ခ်ိဳးရုပ္ ရုပ္ရွင္ဇာတ္ကားႀကီး ရံုတင္ျပသရေတာ့မွာမို႔ ေပ်ာ္ေနတဲ့ ခင္လႈိင္

ခင္လႈိင္ဟာ သူကိုယ္တိုင္ ဒါရိုက္တာအျဖင့္ ပထမဆံုးရိုက္ကူးပံုေဖာ္ခဲ့တဲ့ ခ်ိဳးရုပ္ ရွပ္ရွင္ဇာတ္ကားႀကီး ရံုတင္ျပသရေတာ့မွာမို႕ ေပ်ာ္ေနတယ္လို႕ အခုလို ေဖ့ဘြတ္စာမ်က္ႏွာမွာေရးထားပါတယ္။

“ဒီေန႔ကၽြန္ေတာ္ဘဝအတြက္အေပ်ာ္ရႊင္ဆံုးေန႔ရက္ေတြထဲကရင္ေတြတုံေနေအာင္ေပ်ာ္ရတဲ့အေပ်ာ္ေတြရေသာရက္ပါ ကၽြန္ေတာ္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးထားတဲ့ ႏွစ္ကားထဲက ခ်ဳိး႐ုပ္ ဇာတ္ကားႀကီးကိုျပသခြင့္ျပဳလိုက္ပါၿပီ ျပသခြင့္ျပဳေပးခဲ့ေသာ မဂၤလာ Group မွတာဝန္ရွိလူႀကီးမင္းမ်ားကိုအထူးေက်းဇူးတင္ပါတယ္
ကၽြန္ေတာ့္ကိုယံုၾကည္စြာျဖင့္အႏုပညာဖန္တည္းတင္ျပခြင့္ေပးခဲ့ေသာေအာင္သီရိ႐ုပ္ရွင္ထုပ္လုပ္ေရးကိုလဲအထူးေက်းဇူးတင္ပါတယ္ ခ်စ္မိတ္ေဆြတို႔ေရ ကၽြန္ေတာ္တတ္သမွ်မွတ္သမွ်ႀကိဳးစားထားတဲ့

ခ်ဳိး႐ုပ္ ႐ုပ္ရွင္ဇာတ္ကားႀကီး 17.10.2019 မွာ ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ မဂၤလာအဆင့္ျမင့္ ႐ုပ္ရွင္ရံုႀကီးမ်ားမွာျပသပါေတာ့မယ္ အားေပးဝန္းရံ အၾကံေပးၾကပါလို႔ ဖိတ္ေခၚပါတယ္ခင္ဗ်ာ” ဆိုၿပီး ေရးထားပါတယ္။

ခ်ိဳးရုပ္ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ေအာက္တိုဘာလ ၁၇ ရက္ေန႔ကစၿပီး ရံုတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

ဒီဇာတ္ကားႀကီးမွာ အဓိကသရုပ္ေဆာင္ေတြ အေနနဲ႔ ျမင့္ျမတ္၊ အိေခ်ာပို၊ တိုင္ရြန္၊ ခင္လႈိင္၊ ဂ်ိဳကာ၊ ၾကက္ဖ နဲ႔ ေရႊပိုးအိမ္တို႔က ပါ၀င္သရုပ္ေဆာင္ထားၾကတာျဖစ္ပါတယ္။

Photo Credit

Unicode ျဖင့္ဖတ္ရန္

ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရတော့မှာမို့ ပျော်နေတဲ့ ခင်လှိုင်

===============================================
ခင်လှိုင်ဟာ သူကိုယ်တိုင် ဒါရိုက်တာအဖြင့် ပထမဆုံးရိုက်ကူးပုံဖော်ခဲ့တဲ့ ချိုးရုပ် ရှပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရတော့မှာမို့ ပျော်နေတယ်လို့ အခုလို ဖေ့ဘွတ်စာမျက်နှာမှာရေးထားပါတယ်။
“ဒီနေ့ကျွန်တော်ဘဝအတွက်အပျော်ရွှင်ဆုံးနေ့ရက်တွေထဲကရင်တွေတုံနေအောင်ပျော်ရတဲ့အပျော်တွေရသောရက်ပါ ကျွန်တော် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ နှစ်ကားထဲက ချိုးရုပ် ဇာတ်ကားကြီးကိုပြသခွင့်ပြုလိုက်ပါပြီ ပြသခွင့်ပြုပေးခဲ့သော မင်္ဂလာ Group မှတာဝန်ရှိလူကြီးမင်းများကိုအထူးကျေးဇူးတင်ပါတယ်
ကျွန်တော့်ကိုယုံကြည်စွာဖြင့်အနုပညာဖန်တည်းတင်ပြခွင့်ပေးခဲ့သောအောင်သီရိရုပ်ရှင်ထုပ်လုပ်ရေးကိုလဲအထူးကျေးဇူးတင်ပါတယ် ချစ်မိတ်ဆွေတို့ရေ ကျွန်တော်တတ်သမျှမှတ်သမျှကြိုးစားထားတဲ့
ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး 17.10.2019 မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာပြသပါတော့မယ် အားပေးဝန်းရံ အကြံပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ” ဆိုပြီး ရေးထားပါတယ်။
ချိုးရုပ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်တွေ အနေနဲ့ မြင့်မြတ်၊ အိချောပို၊ တိုင်ရွန်၊ ခင်လှိုင်၊ ဂျိုကာ၊ ကြက်ဖ နဲ့ ရွှေပိုးအိမ်တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

Related posts