


  • ရေ တစ်ခွက်
  • သံပုယိုသီး
  • ပျားရည်စစ်စစ်

လုပ်ရန်နည်းလမ်း



Unicode ဖြင့်ဖတ်ရန်

===============

အဆီပိုတွေကျအောင်ဘယ်လိုလုပ်မလဲ
ဒီကနေ့ပြောပြပေးသွားမှာကတော့ (၁၀)ပေါင်ကျမယ့်နည်းလမ်းလေးကိုပြောပြ ပေးသွားမှာ ဖြစ်ပါ တယ်။ ဝိတ်ချလို့ရမယ့်နည်းလမ်းတွေများစွာရှိပါတယ်။အခုပြောပြမယ့်နည်းလမ်း လေးကတော့ မနက်ခင်းတိုင်းမှာ အစာမစားခင်ဖျော်ရည်တစ်ခွက်လိုသောက်သုံးရမှာဖြစ်ပါတယ်။ (၁၀)ပေါင်ကျမှာဆိုတော့ ဘယ်လိုဖျော်ရည်လဲဆိုတာကို Pissaya News ပရိတ် သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ဖျော်ရည်အတွက်လိုအပ်တဲ့ပစ္စည်းများ
– ရေ တစ်ခွက်
– ပန်းသီးအရက်ရှာလကာရည်
– သံပုယိုသီး
– သစ်ကြပိုးခေါက်မှုန့်
– ပျားရည်စစ်စစ်
လုပ်ရန်နည်းလမ်း
ရေ(၂၅၀)မီလီမီတာခွက်တစ်ခွက်ထဲမှာ ပန်းသီးအရက်ရှာလကာရည် ထမင်းစားဇွန်း(၂)ဇွန်းထည့် ပေးပါ။ပြီးရင်သံပုယိုသီးကိုလည်း ထမင်းစားဇွန်း(၂)ဇွန်းညှစ်ပြီးထည့်ပေးပါ။သစ်ကြံပိုးခေါက်အမှုန့်ကို စားပွဲတင်ဇွန်း(၁)ဇွန်းခန့်ထည့်ပေးပါ။ ပြီးရင်ပျားရည်စစ်စစ် ထမင်းစားဇွန်း(၁)ဇွန်းထည့်ပေးပါ။ပြီးလို့ ရှိရင်တော့ သူတို့အားလုံကို ရောသမပြီးကြေအောင်မွှေပေးပါ။ပြီးရင်တော့ ရရှိလာတဲ့ ဖျော်ရည်တစ် ခွက်ကို မနက်ခင်းတိုင်းအစာမစားခင်သောက်သုံးပေးပါက မိမိတို့ရဲ့ အဆီတွေအမြန်ဆုံး ကျစေမှာ ဖြစ်ပါတယ်။
အထက်ပါနည်းလမ်းလေးကတော့အဆီပိုတွေကျစေမယ့်နည်းလမ်းလေးတွေဖြစ်တာ ကြောင့် Pissaya News ပရိတ်သတ်ကြီးအတွက် ဗဟုသုတအဖြစ်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

#Pissaya_Health

Related posts