၀မ္းခ်ဳပ္တဲ့ျပႆနာကို သင္ ဘယ္လိုေျဖရွင္းမလဲ။

ဆီးသီး

လတ္ဆတ္တဲ့ ဆီးသီး၊ အေျခာက္ခံထားတဲ့ ဆီးသီး။ ဒါက ၀မ္းခ်ဳပ္ျခင္းကိုေျဖရွင္ဖို႔ အသံုးျပဳခဲ့ၾကတဲ့ ေရွးအက်ဆံုးေဆး၀ါး တစ္မ်ဳိးလို  ႔ေတာင္ ဆိုႏိုင္ပါတယ္။  ဆီးသီးမွာ မေပ်ာ္၀င္ အမွ်င္ဓာတ္(Insoluble Fibre) ပါ၀င္တဲ့အျပင္ ၀မ္းႏႈတ္ေဆးကဲ့သို႔ ဂုဏ္သတၱိရွိတဲ့ Sorbitol နဲ႔ Dihydropheny-lisatin ကဲ့သို႔ေသာ ဓာတ္ပစၥည္းေတြ ပါ၀င္တာေၾကာင့္ အစာေခ်စနစ္ပံုမွန္ အလုပ္လုပ္ႏိုင္ေအာင္ ကူညီ ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ လတ္ဆတ္တဲ့ ဆီးသီး အလြယ္တကူ မရႏိုင္ရင္ေတာင္ ျဖည့္စြက္အရသာေတြမပါတဲ့ ဆီးသီးေျခာက္ကို ၀မ္းခ်ဳပ္တဲ့အခါတိုင္းေဆး၀ါးတစ္မ်ဳိးလို အသံုးျပဳႏိုင္ပါတယ္။

အဆီ

ဆီကလည္း သင့္ရဲ႕ အူေတြအတြင္းမွာ ေခ်ာဆီသေဘာ ဂုဏ္သတၱိေဆာင္ပါတယ္။ အူအတြင္းက အညစ္အေၾကးေတြကို ေရွာေရွာရွဴရွဴ ေရြ႕လ်ားေစႏိုင္တာေၾကာင့္ ၀မ္းခ်ဳပ္တဲ့ျပႆနာကို သက္သာေစပါတယ္။ အသင့္ေတာ္ဆံုး ဆီ အမ်ဳိးအစားဆိုရင္ေတာ့ ငါးႀကီးဆီ၊ ၾကက္ဆူဆီ၊ သံလြင္ဆီ စတဲ့ အဆီေတြလို႔ ေျပာရမွာပါ။

ေရ

ခႏၶာကိုယ္ ျပင္ပက အညစ္အေၾကးေတြကို ေရနဲ႔ ေလာင္းခ်ၿပီး ေဆးေၾကာသန္႔စင္ႏိုင္သလိုပဲ ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္ ထဲက မလိုအပ္တဲ့အညစ္အေၾကးေတြကို စြန္႔ထုတ္သန္႔စင္ပစ္ႏိုင္ပါ တယ္။ ေရအလံုအေလာက္ ေသာက္ျခင္းက  ၀မ္းခ်ဳပ္ျခင္းကို ကာကြယ္ႏိုင္မယ့္ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ သင္ဟာ မၾကာခဏ ၀မ္းခ်ဳပ္ေလ့ရွိသူတစ္ဦးဆိုရင္ မနက္စာမစားခင္ ေရသန္ ႔လီတာ တစ္၀က္ခန္႔ ေသာက္ေပးသင့္ပါတယ္။ မနက္ေစာေစာမွာေရသီးသန္႔ ေသာက္သံုးဖို႔အခက္အခဲရွိတယ္ဆိုရင္ သံပရာရည္ ညႇစ္ၿပီးျဖစ္ေစ၊ သံပရာသီးျခမ္း စိမ္ၿပီးျဖစ္ေစ ေသာက္သံုးႏိုင္ပါတယ္။

