ေဗာ့ဒ္ကာ (vodka) အရက္ကို အလွပအေရးရာအတြက္ အသံုးျပဳႏိုင္တဲ့နည္း

 အသားအေရၾကည္လင္ေစဖို႔

ေခြၽးေပါက္ပိတ္တာေတြကို ပြင့္သြားေအာင္ ေဗာ့ဒ္ကာအရက္က လုပ္ေပးႏိုင္ပါတယ္။ ေဗာ့ဒ္ကာတုန္နာ (toner) ေလး လုပ္ဖို႔အတြက္ ေဗာ့ဒ္ကာ – လက္ဖက္စားဇြန္း ၁ ဇြန္း၊ ေပါင္းခံရည္ – လက္ဖက္စားဇြန္း ၂ ဇြန္း၊ rosemary နဲ႔ jojoba oil – လက္ဖက္စားဇြန္း ၂ ဇြန္းစီတို႔ကို ေရာစပ္သုံးႏိုင္ပါတယ္။ ေခြၽးေပါက္ထဲက အညစ္အေၾကးေတြသန႔္စင္သြားၿပီး ေခြၽးေပါက္က်ဥ္းေစပါတယ္။ ယားယံတာေတြကို ခ်က္ခ်င္းသက္သာေစပါတယ္။

 ဆံပင္ေပါင္းေဆး

ပ်ားရည္၊ ၾကက္သြန္နီအရည္၊ ေဗာ့ဒ္ကာတို႔ကို ေရာစပ္ၿပီး ဆံပင္ေပါင္းေဆးလုပ္လို႔ရတယ္။ အားလုံးကို ေရာၿပီး ဆံပင္မွာလိမ္းၿပီး တညအိပ္ ထားလိုက္ပါ။ မနက္က်မွ ေခါင္းျပန္ေလွ်ာ္႐ုံပဲ။ ဆံပင္ကြၽတ္တာသက္သာၿပီး ဦးေရျပားက အဆိပ္နဲ႔ ဘက္တီးရီးယားေတြကို ေပ်ာက္ေစပါတယ္။ ဆံပင္ကိုလည္းသန္ေစတယ္။

ေျခေထာက္ cleansing

ေျခေထာက္ကအနံ႔ဆိုးေတြ ထြက္တာကို ေပ်ာက္ခ်င္ရင္လည္း ေဗာ့ဒ္ကာကိုပဲ သုံးလို႔ရပါတယ္။ ေဗာ့ဒ္ကာအရက္မွာပါဝင္တဲ့ အယ္လ္ကိုေဟာက ဘက္တီးရီးယားေတြကိုေသေစပါတယ္။ ေရေအးနဲ႔ေဗာ့ဒ္ကာကို ေရာစပ္ၿပီး ေျခေထာက္ကို စိမ္ေပးပါ။ ဒါမွမဟုတ္လည္း ေဗာ့ဒ္ကာကိုေရနဲ႔စပ္ၿပီး အဝတ္ေလးမွာဆြတ္၊ ေျခေထာက္ကိုသုတ္ေပးရင္ အနံ႔ေပ်ာက္ပါတယ္။

Source : Be Beautiful

Unicode ျဖင့္ဖတ္ရန္

ဗော့ဒ်ကာ (vodka) အရက်ကို အလှပအရေးရာအတွက် အသုံးပြုနိုင်တဲ့နည်း

=================================================

အသားအရေကြည်လင်စေဖို့

ချွေးပေါက်ပိတ်တာတွေကို ပွင့်သွားအောင် ဗော့ဒ်ကာအရက်က လုပ်ပေးနိုင်ပါတယ်။ ဗော့ဒ်ကာတုန်နာ (toner) လေး လုပ်ဖို့အတွက် ဗော့ဒ်ကာ – လက်ဖက်စားဇွန်း ၁ ဇွန်း၊ ပေါင်းခံရည် – လက်ဖက်စားဇွန်း ၂ ဇွန်း၊ rosemary နဲ့ jojoba oil – လက်ဖက်စားဇွန်း ၂ ဇွန်းစီတို့ကို ရောစပ်သုံးနိုင်ပါတယ်။ ချွေးပေါက်ထဲက အညစ်အကြေးတွေသန့်စင်သွားပြီး ချွေးပေါက်ကျဉ်းစေပါတယ်။ ယားယံတာတွေကို ချက်ချင်းသက်သာစေပါတယ်။

ဆံပင်ပေါင်းဆေး

ပျားရည်၊ ကြက်သွန်နီအရည်၊ ဗော့ဒ်ကာတို့ကို ရောစပ်ပြီး ဆံပင်ပေါင်းဆေးလုပ်လို့ရတယ်။ အားလုံးကို ရောပြီး ဆံပင်မှာလိမ်းပြီး တညအိပ် ထားလိုက်ပါ။ မနက်ကျမှ ခေါင်းပြန်လျှော်ရုံပဲ။ ဆံပင်ကျွတ်တာသက်သာပြီး ဦးရေပြားက အဆိပ်နဲ့ ဘက်တီးရီးယားတွေကို ပျောက်စေပါတယ်။ ဆံပင်ကိုလည်းသန်စေတယ်။

 

ခြေထောက် cleansing

ခြေထောက်ကအနံ့ဆိုးတွေ ထွက်တာကို ပျောက်ချင်ရင်လည်း ဗော့ဒ်ကာကိုပဲ သုံးလို့ရပါတယ်။ ဗော့ဒ်ကာအရက်မှာပါဝင်တဲ့ အယ်လ်ကိုဟောက ဘက်တီးရီးယားတွေကိုသေစေပါတယ်။ ရေအေးနဲ့ဗော့ဒ်ကာကို ရောစပ်ပြီး ခြေထောက်ကို စိမ်ပေးပါ။ ဒါမှမဟုတ်လည်း ဗော့ဒ်ကာကိုရေနဲ့စပ်ပြီး အဝတ်လေးမှာဆွတ်၊ ခြေထောက်ကိုသုတ်ပေးရင် အနံ့ပျောက်ပါတယ်။
Source : Be Beautiful

Related posts