အသားအေရအမ်ိဳးအစားအလိုက္ အလြယ္ကူဆံုး သဘာဝေပါင္းတင္နည္းမ်ား

  1. သာမန္ အသားအေရ

လိုအပ္ေသာပစၥည္းမ်ား – ေထာပတ္သီး ၊ စေတာ္ဘယ္ရီသီး

သာမန္အသားအေရပိုင္႐ွင္ေတြဟာ ျပႆနာတက္ေလ့မ႐ွိတဲ့ ကံအေကာင္းဆံုးအသားအေရပိုင္႐ွင္ေတြဆိုေပမယ့္ ေပါင္းတင္တာေလးေတာ့ လုပ္ေပးသင့္ပါတယ္။ စေတာ္ဘယ္ရီသီး ၁ လံုးကို ေထာပတ္သီးစားပဲြတင္ဇြန္း ၁ ဇြန္းနဲ႔ ေရာျပီး ႀကိတ္ပါ။ ၿပီးရင္ မ်က္ႏွာေပၚမွာ လိမ္းျပီး မိနစ္ ၂၀ ထားပါ။ အခ်ိန္ျပည့္ရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ ၾကည္လင္၀င္းပျဖဴစင္တဲ့ မ်က္ႏွာေလးကို ရ႐ွိလာမွာပဲျဖစ္ပါတယ္။

  1. အဆီျပန္ေသာ အသားအေရ

လိုအပ္ေသာပစၥည္းမ်ား – သံပုရာသီး ၊ ၾကက္ဥအကာ

သံပုရာသီးတစ္ျခမ္းကို အရည္ညွစ္ျပီး အျမဳပ္ထြက္ေအာင္ ေခါက္ထားတဲ့ၾကက္ဥအကာနဲ႔ ေရာေမႊပါ။ မ်က္နွာအႏွံ႔ လိမ္းေပးရပါမယ္။ ၁၅ မိနစ္ၾကာတဲ့အခါ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္လိုက္ပါ။ ၃ ပါတ္အတြင္း အဆီျပန္တာေတြ ေလ်ာ့နည္းသြားပါလိမ့္မယ္။

  1. ေျခာက္ေသြ႔ေသာ အသားအေရ

လိုအပ္ေသာပစၥည္းမ်ား – ၾကက္ဥအႏွစ္ ၊ ငွက္ေပ်ာသီး ၊ သံလြင္ဆီ

ငွက္ေပ်ာသီးတစ္ဝက္ကို အခြံႏႊာၿပီး ႀကိတ္ေခ်ထားပါ။ ၾကက္ဥအကာမ်ားကိုဖယ္ထုတ္ၿပီး အႏွစ္သက္သက္ ပန္းကန္တစ္ခုထဲထည့္ထားပါ။ ႀကိတ္ထားတဲ့ငွက္ေပ်ာသီးထဲကို ၾကက္ဥအႏွစ္ေရာပါ။ သံလြင္ဆီ လက္ဖက္ရည္ဇြန္းတစ္ဇြန္း ထည့္ပါ။ အားလံုးကိုေရာေမႊၿပီး မ်က္ႏွာေပၚလိမ္းပါ။ ၁၅ မိနစ္ခန္႔ထားၿပီး ေရေအးေအးနဲ႔ ေဆးခ်လိုက္ပါ။ ပ်က္စီးေျခာက္ေသြ႔ေနေသာ အသားအေရကို ေကာင္းမြန္လာေစႏိုင္ပါတယ္။

  1. ေပါင္းစပ္ အသားအေရ

လိုအပ္ေသာပစၥည္းမ်ား – သခြားသီး ၊ ဒိန္ခ်ဥ္

အဆီျပန္တဲ့အျပင္ တစ္ခါတစ္ရံေျခာက္ေသြ႔တတ္တဲ့ အသားအေရပိုင္႐ွင္ေတြဟာ ေပါင္းစပ္အသားအေရပါ။
သခြားသီးတစ္ျခမ္းကို ႀကိတ္စက္နဲ႔ ႀကိတ္ၿပီး ဒိန္ခ်ဥ္ စားပဲြတင္ဇြန္း ၁ ဇြန္းနဲ႔ ေသခ်ာေရာေမႊေပးပါ။ မ်က္ႏွာတစ္ခြင္ လိမ္းျပီး မိနစ္ ၃၀ ၾကာတဲ့အခါ ေရေအးျဖင့္ မ်က္ႏွာသစ္ေပးပါ။

