အဆီမပြန်ပဲ မျက်နှာဝင်းမွတ်ဖြူနုသွားစေမည့် ပေါင်းတင်နည်း

၁။ ပျားရည်နှင့်သံပုရာ ပေါင်းတင်နည်း

– ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း (သံပုရာရည်ကို အသီးမှသာညှစ်ယူပါ ready madeများမသုံးရပါ။) သေချာရောမွှေပါ။
– သန့်စင်ထားသော မျက်နှာနှင့်လည်ပင်းတွင် သုတ်လိမ်း၍ ၁၅မိနစ်ထားပါ။ ထို့နောက်ရေဆေးချလိုက်ပါ။

၂။ ဂျုံကြမ်းပေါင်းတင်နည်း

– ဂျုံကြမ်း ထမင်းစားဇွန်း၂ဇွန်း ၊ နနွင်းမှုန့်စစ်စစ် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ နွားနို့ ထမင်းစားဇွန်း၁-၂ဇွန်း နှင့် သံပုရာရည် ၃စက် ကိုပျစ်ပျစ်ကလေးဖြစ်အောင်ဖျော်ပါ။
– သန့်စင်ထားသော မျက်နှာနှင့်လည်ပင်းတို့တွင်သုတ်လိမ်းပြီး မိနစ်၂၀ခန့် ခြောက်သွေ့သည်အထိထားပါ။ ထို့နောက်နည်းနည်းစီခွာပြီး ရေနှင့်ဆေးကြောလိုက်ပါ။

၃။ နို့မှုန့်ပေါင်းတင်နည်း

– နို့မှုန့် ထမင်းစားဇွန်း ၁ဇွန်း (အချိုဓာတ်မပါသောနို့မှုန့်) ၊ ပျားရည် ထမင်းစားဇွန်း ၁ဇွန်း နှင့် သံပုရာရည် ထမင်းစားဇွန်း၁ဇွန်း သေချာရောမွှေပါ။
– သန့်စင်ထားသော မျက်နှာနှင့်လည်ပင်းတို့တွင်သုတ်လိမ်းပေးပြီး ၁၀မိနစ်ခန့်ထားပြီး ရေဆေးလိုက်ပါ။

၎။ သခွားသီး နှင့် သံပုရာပေါင်းတင်နည်း

– သခွားသီရည် ထမင်းစားဇွန်း ၁ဇွန်း ၊ သံပုရာရည် ထမင်းစားဇွန်း ၁ဇွန်း ရောမွှေပါ။
– သန့်စင်ထားသော မျက်နှာနှင့်လည်ပင်းတွင် သုတ်လိမ်းပြီး ၁၅မိနစ်ထားပါ။ ထို့နောက် ရေဆေးချလိုက်ပါ။

၅။ ခရမ်းချဉ်သီး နှင့် ဂျုံကြမ်းပေါင်းတင်နည်း (မျက်နှာပန်းနုရောင်သန်းစေမှာဖြစ်လို့ အမျိုးသမီးများနှင့်ပိုသင့်လျှော်ပါတယ်။)

-ဂျုံကြမ်း ထမင်းစားဇွန်း ၂ဇွန်း နှင့် ခရမ်းချဉ်သီးအရည် ထမင်းစားဇွန်း ၃ဇွန်း ကိုရော၍ ပျစ်ပျစ်ဖျော်ပါ။
– သန့်စင်ထားသော မျက်နှာနှင့်လည်ပင်းတို့တွင် သုတ်လိမ်းပြီး ၁၅မိနစ်ထားပြီး ရေဆေးချလိုက်ပါ။

Credit

 

Related posts