အလွအပထိန္းသိမ္းနည္ း (၁၀)ခ်က္

(၁) မိတ္ကပ္မ်ား ႏွင့္ ဘယ္ေသာအခါမွ မအိပ္သင့္ပါ

မိတ္ကပ္ လိမ္းျခယ္ ထားတဲ့ မ်က္ႏွာကို သန္႔စင္ ေဆးေၾကာတာမ်ဳိး မလုပ္ဘဲ အိပ္စက္တာက အဖုအပိမ့္ ေပါက္တာနဲ႔ နီျမန္းတာေတြကို ျဖစ္ေစၿပီး အခ်ိန္ ၾကာလာတဲ့ အခါမွာ အသားအေရကို ထိခိုက္ေစႏိုင္ ပါတယ္။ မိတ္ကပ္ အၾကြင္းအက်န္ ေတြေၾကာင့္ ေခြၽးေပါက္ ပိတ္တာ၊ အေရျပား ေရာင္ရမ္းတာနဲ႔ ပ်က္စီးတာေတြကို ျဖစ္ေစႏိုင္ ပါတယ္။ ဒါေၾကာင့္ ညအိပ္ရာ မဝင္ခင္မွာ အေရျပားကို ႏူးညံ့တဲ့ ဆပ္ျပာနဲ႔ ေဆးေၾကာ သန္႔စင္ ေပးပါ။

(၂) တာရွည္ ခံေအာင္ ျပဳျပင္ထားေသာ အစာမ်ားကို ေလွ်ာ႕စားပါ

တာရွည္ခံေအာင္ ျပဳျပင္ထားတဲ့ အစားအေသာက္ေတြက သၾကား၊ ဆား၊ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အဆီနဲ႔ ျပည့္ေနပါတယ္။ ဒီအရာေတြကို စားသံုးလိုက္လို႔ ခႏၶာကိုယ္ထဲ ေရာက္သြားခ်ိန္မွာ အေရျပားရဲ႕ က်န္းမာေရးကို ေကာင္းက်ဳိး မေပးႏိုင္ပါဘူး။

(၃) ေကာင္းေသာ အဆီကို စားပါ

ငါးနဲ႔ ငါးအဆီ ပါဝင္တဲ့ အစာေတြကို စားတာက အသားအေရကို က်န္းမာ လွပေစ ပါတယ္။ သံလြင္ဆီကလည္း ေကာင္းတဲ့ အဆီ ျဖစ္တာေၾကာင့္ ဟင္းလ်ာေတြကို ခ်က္ျပဳတ္တဲ့ အခါမွာ ထည့္သံုးသင့္ ပါတယ္။

(၄) ေဆာ္ဒါ အခ်ဳိရည္ႏွင့္ အျခား အခ်ဳိရည္မ်ားကို ေရွာင္ပါ

ေဆာ္ဒါနဲ႔ တျခား အခ်ဳိရည္ေတြမွာ ကယ္လိုရီ ပါဝင္မႈ မ်ားတာေၾကာင့္ ကိုယ္အေလးခ်ိန္ မ်ားေစႏိုင္သလို အေရျပားကိုပါ ႏြမ္းနယ္ေစ ပါတယ္။ ေရကို အလံုအေလာက္ ေသာက္ၿပီး ေရဓာတ္ ျပည့္ဝေအာင္ ေနတာက အသားအေရကို က်န္းမာ လွပေစ ပါတယ္။

(၅) အလွကုန္ ပစၥည္းမ်ား အတြက္ ေငြမ်ားစြာ မျဖဳန္းသင့္ပါ

ႏုပ်ဳိ လွပဖို႔ အတြက္ ေစ်းကြက္ထဲမွာ အသားအေရထိန္း ပစၥည္းေတြ မ်ဳိးစံု ရွိေနပါတယ္။ ေစ်းႀကီးတိုင္း ေကာင္းတယ္ ထင္ၿပီး အမ်ားႀကီး ေလွ်ာက္ မဝယ္ပါနဲ႔။ သင့္ အသားအေရ အမ်ဳိးအစားကို ကြၽမ္းက်င္သူနဲ႔ စမ္းသပ္ စစ္ေဆးၿပီး သင့္ အသားအေရ အမ်ဳိးအစားနဲ႔ သင့္ေတာ္တဲ့ အသားအေရထိန္း ပစၥည္းကိုသာ ေရြးဝယ္ပါ။

(၆) ဘယ္ေသာအခါမွ ေနပူဆာ မလႈံသင့္ပါ

ခရမ္းလြန္ ေရာင္ျခည္နဲ႔ ထိေတြ႕မႈေၾကာင့္ အေရျပား ကင္ဆာနဲ႔ အရြယ္ မတိုင္ခင္ အိုမင္း ရင့္ေရာ္မႈ တို႔ကို ျဖစ္ေစႏိုင္ ပါတယ္။ ဒါေၾကာင့္ ေနေရာင္ျခည္ ဒဏ္ကို အလြန္အမင္း မခံယူပါနဲ႔။ အျပင္ သြားတိုင္း ေနကာခရင္မ္ကို လိမ္းၿပီးမွ အျပင္သြားပါ။ တစ္ႏွစ္မွာ တစ္ႀကိမ္ ဦးေခါင္းမွ ေျခဖ်ား အထိ အေရျပားကို စမ္းသပ္ စစ္ေဆးပါ။