အမွ်င္ဓာတ္

အမွ်င္ဓာတ္ကုိ တံျမက္စည္းနဲ႔ ႏိႈင္းယွဥ္ျမင္ၾကည့္လို႔ရပါတယ္။ တံျမက္စည္းနဲ႔ သေဘာတရားတူညီစြာပဲ အစားအစာမ်ားမွာ ပါ၀င္တဲ့ အမွ်င္ဓာတ္က အူနဲ႔အစာေခ်လမ္းေၾကာင္းတစ္ေလွ်ာက္ ကပ္ညႇိေနတတ္တဲ့ အစာေခ်ခ်ိန္ မပါသြားတဲ့ အစာအႂကြင္းအက်န္မ်ားနဲ႔ အစာေခ်ၿပီးေနာက္ ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ ပစၥည္းမ်ားအျဖစ္ထြက္ရွိလာတဲ့ အညစ္အေၾကးမ်ားကို ဖယ္ရွားရွင္းလင္းေပးပါတယ္။ အရြယ္ေရာက္ၿပီး လူတစ္ေယာက္အတြက္ ေန႔စဥ္ အမွ်င္ဓာတ္၂၀ ဂရမ္ ကေန ၃၅ ဂရမ္ေလာက္ လိုအပ္တယ္လို႔ သိရပါတယ္။ အမွ်င္ဓာတ္ႂကြယ္၀စြာ ပါ၀င္တဲ့ အစားအစာမ်ားဆိုရင္ေတာ့ ဗာဒံေစ့၊ ပဲအမ်ဳိးမ်ဳိး၊ အသီးအရြက္အမ်ဳိးမ်ဳိး၊ လတ္ဆတ္တဲ့ အသီးအႏွံနဲ႔ သစ္သီးေျခာက္မ်ားလို႔ ဆိုရမွာပါ။ ဒါေၾကာင့္သင္ဟာ ၀မ္းပံုမွန္မသြားႏိုင္တဲ့ ျပႆနာရွိေနတယ္ဆိုရင္ အမွ်င္ဓာတ္ႂကြယ္၀တဲ့ အစားအစာမ်ားကို ေရြးခ်ယ္ၿပီးစားသံုးေပးသင့္ပါတယ္။

ကိုယ္လက္လႈပ္ရွားမႈ

က်န္းမာတဲ့ ခႏၶာကုိယ္ပိုင္ဆိုင္ႏိုင္ဖို႔ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းက အဓိကေသာ့ခ်က္ျဖစ္ၿပီး ဒီအခ်က္ကိုလည္း လူတိုင္းလိုလို သိထားၾကပါတယ္။ ဒါေပမဲ့ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းက ၀မ္းမခ်ဳပ္ေအာင္ ကာကြယ္ေပးႏိုင္တယ္ဆိုတာကိုေရာ သိပါသလား။ တစ္ေနကုန္နီးပါးထိုင္ၿပီး အလုပ္လုပ္ရတဲ့ သူေတြရဲ႕ အစာေဟာင္းစြန္႔ပစ္ျခင္း စနစ္က ပံုမွန္ကုိယ္လက္လႈပ္ရွားမႈ ျပဳလုပ္သူေတြေလာက္ က်န္းမာျခင္းမရွိဘူးလို႔ သုေတသန အခ်က္အလက္ေတြ အရသိရွိရပါတယ္။ ခႏၶာကုိယ္ကို ဘယ္လိုနည္းလမ္းနဲ႔ျဖစ္ျဖစ္ လႈပ္ရွားေပးျခင္း က အူမႀကီးတစ္ေလွ်ာက္က ႂကြက္သားေတြကို သက္၀င္လႈပ္ရွားမႈျဖစ္ေစၿပီး ၀မ္းသြားရလြယ္ကူေစႏိုင္ပါတယ္။

