





Photo Credit

ကိုရီးယားမှာ မျက်နှာခွဲစိတ်မှု ပြုလုပ်ခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်

======================================

သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် ကတော့ ကိုရီးယားမှာ မျက်နှာခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သူမက လက်ရှိမှာ မြန်မာနိုင်ငံသို့ ပြန်ရောက်နေပြီဖြစ်ပြီး မျက်နှာ ရဲ့ အခြေအနေကို အခုလို ပြောပြထားပါတယ်။

“မျက်နှာတွေ ရောင် နေတုန်းပဲရှင့်… Complete result က ၆လ ပြည့်မှ ရ မှာပါ တဲ့… ၁ လ ပြည့်ရင်တော့ make up လိမ်းလို့ ရ ပါပြီ… မျက်ရစ်တွေ ကတော့ အရောင်ဆုံး ပါပဲ” ဆိုပြီး သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးထားတာတွေ့ရပါတယ်။

သူမရဲ့ မိတ်ဆွေတွေနဲ့ ပရိသတ်တွေကတော့ ဂရုစိုက်ဖို့ သတိပေးထားကြတာကိုလည်း တွေ့ရပါတယ်။

သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် ဟာ အဆိုပိုင်းမှာ နာမည်ကျော်ကြားရုံသာမက သရုပ်ဆောင် ပိုင်းမှာပါ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

Related posts