




photo credit

အောက်တိုဘာလမှာ စတင်ရိုက်ကူးပြီဖြစ်တဲ့ “အိမ်မက်တွေမိုးထားတဲ့ အိမ်” ရုပ်သံဇာတ်လမ်းတွဲ

=========================================================
ပရိသတ်တွေ စောင့်မျှော်နေတဲ့ လူငယ်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ အိပ်မက်တွေမိုးထားတဲ့အိမ် ရုပ်သံဇာတ်လမ်းတွဲကို ယခုလ (အောက်တိုဘာလ) ကနေ စတင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ နေခြည်ဦး၊ မေနွယ်ထွန်း၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ ဝမ်ဝမ်း နဲ့ ကေညီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“အိမ်မက်တွေမိုးထားတဲ့အိမ်”ဇာတ်လမ်းတွဲသည် အချစ် ဟာသ နဲ့မိသားစု ဇာတ်လမ်း ပုံစံအမျိုးအစား ဖြစ်ပါတယ်။ အပိုင်း ၂၅ ပိုင်းပါဝင်ပြီး mntv ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသ သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

Related posts