို ခြေဖနှောင့်မှာ လိမ်းပေးပြီးမှာ စီးပေးပါ။
ဆံပင်တွေ ပွနေတဲ့အခါ
ဆံပင်တွေပွပြီး ရှုပ်ထွေးနေတဲ့ အချိန် ခေါင်းလိမ်းဆီ မရှိရင် နှုတ်ခမ်းဆိုးဆေး အဆီကို လိမ်းပေးလို့ရပါတယ်။ ဆံပင်တွေ မပွတော့ပဲ သပ်သပ်ရပ်ရပ် ဖြစ်နေပါလိမ့်မယ်။