








Unicode ဖြင့်ဖတ်ရန်

အသားအရေ ဖြူဝင်းလှပစေဖို့အတွက် သဘာဝပေါင်းတင်နည်း

========================================

သင်္ဘောသီးနဲ့ ပျားရည် ကို အသုံးပြုပြီး အသားအရေ ဖြူဝင်းလှပအောင်ပေါင်းတင်နည်း
သင်္ဘောသီးကို စားပေးရင် အသားအရေလှပသလို သဘာဝပေါင်းတင်ပစ္စည်းအဖြစ်လည်း အသားအရေ မြန်မြန်ဖြူဝင်းလာအောင် အသုံးပြုလို့ရပါတယ်။
ဒီနေ့မှာတော့ သင်္ဘောသီးနဲ့ ပျားရည် ကို အသုံးပြုပြီး အသားအရေ ဖြူဝင်းလှပအောင် ပေါင်းတင်နည်း လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ပြုလုပ်ပုံကတော့ သင်္ဘောသီးကို အတုံးလေးတွေလုပ်ပြီး ဖန်ခွက်ထဲမှာ တစ်ဝက်ခန့်ထည့်ပြီး အနှစ်ဖြစ်အောင်လုပ်ပေးပါ။
ပြီးရင် ပျားရည်တစ်ဇွန်းထည့်ပြီး သမအောင်မွှေပေးပါ။
ပြီးရင်တော့ မျက်နှာပေါ်မှာ မိနစ်နှစ်ဆယ်လောက် လိမ်းထားပြီး ရေနွေးနွေးနဲ့ ဆေးလိုက်ပါ။
ပြီးရင်တော့ ရေအေးနဲ့ ပြန်ဆေးပြီး မျက်နှာကို ခြောက်သွေ့အောင် ဖွဖွပုတ်ပေးလိုက်ပါ။

ဒီနည်းလမ်းလေးကို ညအိပ်ရာမဝင်ခင် နေ့တိုင်း လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
အဆီပြန်တဲ့သူတွေ၊ သာမန်အသားအရေပိုင်ဆိုင်သူတွေက ဒီနည်းလမ်းနဲ့ အဆင်ပြေပါတယ်။

 

Related posts