(၇) ဝက္ၿခံႏွင့္ မ်က္ႏွာေပၚက အျပစ္ အနာအဆာ မ်ားကို လက္ျဖင့္ မထိရပါ

မ်က္ႏွာေပၚက အဖုေတြကို လက္နဲ႔ ပြတ္သပ္ ထိေတြ႕တာေၾကာင့္ အဖုအပိမ့္ေတြကို ပို ဆိုးေစၿပီး အနာက်က္ သြားခ်ိန္မွာ အမာရြတ္ ထင္က်န္ေစ ပါတယ္။ ဒါေၾကာင့္ မ်က္ႏွာေပၚမွာ ဝက္ၿခံနဲ႔ အဖုအပိမ့္ေတြ ရွိေနရင္ အေရျပား အထူးကု ဆရာဝန္ ၫႊန္ၾကားတဲ့ ဝက္ၿခံေပ်ာက္ေဆးကို သံုးသင့္ပါတယ္။

(၈) ေရ အျမန္ခ်ဳိးၿပီး အစိုဓာတ္ ထိန္းပါ

ေရကို အခ်ိန္ အၾကာႀကီး ခ်ဳိးတာနဲ႔ ေရပူနဲ႔ ခ်ဳိးတာေတြဟာ အေရျပားကို ေရဓာတ္ ခန္းေျခာက္ေစ ပါတယ္။ ဒါေၾကာင့္ အခ်ိန္တိုတို အတြင္း ေရခ်ဳိးၿပီး အစိုဓာတ္ ရွိေနေအာင္ အစိုဓာတ္ထိန္း ခရင္မ္ကို လိမ္းေပးသင့္ ပါတယ္။

(၉) ကိုယ္အေလးခ်ိန္ကို အၿမဲ ထိန္းပါ

အေရျပားက က်ဳံ႕ႏိုင္၊ ဆန္႔ႏိုင္စြမ္း ရွိပါတယ္။ ဒါေပမဲ့ ကိုယ္အေလးခ်ိန္က အလြန္အမင္း တက္သြားခ်ိန္မွာ အေရျပားကို ဆြဲဆန္႔ လိုက္သလို ျဖစ္ေစတာေၾကာင့္ အေရျပားမွာ အေၾကာျပတ္ရာေတြ ျဖစ္က်န္ခဲ့တတ္ ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆိုရင္ ဗိုက္ပူ လာတာေၾကာင့္ အေၾကာျပတ္ရာ အျဖစ္မ်ား ပါတယ္။ အလားတူ ကိုယ္အေလးခ်ိန္ မၾကာခဏ ျမင့္တက္တာ နဲ႔ ႐ုတ္တရက္ ျပန္က်တာ ေတြေၾကာင့္ မ်က္ႏွာ အေရျပားရဲ႕ တင္းအား ေလ်ာ့က်ၿပီး အိုမင္းတယ္လို႔ ထင္ရေစ ပါတယ္။

(၁ဝ) ကိုယ့္ ကိုယ္ကိုယ္ ယံုၾကည္မႈ ရွိပါ

ကိုယ့္ကိုယ္ကိုယ္ လွတယ္ ဆိုတဲ့ ယံုၾကည္မႈကို ထားရွိ ေပးပါ။ ယံုၾကည္မႈေၾကာင့္ သင့္ အလွက ပိုေတာက္ပ ေနပါလိမ့္မယ္။

