




Unicode ဖြင့်ဖတ်ရန်

ဖြိုးပြည်စုံရဲ့ ဆေးစစ်ချက်အဖြေကို စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့ နီနီခင်ဇော်

=======================================================
လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးနေတဲ့ ဖြိုးပြည့်စုံ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ဖမ်းဆီးထိန်းသိမ်းထားခံရတဲ့ သတင်းကြောင့် ဖြိုးပြည့်စုံ ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ စိတ်မကောင်း ဖြစ်နေကြပါတယ်။
အဆိုတော် နီနီခင်ဇော်ကတော့ ဖြိုးပြည့်စုံအတွက် ဆေးစစ်ချက်အဖြေကို စောင့်ကြည့်ပေးဖို့ အခုလို မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။
“ကိုဖြိုးကို စိတ်ပူပေးကြတဲ့သူများ အားလုံး ခဏအချိန်ကလေး စောင့်ပြီး တိကျတဲ့ ဆေးစစ်ချက်အဖြေတွေထွက်လာတဲ့အထိ စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ အမှန်တရားကိုစောင့်နေပါတယ်
အကို့ကိုယုံကြည်ရင်း အကောင်းဆုံး ဆုတောင်းပေးပါ
WestandwithPPS” ဆိုပြီး သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးထားပါတယ်။
ဖြိုးပြည့်စုံနဲ့ နီနီခင်ဇော်ကတော့ Melody World အဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး နာမည်ကြီးလာတဲ့ အဆိုတော် နှစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit

Related posts