



Unicode ဖြင့်ဖတ်ရန်

================

ကိုရီးယားသမ္မတ မြန်မာနိုင်ငံကိုရောက်ရှိ
ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေးအင်း ဟာ မြန်မာနိုင်ငံကို ဒီကနေ့မနက်ပိုင်းက ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
သမ္မတ မွန် ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ကို အထူးလေယာဉ်နဲ့ရောက်ရှိ လာတာလည်းဖြစ်ပါတယ်။
သမ္မတ မွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကိုအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်(ဆက်ဆံရေးဝန်ကြီး)နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်မှာ ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။

#Pissaya_News

Related posts