ေပ်ာ္စရာေမြးေန႔ပြဲေလး က်င္းပႏိုင္ခဲ့တဲ့ သရုပ္ေဆာင္ ပိုးၾကာျဖဴခင္

ဒီဇင္ဘာလ ၃ ရက္ေန႔က သရုပ္ေဆာင္ ပိုးၾကာျဖဴခင္ရဲ႕ ေမြးေန႔ေလး ျဖစ္ပါတယ္။ ပိုးၾကာျဖဴခင္ကေတာ့ ေမြးေန႔မတိုင္ခင္ တစ္ရက္မွာ ေမြးေန႔အႀကိဳ စတုဒီသာအလႉ ကို ျပဳလုပ္ခဲ့တာ ေတြ႔ရပါတယ္။

ေနာက္ၿပီး အႏုပညာ သက္တမ္း ၁၀ ႏွစ္ျပည့္တဲ့ေန႔ေလးနဲ႔ ေမြးေန႔ေလးနဲ႔ တူေနတာေၾကာင့္ ပိုၿပီး အဓိပါယ္ရွိၿပီး ပီတိ ရတယ္လို႕ သူမရဲ႔ ေဖ့ဘြတ္စာမ်က္ႏွာမွာ အခုလိုေရးထားတာေတြ႕ရပါတယ္။

“အရမ္းေပ်ာ္စရာေကာင္းတဲ့ ေမြးေန႔အမွတ္တရ ညေလးတစ္ည ျဖစ္ခဲ့ပါတယ္  အႏုပညာသက္တမ္း ၁၀ ႏွစ္ ျပည့္တဲ့ ႏွစ္မို႔ ပိုၿပီး အဓိပါယ္ရွိသလို ကိုယ္တကယ္ခ်စ္ရခင္ရ ေလးစားရတဲ့ သူေတြ အားလုံးကို ကိုယ့္ေမြးေန႔ပြဲေလးမွာ တစုတေဝးထဲ ေတြ႕လိုက္ရလို႔ပိုၿပီး ပီတိျဖစ္မိပါတယ္ရွင္  ပြဲစတဲ့အခ်ိန္က စၿပီး ပြဲၿပီးတဲ့အခ်ိန္ထိ ေတာက္ေလွ်ာက္ တစ္ေယာက္မွ မျပန္ပဲ ခ်ီျမႇင့္ေပးၾကလို႔လဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္” လို႕ေရးထားပါတယ္။

ပိုးၾကာျဖဴခင္က  ေမြးေန႔မွာ ဆုမြန္းေကာင္းေတာင္းေပးတဲ့ သူေတြနဲ႔ ေမြးေန႔လက္ေဆာင္ေတြေပးခဲ့တဲ့ သူငယ္ခ်င္းေတြ ပရိသတ္ေတြကိုလည္း အခုလို ေက်းဇူးတင္စကားေျပာထားပါေသးတယ္။

“ပြဲတေလ်ာက္ အားေပးကူညီေပးခဲ့တဲ့ Aroma Zulu Wedding Studio မိသားစုဝင္မ်ားအားလုံးနဲ႔တကြ ႂကြေရာက္လာၾကတဲ့ ဧည့္သည္ မိတ္ေဆြ သူငယ္ခ်င္း မီဒီယာ ဆရာဆရာမမ်ား အားလုံးကိုလဲ ေက်းဇူးတင္ပါတယ္ရွင္ ပြဲကိုမတက္ေရာက္ႏိုင္ေပမဲ့ ေမြးေန႔ဆုေတာင္းေပးၾကတဲ့ လူႀကီးမင္းေတြ ေမြးေန႔လက္ေဆာင္ပို႔ေပးခဲ့ၾကတဲ့ သူငယ္ခ်င္းေတြ ပရိတ္သတ္ေတြ အားလုံးကိုလဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ရွင္” ဆိုၿပီး ေျပာထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သူမက အႏုပညာအလုပ္ေတြ ဆက္တိုင္လုပ္ကိုင္ေန တာကိုလည္းေတြ႔ ရပါတယ္။

(Unicode)

ပျော်စရာမွေးနေ့ပွဲလေး ကျင်းပနိုင်ခဲ့တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်

===============================================

ဒီဇင်ဘာလ ၃ ရက်နေ့က သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ မွေးနေ့မတိုင်ခင် တစ်ရက်မှာ မွေးနေ့အကြို စတုဒီသာအလှူ ကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

နောက်ပြီး အနုပညာ သက်တမ်း ၁၀ နှစ်ပြည့်တဲ့နေ့လေးနဲ့ မွေးနေ့လေးနဲ့ တူနေတာကြောင့် ပိုပြီး အဓိပါယ်ရှိပြီး ပီတိ ရတယ်လို့ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ အခုလိုရေးထားတာတွေ့ရပါတယ်။
“အရမ်းပျော်စရာကောင်းတဲ့ မွေးနေ့အမှတ်တရ ညလေးတစ်ည ဖြစ်ခဲ့ပါတယ် အနုပညာသက်တမ်း ၁၀ နှစ် ပြည့်တဲ့ နှစ်မို့ ပိုပြီး အဓိပါယ်ရှိသလို ကိုယ်တကယ်ချစ်ရခင်ရ လေးစားရတဲ့ သူတွေ အားလုံးကို ကိုယ့်မွေးနေ့ပွဲလေးမှာ တစုတဝေးထဲ တွေ့လိုက်ရလို့ပိုပြီး ပီတိဖြစ်မိပါတယ်ရှင် ပွဲစတဲ့အချိန်က စပြီး ပွဲပြီးတဲ့အချိန်ထိ တောက်လျှောက် တစ်ယောက်မှ မပြန်ပဲ ချီမြှင့်ပေးကြလို့လဲ ကျေးဇူးအများကြီးတင်ပါတယ်” လို့ရေးထားပါတယ်။

ပိုးကြာဖြူခင်က မွေးနေ့မှာ ဆုမွန်းကောင်းတောင်းပေးတဲ့ သူတွေနဲ့ မွေးနေ့လက်ဆောင်တွေပေးခဲ့တဲ့ သူငယ်ချင်းတွေ ပရိသတ်တွေကိုလည်း အခုလို ကျေးဇူးတင်စကားပြောထားပါသေးတယ်။
“ပွဲတလျောက် အားပေးကူညီပေးခဲ့တဲ့ Aroma Zulu Wedding Studio မိသားစုဝင်များအားလုံးနဲ့တကွ ကြွရောက်လာကြတဲ့ ဧည့်သည် မိတ်ဆွေ သူငယ်ချင်း မီဒီယာ ဆရာဆရာမများ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင် ပွဲကိုမတက်ရောက်နိုင်ပေမဲ့ မွေးနေ့ဆုတောင်းပေးကြတဲ့ လူကြီးမင်းတွေ မွေးနေ့လက်ဆောင်ပို့ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ ပရိတ်သတ်တွေ အားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ရှင်” ဆိုပြီး ပြောထားပါတယ်။

လက်ရှိအချိန်မှာတော့ သူမက အနုပညာအလုပ်တွေ ဆက်တိုင်လုပ်ကိုင်နေ တာကိုလည်းတွေ့ ရပါတယ်။

Photo Credit

Related posts