  1. ေခြၽးေပါက္က်ယ္ေသာ အသားအေရ

လိုအပ္ေသာပစၥည္းမ်ား – ငွက္ေပ်ာသီး

ငွက္ေပ်ာသီးတစ္လံုးကို ႀကိတ္ေခ်ၿပီး ရလာတဲ့ အႏွစ္ကို မ်က္ႏွာအႏွံ႔လိမ္းရပါမယ္။ မိနစ္ ၂၀ ထားပါ။ အခ်ိန္ျပည့္တဲ့အခါ ေရေအးေအးေလးနဲ႔ ေဆးခ်လိုက္ပါ။ ဒီနည္းလမ္းက အရမ္းလြယ္ကူၿပီး အသားအေရကို သန္႔စင္ေစပါတယ္။ ေခြၽးေပါက္ေတြလည္း က်ဥ္းသြားေစပါတယ္။

  1. ဝက္ျခံထြက္ေသာ အသားအေရ

လိုအပ္ေသာပစၥည္းမ်ား – သံပုရာသီး ၊ ပန္းသီး ၊ ပ်ားရည္

သံပုရာသီးကို အရည္ညႇစ္ၿပီး က်န္တဲ့သံပုရာဖတ္ကို မ်က္ႏွာေပၚပြတ္ပါ။ အနည္းငယ္စပ္ပါလိမ့္မယ္။ ၅ မိနစ္ၾကာလ်ွင္ ေရေဆးခ်ပါ။
ပန္းသီးတစ္လံုးကို ႀကိတ္စက္ထဲ ထည့္ႀကိတ္ရပါမယ္။ ရလာတဲ့အႏွစ္ကို ပ်ားရည္ စားပြဲတင္ဇြန္း ၅ ဇြန္းနဲ႔ ေရာေမႊပါ။ မ်က္ႏွာေပၚတြင္လိမ္းက်ံၿပီး ၁၀ မိနစ္ၾကာတဲ့အခါ ေရေအးႏွင့္ မ်က္ႏွာသစ္လိုက္ပါ။ အပါတ္စဥ္လုပ္ေပးပါက ဝက္ျခံေပ်ာက္ကင္းလာပါလိမ့္မယ္။

  1. အေရးအေၾကာင္း႐ွိေသာ အသားအေရ

လိုအပ္ေသာပစၥည္းမ်ား – ငွက္ေပ်ာသီး

ငွက္ေပ်ာသီးတစ္လံုးကို ႀကိတ္ေခ်ၿပီး ရလာတဲ့ အႏွစ္ကို မ်က္ႏွာအႏွံ႔လိမ္းရပါမယ္။ မိနစ္ ၂၀ ထားပါ။ အခ်ိန္ျပည့္တဲ့အခါ ေရေအးေအးေလးနဲ႔ ေဆးခ်လိုက္ပါ။ ဒီနည္းလမ္းက အရမ္းလြယ္ကူၿပီး အသားအေရကို သန္႔စင္ေစပါတယ္။ ေခြၽးေပါက္ေတြလည္း က်ဥ္းသြားေစပါတယ္။

