




Photo Credit

Unicode ဖြင့်ဖတ်ရန်

နေတိုးမွေးနေ့မှာ မုန့်ဟင်းခါးအော်ဒါမှာခဲ့လို့ ကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ ရဲလေးမ

====================================================
ဇာတ်ပို့သရုပ်ဆောင် ရဲလေးမက ရိုက်ကူးရေးတွေ ကျဲလာတာကြောင့် ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ မုန့်ဟင်းခါးဆိုင် လေးတစ်ဆိုင်ဖွင့်ထားပါတယ်။
သရုပ်ဆောင်နေတိုးရဲ့ မွေးနေ့အလှူအတွက် ရဲလေးမဆီကနေ မုန့်ဟင်းခါးအော်ဒါမှာခဲ့လို့ ကျေးဇူးတင်တယ်လို့ ရဲလေးမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ အခုလိုရေးထားတာတွေ့ရပါတယ်။
“ချစ်ရပါသောအကိုနေတိုးရဲ့မွေးနေ့မှာရဲလေးမရဲ့မုန်ဟင်းခါးလေးမှာပြီး အားပေးလို့ အရမ်းကျေးဇူးပါတယ်နော်ယနေ့မွေးနေ့မှစ၍ အောင်မြင်မူ့တွေ
အများကြီးဆက်လက်ပိုင်ဆိုင်နိုင်ပါစေအကို” လို့ရေးထားတာတွေ့ရပါတယ်။
သရုပ်ဆောင်နေတိုးက သူ့ရဲ့ မွေးနေ့မှာ We Love တွေနဲ့အတူ အလှူပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Related posts