



Photo Credit

မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးလိုက်တဲ့ ချစ်စနိုးဦး

=====================================
သရုပ်ဆောင်ချစ်စနိုးဦးကတော့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ (၁၆) ရက်နေ့က Lotte Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကိုတော့ နှစ်ဖက်မိဘစုံစုံလင်လင်နဲ့ အနုပညာရှင်များစွာတက်ရောက်ဂုဏ်ပြုခဲ့ကြတာ တွေ့ရပါတယ်။

ချစ်စနိုးဦးတို့ စုံတွဲကတော့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို အောက်တိုဘာ(၂၀) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကိုတော့ အောက်တိုဘာ(၂၆) ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Related posts