အရိုးကင္ဆာေရာဂါေၾကာင္႔ အင္းနရစ္ ရဲ ႔သမီး ကြယ္လြန္

စပိန္ နဲ႔ ဘာစီလိုနာ အသင္း နည္းျပေဟာင္း အင္းနရစ္ ရဲ ႔အသက္ (၉)ႏွစ္အရြယ္သမီး ဇာနာ ဟာ အရိုးကင္ဆာ ေရာေဂါေၾကာင္႔ ကြယ္လြန္သြားၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

သမီးရဲ႕ေရာဂါေၾကာင့္ အင္းနရစ္ဟာ သမီးကုိအခ်ိန္ေပးဖို႔ ၿပီးခဲ့တဲ့ လအနည္းငယ္က စပိန္လက္ေရြးစင္နည္းျပအျဖစ္ကေန ႏုတ္ထြက္ခဲ့တာလည္းျဖစ္ပါတယ္။

သမီးငယ္ေသဆံုးခဲ့ရတာနဲ႔ပတ္သက္လို႔ စပိန္၀န္ၾကီးခ်ဳပ္ ၊ စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ ၊ ဘာစီလိုနာ အသင္း ၊ လီယြန္နယ္ မက္ဆီ ၊ ရီးရယ္လ္ အသင္း ၊ ၊ရာေဖးလ္ နာဒယ္လ္ ၊ ရိုးမား အသင္းတို႔ အပါအ၀င္ အမ်ားအျပား က မိသားစုနဲ႔ ထပ္တူ ၀မ္းနည္းေၾကာင္း ေရးသားခဲ့ၾကပါတယ္။

Unicode ျဖင့္ဖတ္ရန္

==================

အရိုးကင်ဆာရောဂါကြောင့် အင်းနရစ် ရဲ့သမီး ကွယ်လွန်

စပိန် နဲ့ ဘာစီလိုနာ အသင်း နည်းပြဟောင်း အင်းနရစ် ရဲ့အသက် (၉)နှစ်အရွယ်သမီး ဇာနာ ဟာ အရိုးကင်ဆာ ရောဂေါကြောင့် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
သမီးရဲ့ရောဂါကြောင့် အင်းနရစ်ဟာ သမီးကိုအချိန်ပေးဖို့ ပြီးခဲ့တဲ့ လအနည်းငယ်က စပိန်လက်ရွေးစင်နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။
သမီးငယ်သေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ စပိန်ဝန်ကြီးချုပ် ၊ စပိန်ဘောလုံးအဖွဲ့ချုပ် ၊ ဘာစီလိုနာ အသင်း ၊ လီယွန်နယ် မက်ဆီ ၊ ရီးရယ်လ် အသင်း ၊ ၊ရာဖေးလ် နာဒယ်လ် ၊ ရိုးမား အသင်းတို့ အပါအဝင် အများအပြား က မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

#Pissaya_Sport

Related posts