သတိထားရမယ့္အခ်က္ေတြ႐ွိပါတယ္။ ဒါကေတာ့

  • ေပါင္းတင္တာမျပဳလုပ္ခင္ မ်က္ႏွာကိုသန္႔စင္ေအာင္ ေဆးေၾကာရပါမယ္။ ဖုန္ေတြ၊ ေခ်းေတြကို မသန္႔စင္ဘဲ ေပါင္းတင္တဲ့အခါ မ်က္ႏွာကိုဆိုးရြားစြာ ပ်က္စီးေစမွာပါ။
  • ေပါင္းတင္ၿပီး ေနပူဒဏ္မခံဖို႔ လိုအပ္ပါတယ္။ ေပါင္းတင္ထားတဲ့အသားအေရဟာ သာမန္ထက္ႏူးညံေနတဲ့အတြက္ ပ်က္စီးလြယ္ပါတယ္။ ေနဒဏ္ခံလိုက္ရမယ္ဆိုရင္ မ်က္ႏွာဟာ မေပါင္းတင္ခင္ကထက္ ၂ ဆ ပ်က္စီးမွာပါ။ ေပါင္းတင္ၿပီး မ်က္ႏွာဖ်က္စီးတာမ်ိဳး မလုပ္မိပါေစနဲ႔ေနာ္။
  • တစ္ပါတ္ကို အမ်ားဆံုး ၂ ခါထိပဲ ေပါင္းတင္သင့္ပါတယ္။ အဲ့ထက္ လံုးဝ လံုးဝ မမ်ားပါေစနဲ႔။ ဆဲလ္ေတြျပဳျပင္ခ်ိန္မရေတာ့ဘဲ facial cells ေတြ ေသသြားႏိုင္ပါတယ္။

credit

Unicode ျဖင့္ဖတ္ရန္

အသားအရေအမျိုးအစားအလိုက် အလွယ်ကူဆုံး သဘာဝပေါင်းတင်နည်းများ

===============================================

သာမန် အသားအရေ

လိုအပ်သောပစ္စည်းများ – ထောပတ်သီး ၊ စတော်ဘယ်ရီသီး

သာမန်အသားအရေပိုင်ရှင်တွေဟာ ပြဿနာတက်လေ့မရှိတဲ့ ကံအကောင်းဆုံးအသားအရေပိုင်ရှင်တွေဆိုပေမယ့် ပေါင်းတင်တာလေးတော့ လုပ်ပေးသင့်ပါတယ်။ စတော်ဘယ်ရီသီး ၁ လုံးကို ထောပတ်သီးစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီး ကြိတ်ပါ။ ပြီးရင် မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ကြည်လင်ဝင်းပဖြူစင်တဲ့ မျက်နှာလေးကို ရရှိလာမှာပဲဖြစ်ပါတယ်။

အဆီပြန်သော အသားအရေ

လိုအပ်သောပစ္စည်းများ – သံပုရာသီး ၊ ကြက်ဥအကာ

သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး အမြုပ်ထွက်အောင် ခေါက်ထားတဲ့ကြက်ဥအကာနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးရပါမယ်။ ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ၃ ပါတ်အတွင်း အဆီပြန်တာတွေ လျော့နည်းသွားပါလိမ့်မယ်။

ခြောက်သွေ့သော အသားအရေ

လိုအပ်သောပစ္စည်းများ – ကြက်ဥအနှစ် ၊ ငှက်ပျောသီး ၊ သံလွင်ဆီ

ငှက်ပျောသီးတစ်ဝက်ကို အခွံနွှာပြီး ကြိတ်ချေထားပါ။ ကြက်ဥအကာများကိုဖယ်ထုတ်ပြီး အနှစ်သက်သက် ပန်းကန်တစ်ခုထဲထည့်ထားပါ။ ကြိတ်ထားတဲ့ငှက်ပျောသီးထဲကို ကြက်ဥအနှစ်ရောပါ။ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။ အားလုံးကိုရောမွှေပြီး မျက်နှာပေါ်လိမ်းပါ။ ၁၅ မိနစ်ခန့်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပျက်စီးခြောက်သွေ့နေသော အသားအရေကို ကောင်းမွန်လာစေနိုင်ပါတယ်။