ေဆးၿမီးတို

ေကာ္ဖီက သင့္ရဲ႕အူမႀကီးကို လံႈ႕ေဆာ္မႈေပးႏိုင္ၿပီး ၀မ္းခ်ဳပ္ျခင္းျပႆနာကို အဆံုးသတ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ ၀မ္းခ်ဳပ္ျခင္းကို ေကာ္ဖီေသာက္ေပးတဲ့ နည္းလမ္းတစ္မ်ိဳးတည္းနဲ႔ ေရရွည္ေျဖရွင္းဖို႔မသင့္ေတာ္ဘူးလို႔ ပညာရွင္ေတြ သတိေပးထားပါတယ္။ ေကာ္ဖီ တစ္မ်ဳိးတည္းသာ မဟုတ္ဘဲ အျခားေသာ Herbal Tea ၊ သံပရာသီး ညႇစ္ထားတဲ့ ေရေႏြးေႏြးတစ္ခြက္ကလည္း ေကာ္ဖီလိုပဲ တူညီတဲ့
ဂုဏ္သတၱိရွိပါတယ္။ ပ်ားရည္ကလည္း သဘာ၀၀မ္းႏႈတ္ေဆး တစ္မ်ဳိးျဖစ္ပါတယ္။ ပ်ားရည္ရဲ႕အာနိသင္က အူလမ္းေၾကာင္း တစ္ေလွ်ာက္လံုးကို လံႈ႕ေဆာ္မႈ ေပးႏိုင္တာေၾကာင့္ ၀မ္းသက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ပ်ားရည္ကို ဒီအတိုင္း (သို႔) ေရခပ္ေႏြးေႏြးနဲ႔ ေသာက္ေပးျခင္းကလည္း ၀မ္းခ်ဳပ္ျခင္းကို သက္သာေစႏိုင္ပါတယ္။ အဓိက သတိထားရမယ့္ အခ်က္ကေတာ့ သင္ေရမ်ားမ်ား ေသာက္ေပးဖို႔ပဲျဖစ္ပါတယ္။

အကယ္၍ သင္ဟာ မၾကာခဏ ၀မ္းခ်ဳပ္ေလ့ရွိသူဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါ အစားအစာမ်ားကို ေရွာင္ၾကဥ္သင့္ပါတယ္။

ေခ်ာကလက္

၀မ္းခ်ဳပ္တတ္တဲ့သူေတြ အဓိကေရွာင္ရမယ့္ အစားအစာတစ္မ်ဳိး ျဖစ္ပါတယ္။ ေခ်ာကလက္မွာ အဆီပါ၀င္မႈမ်ားျပားတဲ့အတြက္ အစာေခ် ဖ်က္ျခင္းစနစ္ကို  ေႏွးေကြးေစပါတယ္။ ဒါတင္မကေခ်ာကလက္မွာ ပါ၀င္တဲ့အဆီက အစာေျခလမ္းေၾကာင္းအတြင္း အစာမ်ားကို ေရြ႔လ်ားေစတဲ့ အလိုအေလ်ာက္ ႂကြက္သားလႈပ္ရွားမႈမ်ားကိုပါ ေႏွးေကြးေစၿပီး ၀မ္းခ်ဳပ္တဲ့ျပႆနာကို ျဖစ္ေပၚေစပါတယ္။

ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းမ်ား

ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြက သင့္အ႐ိုးေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ ကယ္လ္ဆီယမ္ဓာတ္ရရွိႏိုင္တဲ့ ရင္းျမစ္ေတြလို႔ ဆိုႏိုင္ေပမယ့္ အခန္႔မသင့္ရင္ သင့္၀မ္းခ်ဳပ္ရျခင္းရဲ႕ တရားခံေတြ ျဖစ္သြားတတ္ပါတယ္။ ႏို႔မွာပါ၀င္တဲ့ Lactose က ေလပြျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ႏို႔ ေသာက္ျခင္းေၾကာင့္ ၀မ္းသြားေစသလို ၀မ္းလည္းခ်ဳပ္ေစတာေၾကာင့္ တိက်တဲ့အေျဖေတာ့ မရွိေပမဲ့ ဒါက ကိုယ့္ရဲ႕ ခႏၶာကုိယ္က ႏို႔အေပၚတုံ႔ျပန္တဲ့ သဘာ၀နဲ႔ သက္ဆိုင္တယ္လို႔ပဲ အမ်ားကယူဆထားပါတယ္။ အကယ္၍ သင္က ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ စားေသာက္တဲ့အခါ သိသိသာသာ ၀မ္းသြားရ ခက္ခဲလာတယ္ဆိုရင္ေတာ့ ႏို႔က သင့္ကို၀မ္းခ်ဳပ္ေစႏိုင္တယ္လို႔ ယူဆႏိုင္ပါတယ္။

အနီေရာင္အသားမ်ား  

သံဓာတ္က ၀မ္းခ်ဳပ္ေစပါတယ္။ ဒါေၾကာင့္ သံဓာတ္ ႂကြယ္၀စြာပါ၀င္တဲ့ အနီေရာင္အသားမ်ားကလည္း ၀မ္းခ်ဳပ္ရျခင္းရဲ႕ အေၾကာင္း အရင္းတစ္ခု ျဖစ္လာပါတယ္။ အသားပမာဏမ်ားမ်ား စားသံုးျခင္းက သင့္ကို ၀မ္းခ်ဳပ္ေစပါလိမ့္မယ္။ အနီေရာင္အသားေတြမွာ ျပည့္၀ဆီနဲ႔ ပ႐ုိတိန္းေတြပါတာေၾကာင့္ အစာေျခဖ်က္ဖို႔ အခ်ိန္ၾကာၿပီး ေနာက္ဆက္တြဲ အက်ိဳးဆက္ကေတာ့ သင့္ကို ၀မ္းခ်ဳပ္ေစပါလိမ့္မယ္။