Credit

Unicode ျဖင့္ဖတ္ရန္

အလှအပထိန်းသိမ်းနည် း (၁၀)ချက်

=========================
(၁) မိတ်ကပ်များ နှင့် ဘယ်သောအခါမှ မအိပ်သင့်ပါ
မိတ်ကပ် လိမ်းခြယ် ထားတဲ့ မျက်နှာကို သန့်စင် ဆေးကြောတာမျိုး မလုပ်ဘဲ အိပ်စက်တာက အဖုအပိမ့် ပေါက်တာနဲ့ နီမြန်းတာတွေကို ဖြစ်စေပြီး အချိန် ကြာလာတဲ့ အခါမှာ အသားအရေကို ထိခိုက်စေနိုင် ပါတယ်။ မိတ်ကပ် အကြွင်းအကျန် တွေကြောင့် ချွေးပေါက် ပိတ်တာ၊ အရေပြား ရောင်ရမ်းတာနဲ့ ပျက်စီးတာတွေကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင်မှာ အရေပြားကို နူးညံ့တဲ့ ဆပ်ပြာနဲ့ ဆေးကြော သန့်စင် ပေးပါ။
(၂) တာရှည် ခံအောင် ပြုပြင်ထားသော အစာများကို လျှော့စားပါ
တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေက သကြား၊ ဆား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီနဲ့ ပြည့်နေပါတယ်။ ဒီအရာတွေကို စားသုံးလိုက်လို့ ခန္ဓာကိုယ်ထဲ ရောက်သွားချိန်မှာ အရေပြားရဲ့ ကျန်းမာရေးကို ကောင်းကျိုး မပေးနိုင်ပါဘူး။
(၃) ကောင်းသော အဆီကို စားပါ
ငါးနဲ့ ငါးအဆီ ပါဝင်တဲ့ အစာတွေကို စားတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ သံလွင်ဆီကလည်း ကောင်းတဲ့ အဆီ ဖြစ်တာကြောင့် ဟင်းလျာတွေကို ချက်ပြုတ်တဲ့ အခါမှာ ထည့်သုံးသင့် ပါတယ်။
(၄) ဆော်ဒါ အချိုရည်နှင့် အခြား အချိုရည်များကို ရှောင်ပါ
ဆော်ဒါနဲ့ တခြား အချိုရည်တွေမှာ ကယ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် များစေနိုင်သလို အရေပြားကိုပါ နွမ်းနယ်စေ ပါတယ်။ ရေကို အလုံအလောက် သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။
(၅) အလှကုန် ပစ္စည်းများ အတွက် ငွေများစွာ မဖြုန်းသင့်ပါ
နုပျို လှပဖို့ အတွက် ဈေးကွက်ထဲမှာ အသားအရေထိန်း ပစ္စည်းတွေ မျိုးစုံ ရှိနေပါတယ်။ ဈေးကြီးတိုင်း ကောင်းတယ် ထင်ပြီး အများကြီး လျှောက် မဝယ်ပါနဲ့။ သင့် အသားအရေ အမျိုးအစားကို ကျွမ်းကျင်သူနဲ့ စမ်းသပ် စစ်ဆေးပြီး သင့် အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ အသားအရေထိန်း ပစ္စည်းကိုသာ ရွေးဝယ်ပါ။
(၆) ဘယ်သောအခါမှ နေပူဆာ မလှုံသင့်ပါ
ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား ကင်ဆာနဲ့ အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်မှု တို့ကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် နေရောင်ခြည် ဒဏ်ကို အလွန်အမင်း မခံယူပါနဲ့။ အပြင် သွားတိုင်း နေကာခရင်မ်ကို လိမ်းပြီးမှ အပြင်သွားပါ။ တစ်နှစ်မှာ တစ်ကြိမ် ဦးခေါင်းမှ ခြေဖျား အထိ အရေပြားကို စမ်းသပ် စစ်ဆေးပါ။
(၇) ဝက်ခြံနှင့် မျက်နှာပေါ်က အပြစ် အနာအဆာ များကို လက်ဖြင့် မထိရပါ
မျက်နှာပေါ်က အဖုတွေကို လက်နဲ့ ပွတ်သပ် ထိတွေ့တာကြောင့် အဖုအပိမ့်တွေကို ပို ဆိုးစေပြီး အနာကျက် သွားချိန်မှာ အမာရွတ် ထင်ကျန်စေ ပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ရှိနေရင် အရေပြား အထူးကု ဆရာဝန် ညွှန်ကြားတဲ့ ဝက်ခြံပျောက်ဆေးကို သုံးသင့်ပါတယ်။
(၈) ရေ အမြန်ချိုးပြီး အစိုဓာတ် ထိန်းပါ
ရေကို အချိန် အကြာကြီး ချိုးတာနဲ့ ရေပူနဲ့ ချိုးတာတွေဟာ အရေပြားကို ရေဓာတ် ခန်းခြောက်စေ ပါတယ်။ ဒါကြောင့် အချိန်တိုတို အတွင်း ရေချိုးပြီး အစိုဓာတ် ရှိနေအောင် အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးသင့် ပါတယ်။
(၉) ကိုယ်အလေးချိန်ကို အမြဲ ထိန်းပါ
အရေပြားက ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်က အလွန်အမင်း တက်သွားချိန်မှာ အရေပြားကို ဆွဲဆန့် လိုက်သလို ဖြစ်စေတာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်ကျန်ခဲ့တတ် ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင် ဗိုက်ပူ လာတာကြောင့် အကြောပြတ်ရာ အဖြစ်များ ပါတယ်။ အလားတူ ကိုယ်အလေးချိန် မကြာခဏ မြင့်တက်တာ နဲ့ ရုတ်တရက် ပြန်ကျတာ တွေကြောင့် မျက်နှာ အရေပြားရဲ့ တင်းအား လျော့ကျပြီး အိုမင်းတယ်လို့ ထင်ရစေ ပါတယ်။
(၁ဝ) ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ
ကိုယ့်ကိုယ်ကိုယ် လှတယ် ဆိုတဲ့ ယုံကြည်မှုကို ထားရှိ ပေးပါ။ ယုံကြည်မှုကြောင့် သင့် အလှက ပိုတောက်ပ နေပါလိမ့်မယ်။

Related posts