ပေါင်းစပ် အသားအရေ

လိုအပ်သောပစ္စည်းများ – သခွားသီး ၊ ဒိန်ချဉ်

အဆီပြန်တဲ့အပြင် တစ်ခါတစ်ရံခြောက်သွေ့တတ်တဲ့ အသားအရေပိုင်ရှင်တွေဟာ ပေါင်းစပ်အသားအရေပါ။
သခွားသီးတစ်ခြမ်းကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သေချာရောမွှေပေးပါ။ မျက်နှာတစ်ခွင် လိမ်းပြီး မိနစ် ၃၀ ကြာတဲ့အခါ ရေအေးဖြင့် မျက်နှာသစ်ပေးပါ။

ချွေးပေါက်ကျယ်သော အသားအရေ

လိုအပ်သောပစ္စည်းများ – ငှက်ပျောသီး

ငှက်ပျောသီးတစ်လုံးကို ကြိတ်ချေပြီး ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့လိမ်းရပါမယ်။ မိနစ် ၂၀ ထားပါ။ အချိန်ပြည့်တဲ့အခါ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းက အရမ်းလွယ်ကူပြီး အသားအရေကို သန့်စင်စေပါတယ်။ ချွေးပေါက်တွေလည်း ကျဉ်းသွားစေပါတယ်။

ဝက်ခြံထွက်သော အသားအရေ

လိုအပ်သောပစ္စည်းများ – သံပုရာသီး ၊ ပန်းသီး ၊ ပျားရည်

သံပုရာသီးကို အရည်ညှစ်ပြီး ကျန်တဲ့သံပုရာဖတ်ကို မျက်နှာပေါ်ပွတ်ပါ။ အနည်းငယ်စပ်ပါလိမ့်မယ်။ ၅ မိနစ်ကြာလျှင် ရေဆေးချပါ။
ပန်းသီးတစ်လုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ရပါမယ်။ ရလာတဲ့အနှစ်ကို ပျားရည် စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာပေါ်တွင်လိမ်းကျံပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးနှင့် မျက်နှာသစ်လိုက်ပါ။ အပါတ်စဉ်လုပ်ပေးပါက ဝက်ခြံပျောက်ကင်းလာပါလိမ့်မယ်။

အရေးအကြောင်းရှိသော အသားအရေ

လိုအပ်သောပစ္စည်းများ – ငှက်ပျောသီး

ငှက်ပျောသီးတစ်လုံးကို ကြိတ်ချေပြီး ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့လိမ်းရပါမယ်။ မိနစ် ၂၀ ထားပါ။ အချိန်ပြည့်တဲ့အခါ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းက အရမ်းလွယ်ကူပြီး အသားအရေကို သန့်စင်စေပါတယ်။ ချွေးပေါက်တွေလည်း ကျဉ်းသွားစေပါတယ်။

သတိထားရမယ့်အချက်တွေရှိပါတယ်။ ဒါကတော့

ပေါင်းတင်တာမပြုလုပ်ခင် မျက်နှာကိုသန့်စင်အောင် ဆေးကြောရပါမယ်။ ဖုန်တွေ၊ ချေးတွေကို မသန့်စင်ဘဲ ပေါင်းတင်တဲ့အခါ မျက်နှာကိုဆိုးရွားစွာ ပျက်စီးစေမှာပါ။
ပေါင်းတင်ပြီး နေပူဒဏ်မခံဖို့ လိုအပ်ပါတယ်။ ပေါင်းတင်ထားတဲ့အသားအရေဟာ သာမန်ထက်နူးညံနေတဲ့အတွက် ပျက်စီးလွယ်ပါတယ်။ နေဒဏ်ခံလိုက်ရမယ်ဆိုရင် မျက်နှာဟာ မပေါင်းတင်ခင်ကထက် ၂ ဆ ပျက်စီးမှာပါ။ ပေါင်းတင်ပြီး မျက်နှာဖျက်စီးတာမျိုး မလုပ်မိပါစေနဲ့နော်။
တစ်ပါတ်ကို အများဆုံး ၂ ခါထိပဲ ပေါင်းတင်သင့်ပါတယ်။ အဲ့ထက် လုံးဝ လုံးဝ မများပါစေနဲ့။ ဆဲလ်တွေပြုပြင်ချိန်မရတော့ဘဲ facial cells တွေ သေသွားနိုင်ပါတယ်။

 

Related posts