ကဖိန္း

ေကာ္ဖီ တစ္နည္း ကဖိန္းက သင့္ရဲ႕ အူလမ္းေၾကာင္းကို လႈံ႔ေဆာ္ေပးႏိုင္တာ မွန္ပါတယ္။ ဒါေပမဲ့ သင့္ခႏၶာကုိယ္ထဲမွာ ေရဓာတ္ အလံုအေလာက္ရွိမေနဘူးဆိုရင္ေတာ့ အဆိုပါ ကဖိန္းဓာတ္က ၀မ္းပိတ္ေဆး အာနိသင္ေဆာင္ၿပီး ၀မ္းခ်ဳပ္ေစပါလိမ့္မယ္။ ဒါေၾကာင့္ ခႏၶာကိုယ္ထဲမွာ ကဖိန္းဓာတ္ မမ်ားသြားေအာင္၊ ေရဓာတ္လံုေလာက္မႈ ရွိေနေအာင္ သတိထားရမွာ ျဖစ္ပါတယ္။ မနက္ခင္းဟာ ခႏၶာကိုယ္ထဲက အညစ္အေၾကးေတြ စြန္႔ထုတ္ပစ္ဖို႔ အသင့္ေတာ္ဆံုး အခ်ိန္ျဖစ္ပါတယ္။ သင္၀မ္းခ်ဳပ္ရတဲ့ အဓိကအေၾကာင္းအရင္းက အိမ္သာတက္ခ်ိန္ အလံုအေလာက္ မရွိျခင္းလည္း ပါ၀င္ပါတယ္။ ဒါေၾကာင့္ မနက္တိုင္းမွာ မျဖစ္မေနလံုေလာက္တဲ့  Quality Toilet Time ရွိပါေစလို႔ ဆရာ၀န္ေတြ အၾကံျပဳထားပါတယ္။ သင့္အတြက္ ထူးဆန္းေကာင္း ထူးဆန္းႏိုင္ေပမယ့္ တကယ္ အက်ဳိးရွိတဲ့ နည္းလမ္းျဖစ္လို႔ လက္ေတြ႔ လုပ္ေဆာင္ၾကည့္ပါ။ သင့္ရဲ႕ စားေသာက္တဲ့ ပံုစံ၊ ေနထိုင္မႈ ပံုစံကို ေျပာင္းလဲလိုက္ၿပီးတဲ့ေနာက္မွာ သင့္ရဲ႕ ၀မ္းခ်ဳပ္တဲ့ျပႆနာက ေျပလည္မသြားဘူးဆိုရင္ေတာ့ ေနာက္တစ္ဆင့္အေနနဲ႔ သက္ဆိုင္ရာ ဆရာ၀န္နဲ႔ သြားေရာက္ျပသၿပီး သင့္ေတာ္ တဲ့ ကုသမႈ ခံယူဖို႔ လိုအပ္ေနၿပီလို႔ ဆိုရမွာပါ။

