ကြက်ဥနဲ့ကျန်းမာရေး





Unicode ဖြင့်ဖတ်ရန်

================

ကြက်ဥနဲ့ကျန်းမာရေး
ဒီတစ်ခါမှာတော့ ကြက်ဥစားသုံးခြင်းရဲ့ရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာတွေဖြစ်လာ မလဲဆိုတာပြောပြပေးသွားမှာပါ။ ကြက်ဥကိုကြော်စားတာပဲဖြစ်စေ ၊ ပြုတ်စားတာပဲဖြစ်စေ ၊ သုပ်စားတာပဲဖြစ်စေ ၊ ဟင်းချက်စားတာပဲဖြစ်စေ စားလေ့ရှိကြပါတယ်။ဒါကြောင့် ကြက်ဥကိုစားလိုက် ပေမယ့် မိမိတို့ကျန်းမာရေးအတွက် ဘယ်လိုတွေအထောက်အကူပြုလဲဆိုတာကိုတော့ Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ကြက်ဥကိုစားသုံးခြင်းဖြင့်ရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးများ
– ကြွက်သားများကိုပိုမိုသန်မာစေပါတယ်။
– ဦးနှောက်နဲ့အာရုံကြောများကို အားကောင်းစေတယ်။
– ကိုယ်အလေးချိန်ထိန်းပေးနိုင်ပါတယ်။
– အသားအရေကိုထိန်းပေးနိုင်တယ်။
– လက်သည်း ၊ဆံပင်တို့ကိုလည်းကျန်းမာစေတယ်။
– ရင်သားကင်ဆာကိုလည်းကာကွယ်ပေးတယ်။
– မျက်လုံးအားနည်းမှုကိုကာကွယ်ပေးတယ်။
– နှလုံးသွေးခဲမှုနဲ့လေဖြတ်နိုင်မှုကိုလျှော့ချပေးတယ်။
ကြက်ဥကိုတစ်ပတ်ကို သုံး၊ လေးကြိမ်စားပေးခြင်းအားဖြင့် အထက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေ ကိုရရှိသွားမှာဖြစ်တာကြောင့် Pissaya News ပရိတ်သတ်ကြီးအတွက် ဗဟုသုတအဖြစ်ပြန်လည်ဝေ မျှပေးလိုက်ပါတယ်။

#Pissaya_Health

Related posts