



Photo Credit

Unicode ဖြင့်ဖတ်ရန်

ဦးမြမောင် ကို အနုပညာကြေးထဲက တတ်နိုင်သလောက်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်နေဒွေး

======================================================
သရုပ်ဆောင်နေဒွေးကတော့ သူ့ရဲ့ အနုပညာကြေးထဲက လူကြမ်းသရုပ်ဆောင် ဦးမြမောင်အတွက် တတ်နိုင်သလောက်ကူညီပေးခဲ့ပြီး ရှေ့အပတ်ရိုက်မယ့်ကားမှာလည်း သရုပ်ဆောင်ပါဖို့ ကမ်းလှမ်းပြီး ညှိပေးခဲ့တယ်လို့ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ အခုလိုရေးထားတာတွေ့ရပါတယ်။
“ကျွန်တော်တို့ အနုပညာလောကမှာ လူကြမ်းသရုပ်ဆောင်တွေဆိုတာ အင်မတန်မှစိတ်ထားပြည့်ဝပြီးချစ်ဖို့ကောင်းတဲ့သူတွေပါ။ဒီနေ့ ရိုက်ကူးရေးမှာ အဘဦး
မြမောင် ကိုကျွန်တော်ရတဲ့အနုပညာကြေးထဲကတတ်နိုင်သလောက်နဲ့ထပ်ပြီးကူညီပေးခဲ့သလို ရှေ့အပတ်ထဲရိုက်မဲ့ ကားမှာလည်း သရုပ်ဆောင်ပါဖို့ကမ်းလှမ်းပြီး ညှိပေးခဲ့ပါတယ်။အဘက အသက် ၇၅နှစ်ကျော်ပါပြီ ဇနီးနဲ့ ၂ယောက်ထဲလှိုင်သာယာ မှာနေနေရတာပါ။ ကားရိုက်ဖို့ လိုအပ်တဲ့ လူများလည်းဆက်သွယ်ကြပါခင်ဗျ။ အဘ ကအနုပညာကလွဲပြီးဘာမှမလုပ်တတ်ပါဘူးခင်ဗျ” ဆိုပြီး ရေးထားပါတယ်။
သရုပ်ဆောင်နေဒွေးဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Related posts