Photo Credit
Unicode ဖြင့်ဖတ်ရန်
မွေးနေ့မှာ အလှူလုပ်ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်တယ်ဆိုတဲ့ မိုရီဆာကီဝင်း
==================================================
သြဂုတ်လ (၂၀) ရက်နေ့ က သရုပ်ဆောင် မိုရီဆာကီဝင်းရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ သူက သူ့ရဲ့ မွေးနေ့မှာ အလှူလုပ်ပေးတဲ့ ပရိသတ်ကြီးကို အခုလိုပြောထားပါတယ်။
အားလုံးပဲ မင်္ဂလာပါခင်ဗျ၊ ကျွန်တော်အဝင်းပါခင်ဗျ၊ ဒီနေ့ကျွန်တော်ရဲ့ မွေးနေ့ ၂၉ နှစ်ပြည့်ပါပြီခင်ဗျာ၊ ကျွန်တော်ကို မွေးဖွားပေးခဲ့တဲ့ အမေ၊ အဖေကို ကျေးဇူးတင်ပါတယ်။ ဒီကနေပြီး ကန်တော့ပါတယ်ခင်ဗျ။ ပြီးတော့ ကျွန်တော်ကို အားပေးနေတဲ့ ပရိသတ်ကြီးကို အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျွန်တော်နဲ့ အတူအလုပ်လုပ်ပေးနေတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အကို၊ အမတွေကိုလည်း ကျေးဇူးတင်ပါတယ်။အသက် ၂၉နှစ်ပြည့်သွားတဲ့ အတွက် နောက်ပိုင်းမှာ ဒီထက် ပိုပြီးတော့ ကြိုးစားသွားပါမယ်။ ဒါကြောင့် ဒီထက်ပိုပြီး ကျွန်တော့်ကို ပရိသတ်တွေ အားပေးကြပါခင်ဗျ၊ ကျွန်တော် မွေးနေ့မှာ အလှူလုပ်ပေးကြတယ်လို့ ကြားတယ် ဒီကနေပြီးတော့ သာဓုခေါ်ပါတယ်ခင်ဗျာ၊ ကျေးဇူးလဲတင်ပါတယ်” လို့ ဖေ့ဘွတ်ပေ့ချ်မှာ ဗီဒီယိုလေး တင်ထားတာတွေ့ရပါတယ်။
မိုရီဆာကီဝင်းဟာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာမိန်းကလေး အများစုရဲ့ အားပေးချစ်ခင်မှုကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်လဲ ဖြစ်ပါတယ်။
Related posts