အလွဴေငြက်ပ္ သိန္းတစ္ရာေက်ာ္ရရွိခဲ့တဲ့ ႏွင္းဆီေလွအၿငိမ့္

သဘာ၀ေဘးဒဏ္ခံစားရတဲ့ ေဒသမ်ားအတြက္ ျပန္လည္ထူေထာင္ေရးရန္ပံုေငြေဖ်ာ္ေျဖပြဲအျဖစ္ ႏွင္းဆီေလွအၿငိမ့္ကို ေအာက္တိုဘာ ၄ ရက္ညက ရန္ ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ရာ လႉဒါန္းေငြ က်ပ္သိန္းတစ္ရာေက်ာ္ ရရွိခဲ့တယ္လို႔သိရပါတယ္။

အၿငိမ့္ေဖ်ာ္ေျဖမႈကိုေတာ့ ယခင္ပြဲမ်ားကဲ့သို႔ ႐ုပ္သံလိုင္း မ်ားမွ တိုက္႐ိုက္ထုတ္လႊင့္ျပျခင္း မရွိဘဲ အခေပး႐ုပ္သံလိုင္းျဖစ္တဲ့ Skynet Pay Par View မွာ အပိုင္း(၁)ကို ေအာက္တိုဘာ ၁၁ ရက္မွ ၁၇ ရက္အထိ၊ အပိုင္း (၂) ကို ၁၈ ရက္မွ ၂၄ ရက္အထိ ျပသသြားမွာ ျဖစ္တယ္လို႔ ျပည္တြင္မီဒီယာမ်ားမွ တဆင့္သိရပါတယ္။

ဒီပြဲႀကီးကိုေတာ့ အင္းလ်ားလိတ္ ဟိုတယ္ဝင္းအတြင္းရွိ YCC ခန္းမမွာျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Photo Credit

Unicode ျဖင့္ဖတ္ရန္

အလှူငွေကျပ် သိန်းတစ်ရာကျော်ရရှိခဲ့တဲ့ နှင်းဆီလှေအငြိမ့်

=========================================
သဘာဝဘေးဒဏ်ခံစားရတဲ့ ဒေသများအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေဖျော်ဖြေပွဲအဖြစ် နှင်းဆီလှေအငြိမ့်ကို အောက်တိုဘာ ၄ ရက်ညက ရန် ကုန်မြို့မှာ ပြုလုပ်ခဲ့ရာ လှူဒါန်းငွေ ကျပ်သိန်းတစ်ရာကျော် ရရှိခဲ့တယ်လို့သိရပါတယ်။
အငြိမ့်ဖျော်ဖြေမှုကိုတော့ ယခင်ပွဲများကဲ့သို့ ရုပ်သံလိုင်း များမှ တိုက်ရိုက်ထုတ်လွှင့်ပြခြင်း မရှိဘဲ အခပေးရုပ်သံလိုင်းဖြစ်တဲ့ Skynet Pay Par View မှာ အပိုင်း(၁)ကို အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်အထိ၊ အပိုင်း (၂) ကို ၁၈ ရက်မှ ၂၄ ရက်အထိ ပြသသွားမှာ ဖြစ်တယ်လို့ ပြည်တွင်မီဒီယာများမှ တဆင့်သိရပါတယ်။
ဒီပွဲကြီးကိုတော့ အင်းလျားလိတ် ဟိုတယ်ဝင်းအတွင်းရှိ YCC ခန်းမမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Related posts