



Unicode ဖြင့်ဖတ်ရန်

==================

သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းနဲ့ဇော်အတွက် သက်ညှာစဉ်းစားပေးစေလိုကြောင်း ကာကွယ်ရေးဦးစီးချုပ်ပြော

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းနဲ့ဇော် မြန်မာနိုင်ငံသားနှစ်ဦး အတွက် သက်ညှာစဉ်းစားပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့နဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရပါတယ်။
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး
သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

#Pissaya_News

Related posts