Unicode ျဖင့္ဖတ္ရန္

၀မ်းချုပ်တဲ့ပြဿနာကို သင် ဘယ်လိုဖြေရှင်းမလဲ။

==============================
သင်မကြာခဏ ဝမ်းချုပ်လေ့ရှိပါသလား။ ဝမ်းချုပ်ခြင်းက သင့်ကို မအီမသာဖြစ်စေရုံသာ မက အချိန်ကြာလာတာနဲ့အမျှ နောက်ဆက် တွဲဆိုးကျိုးများစွာ ကပ်ပါလာနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ လူတော်တော်များများဟာ အဆိုပါပြဿနာကို ဖြေရှင်းဖို့ ဝမ်းနှုတ်ဆေး အမျိုးမျိုးကို အားကိုးလေ့ရှိကြပါတယ်။ ဒါပေမဲ့ သုတေသနတွေပြုလုပ်ပြီးနောက်မှာတော့ ဝမ်းနှုတ်ဆေးတွေဟာ အစာချေလမ်းကြောင်း တစ်လျှောက်က ကြွက်သားတွေကို အားပျော့သွားစေပြီး ရေရှည်သုံးစွဲမယ်ဆိုရင် အစာချေစနစ်အတွက် ဆိုးဆိုးဝါးဝါး မကျန်းမာတဲ့ အဆင့်အထိ ရောက်သွားစေနိုင်တယ်လို့ သိရပါတယ်။ ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ။ သင့်ရဲ့ နေ့စဉ်အစားအသောက် တစ်ချို့နဲ့ နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲပေးဖို့ပါပဲ။ ဝမ်းချုပ်တဲ့အခါ ဝမ်းနှုတ်ဆေး မဟုတ်ဘဲ အန္တရာယ်ကင်းတဲ့ သဘာဝဆေးမြီးတိုများကိုလည်း အားကိုးလို့ ရပါတယ်။
ဆီးသီး
လတ်ဆတ်တဲ့ ဆီးသီး၊ အခြောက်ခံထားတဲ့ ဆီးသီး။ ဒါက ဝမ်းချုပ်ခြင်းကိုဖြေရှင်ဖို့ အသုံးပြုခဲ့ကြတဲ့ ရှေးအကျဆုံးဆေးဝါး တစ်မျိုးလို ့တောင် ဆိုနိုင်ပါတယ်။ ဆီးသီးမှာ မပျော်ဝင် အမျှင်ဓာတ်(Insoluble Fibre) ပါဝင်တဲ့အပြင် ဝမ်းနှုတ်ဆေးကဲ့သို့ ဂုဏ်သတ္တိရှိတဲ့ Sorbitol နဲ့ Dihydropheny-lisatin ကဲ့သို့သော ဓာတ်ပစ္စည်းတွေ ပါဝင်တာကြောင့် အစာချေစနစ်ပုံမှန် အလုပ်လုပ်နိုင်အောင် ကူညီ ပေးနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ ဆီးသီး အလွယ်တကူ မရနိုင်ရင်တောင် ဖြည့်စွက်အရသာတွေမပါတဲ့ ဆီးသီးခြောက်ကို ဝမ်းချုပ်တဲ့အခါတိုင်းဆေးဝါးတစ်မျိုးလို အသုံးပြုနိုင်ပါတယ်။
အဆီ
ဆီကလည်း သင့်ရဲ့ အူတွေအတွင်းမှာ ချောဆီသဘော ဂုဏ်သတ္တိဆောင်ပါတယ်။ အူအတွင်းက အညစ်အကြေးတွေကို ရှောရှောရှူရှူ ရွေ့လျားစေနိုင်တာကြောင့် ဝမ်းချုပ်တဲ့ပြဿနာကို သက်သာစေပါတယ်။ အသင့်တော်ဆုံး ဆီ အမျိုးအစားဆိုရင်တော့ ငါးကြီးဆီ၊ ကြက်ဆူဆီ၊ သံလွင်ဆီ စတဲ့ အဆီတွေလို့ ပြောရမှာပါ။
ရေ
ခန္ဓာကိုယ် ပြင်ပက အညစ်အကြေးတွေကို ရေနဲ့ လောင်းချပြီး ဆေးကြောသန့်စင်နိုင်သလိုပဲ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ် ထဲက မလိုအပ်တဲ့အညစ်အကြေးတွေကို စွန့်ထုတ်သန့်စင်ပစ်နိုင်ပါ တယ်။ ရေအလုံအလောက် သောက်ခြင်းက ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင်ဟာ မကြာခဏ ဝမ်းချုပ်လေ့ရှိသူတစ်ဦးဆိုရင် မနက်စာမစားခင် ရေသန့်လီတာ တစ်ဝက်ခန့် သောက်ပေးသင့်ပါတယ်။ မနက်စောစောမှာရေသီးသန့် သောက်သုံးဖို့အခက်အခဲရှိတယ်ဆိုရင် သံပရာရည် ညှစ်ပြီးဖြစ်စေ၊ သံပရာသီးခြမ်း စိမ်ပြီးဖြစ်စေ သောက်သုံးနိုင်ပါတယ်။
အမျှင်ဓာတ်
