

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေတဲ့ အပူပိုင်းမုန်တိုင်း PODUL ဟာ ဗီယက်နမ်ကမ်းခြေကိုဖြတ်သန်းခဲ့ပြီးနောက် အနောက် ဖက်သို့ဆက်လက်ရွေ့လျှားလာရာ ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံတောင်ပိုင်းသို့ ၀င်ရောက်လာနေကြောင်း ဒေါက်တာထွန်းလွင်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားဖြစ်ပါတယ်။


Unicode ဖြင့်ဖတ်ရန်

==================

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသများတွင် မိုးပိုလာမည်

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း PODUL ဟာ မြန်မာနိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်လာလျက်ရှိတာကြောင့် မိုးပိုလာဖို့ရှိနေကြောင်း ဒေါက်တာထွန်းလွင် သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေတဲ့ အပူပိုင်းမုန်တိုင်း PODUL ဟာ ဗီယက်နမ်ကမ်းခြေကိုဖြတ်သန်းခဲ့ပြီးနောက် အနောက် ဖက်သို့ဆက်လက်ရေ ွ့လျှားလာရာ ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်လာနေကြောင်း ဒေါက်တာထွန်းလွင်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားဖြစ်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တင်္နသာရီတိုင်းတို့တွေမှာ နေရာအနှံ့အပြားမိုးရွာကာ ဒေသအလိုက်မိုးကြီးနိုင်ပြီး၊ တင်္နသာရီ၊ မွန်-ကရင်ပြည်နယ်ဒေသတွေအနေနဲ့ တတိယရေကြီးကာလကို ဂရုစိုက်ကြဖို့ ဒေါက်တာထွန်းလွင်ကပြောကြားထားပါတယ်။

#Pissaya_News

Related posts