



Unicode ဖြင့်ဖတ်ရန်

=================

တိုက်စစ်ပိုင်း ဒဏ်ရာပြဿနာကြုံနေရတဲ့ ဘာစီ

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ အားထားရတဲ့ တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေနေရတာကြောင့် ပြိုင်ပွဲတွေမှာ အခက်အခဲတွေ ကြုံတွေ့လာရဖို့ ရှိနေကြောင်း သိရပါတယ်။

ဒဏ်ရာပြဿနာကြောင့် လာလီဂါအဖွင့်ပွဲစဉ်မှာ မက်ဆီတစ်ယောက်လွဲချော်ခဲ့ရပြီး၊ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်လည်း ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီဟာလည်းဘီလ်ဘာအိုနဲ့ ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာ ရခဲ့တာကြောင့် ဘာစီလိုနာအတွက် လာမယ့် ပွဲစဉ်တွေမှာ အခက်အခဲတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

#Pissaya_Sport

Related posts