အမျှင်ဓာတ်ကို တံမြက်စည်းနဲ့ နှိုင်းယှဉ်မြင်ကြည့်လို့ရပါတယ်။ တံမြက်စည်းနဲ့ သဘောတရားတူညီစွာပဲ အစားအစာများမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူနဲ့အစာချေလမ်းကြောင်းတစ်လျှောက် ကပ်ညှိနေတတ်တဲ့ အစာချေချိန် မပါသွားတဲ့ အစာအကြွင်းအကျန်များနဲ့ အစာချေပြီးနောက် ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ပစ္စည်းများအဖြစ်ထွက်ရှိလာတဲ့ အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် နေ့စဉ် အမျှင်ဓာတ်၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် လိုအပ်တယ်လို့ သိရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများဆိုရင်တော့ ဗာဒံစေ့၊ ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး၊ လတ်ဆတ်တဲ့ အသီးအနှံနဲ့ သစ်သီးခြောက်များလို့ ဆိုရမှာပါ။ ဒါကြောင့်သင်ဟာ ဝမ်းပုံမှန်မသွားနိုင်တဲ့ ပြဿနာရှိနေတယ်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ရွေးချယ်ပြီးစားသုံးပေးသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု
ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက အဓိကသော့ချက်ဖြစ်ပြီး ဒီအချက်ကိုလည်း လူတိုင်းလိုလို သိထားကြပါတယ်။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တယ်ဆိုတာကိုရော သိပါသလား။ တစ်နေကုန်နီးပါးထိုင်ပြီး အလုပ်လုပ်ရတဲ့ သူတွေရဲ့ အစာဟောင်းစွန့်ပစ်ခြင်း စနစ်က ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေလောက် ကျန်းမာခြင်းမရှိဘူးလို့ သုတေသန အချက်အလက်တွေ အရသိရှိရပါတယ်။ ခန္ဓာကိုယ်ကို ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် လှုပ်ရှားပေးခြင်း က အူမကြီးတစ်လျှောက်က ကြွက်သားတွေကို သက်ဝင်လှုပ်ရှားမှုဖြစ်စေပြီး ဝမ်းသွားရလွယ်ကူစေနိုင်ပါတယ်။
ဆေးမြီးတို
ကော်ဖီက သင့်ရဲ့အူမကြီးကို လှုံ့ဆော်မှုပေးနိုင်ပြီး ဝမ်းချုပ်ခြင်းပြဿနာကို အဆုံးသတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်ခြင်းကို ကော်ဖီသောက်ပေးတဲ့ နည်းလမ်းတစ်မျိုးတည်းနဲ့ ရေရှည်ဖြေရှင်းဖို့မသင့်တော်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ကော်ဖီ တစ်မျိုးတည်းသာ မဟုတ်ဘဲ အခြားသော Herbal Tea ၊ သံပရာသီး ညှစ်ထားတဲ့ ရေနွေးနွေးတစ်ခွက်ကလည်း ကော်ဖီလိုပဲ တူညီတဲ့
ဂုဏ်သတ္တိရှိပါတယ်။ ပျားရည်ကလည်း သဘာ၀၀မ်းနှုတ်ဆေး တစ်မျိုးဖြစ်ပါတယ်။ ပျားရည်ရဲ့အာနိသင်က အူလမ်းကြောင်း တစ်လျှောက်လုံးကို လှုံ့ဆော်မှု ပေးနိုင်တာကြောင့် ဝမ်းသက်စေနိုင်ပါတယ်။ ဒါကြောင့် ပျားရည်ကို ဒီအတိုင်း (သို့) ရေခပ်နွေးနွေးနဲ့ သောက်ပေးခြင်းကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ အဓိက သတိထားရမယ့် အချက်ကတော့ သင်ရေများများ သောက်ပေးဖို့ပဲဖြစ်ပါတယ်။
အကယ်၍ သင်ဟာ မကြာခဏ ဝမ်းချုပ်လေ့ရှိသူဆိုရင်တော့ အောက်ဖော်ပြပါ အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။
ချောကလက်
