



Unicode ဖြင့်ဖတ်ရန်

=================

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားနိုင်ငံသို့ သွားရောက်

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံသို့ထွက်ခွာသွားကြောင်း ကာကွတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ ကျင်းပပြုလုပ် လျက်ရှိတဲ့ International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် သြဂုတ် ၁၅ ရက်နံနက်ပိုင်းက ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြ ကြောင်း သိရပါတယ်။

#Pissaya_General News

Related posts