ဝမ်းချုပ်တတ်တဲ့သူတွေ အဓိကရှောင်ရမယ့် အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ချောကလက်မှာ အဆီပါဝင်မှုများပြားတဲ့အတွက် အစာချေ ဖျက်ခြင်းစနစ်ကို နှေးကွေးစေပါတယ်။ ဒါတင်မကချောကလက်မှာ ပါဝင်တဲ့အဆီက အစာခြေလမ်းကြောင်းအတွင်း အစာများကို ရွေ့လျားစေတဲ့ အလိုအလျောက် ကြွက်သားလှုပ်ရှားမှုများကိုပါ နှေးကွေးစေပြီး ဝမ်းချုပ်တဲ့ပြဿနာကို ဖြစ်ပေါ်စေပါတယ်။
နို့နဲ့ နို့ထွက်ပစ္စည်းများ
နို့နဲ့နို့ထွက်ပစ္စည်းတွေက သင့်အရိုးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ရရှိနိုင်တဲ့ ရင်းမြစ်တွေလို့ ဆိုနိုင်ပေမယ့် အခန့်မသင့်ရင် သင့်ဝမ်းချုပ်ရခြင်းရဲ့ တရားခံတွေ ဖြစ်သွားတတ်ပါတယ်။ နို့မှာပါဝင်တဲ့ Lactose က လေပွခြင်းကို ဖြစ်စေနိုင်ပါတယ်။ နို့ သောက်ခြင်းကြောင့် ဝမ်းသွားစေသလို ဝမ်းလည်းချုပ်စေတာကြောင့် တိကျတဲ့အဖြေတော့ မရှိပေမဲ့ ဒါက ကိုယ့်ရဲ့ ခန္ဓာကိုယ်က နို့အပေါ်တုံ့ပြန်တဲ့ သဘာဝနဲ့ သက်ဆိုင်တယ်လို့ပဲ အများကယူဆထားပါတယ်။ အကယ်၍ သင်က နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသောက်တဲ့အခါ သိသိသာသာ ဝမ်းသွားရ ခက်ခဲလာတယ်ဆိုရင်တော့ နို့က သင့်ကိုဝမ်းချုပ်စေနိုင်တယ်လို့ ယူဆနိုင်ပါတယ်။
အနီရောင်အသားများ
သံဓာတ်က ဝမ်းချုပ်စေပါတယ်။ ဒါကြောင့် သံဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အနီရောင်အသားများကလည်း ဝမ်းချုပ်ရခြင်းရဲ့ အကြောင်း အရင်းတစ်ခု ဖြစ်လာပါတယ်။ အသားပမာဏများများ စားသုံးခြင်းက သင့်ကို ဝမ်းချုပ်စေပါလိမ့်မယ်။ အနီရောင်အသားတွေမှာ ပြည့်ဝဆီနဲ့ ပရိုတိန်းတွေပါတာကြောင့် အစာခြေဖျက်ဖို့ အချိန်ကြာပြီး နောက်ဆက်တွဲ အကျိုးဆက်ကတော့ သင့်ကို ဝမ်းချုပ်စေပါလိမ့်မယ်။
ကဖိန်း
ကော်ဖီ တစ်နည်း ကဖိန်းက သင့်ရဲ့ အူလမ်းကြောင်းကို လှုံ့ဆော်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အလုံအလောက်ရှိမနေဘူးဆိုရင်တော့ အဆိုပါ ကဖိန်းဓာတ်က ဝမ်းပိတ်ဆေး အာနိသင်ဆောင်ပြီး ဝမ်းချုပ်စေပါလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ကဖိန်းဓာတ် မများသွားအောင်၊ ရေဓာတ်လုံလောက်မှု ရှိနေအောင် သတိထားရမှာ ဖြစ်ပါတယ်။ မနက်ခင်းဟာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ စွန့်ထုတ်ပစ်ဖို့ အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ သင်ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းက အိမ်သာတက်ချိန် အလုံအလောက် မရှိခြင်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် မနက်တိုင်းမှာ မဖြစ်မနေလုံလောက်တဲ့ Quality Toilet Time ရှိပါစေလို့ ဆရာဝန်တွေ အကြံပြုထားပါတယ်။ သင့်အတွက် ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့် တကယ် အကျိုးရှိတဲ့ နည်းလမ်းဖြစ်လို့ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။ သင့်ရဲ့ စားသောက်တဲ့ ပုံစံ၊ နေထိုင်မှု ပုံစံကို ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာ သင့်ရဲ့ ဝမ်းချုပ်တဲ့ပြဿနာက ပြေလည်မသွားဘူးဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသပြီး သင့်တော် တဲ့ ကုသမှု ခံယူဖို့ လိုအပ်နေပြီလို့ ဆိုရမှာပါ။

 

Related posts