ရိုက္ကြင္းမွာ အလွဴျပဳလုပ္ခဲ့တဲ့ သရုပ္ေဆာင္ ခိုင္သင္းၾကည္

သရုပ္ေဆာင္ ခိုင္သင္းၾကည္ဟာ ပုပၸါးမွာ ကားရိုက္သြားရင္းနဲ႔ အလွဴ တစ္ခု ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ သူမဟာ ခန႔္စည္သူ၊ ထြန္းအိျႏၵာဗိုလ္ တို႔နဲ႔အတူ ၃ ေယာက္ေပါင္းၿပီး အလွဴျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ အခုလိုေျပာထားပါတယ္။

“ဒီေန ့ေတာ့ မခိုင္တို ့႐ိုက္ကြင္းရွိတဲ့ဆံုကုန္းရြာမွာမုန္ ့ဟင္းခါးအလွဴေကၽြးပါတယ္ရွင္ ကိုခန္ ့,မခိုင္ႀကီး,မခိုင္ေလးတို ့၃ေယာက္ေပါင္း လွဴၾကတာပါ ဘုန္းႀကီးေက်ာင္း ၄ေက်ာင္း ခ်ိဳင့္ပို ့စာသင္ေက်ာင္းက, ကေလးေတြနဲ ့တရြာလံုးနီးပါးလူ၁၅၀၀ေလာက္ေက  ၽြးျဖစ္ပါတယ္ရွင္😊 ေပ်ာ္စရာျဖစ္ေအာင္ ကံစမ္းမဲေတြလဲေဖာက္ေပးခဲ့ၾကပါတယ္”  လို႔ သူမရဲ႔ ေဖ့ဘြတ္စာမ်က္ႏွာမွာ တင္ထားတာေတြ႔ရပါတယ္။

သရုပ္ေဆာင္ ခိုင္သင္းၾကည္ဟာ ဆူးပန္းေခြ သြယ္ဘယက္ႏွင့္ ေပရြက္လိပ္နားေတာင္းဆင္ ရိုက္ကူးေနတာျဖစ္ပါတယ္။

ဒီကားမွာ အဓိက သရုပ္ေဆာင္ေတြ အေနနဲ႔ ခိုင္သင္းၾကည္၊ ခန္႔စည္သူ၊ ထြန္းအိျႏၵာဗိုလ္တို႔က ပါ၀င္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

Photo Credit

ရိုက်ကွင်းမှာ အလှူပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်

=====================================
သရုပ်ဆောင် ခိုင်သင်းကြည်ဟာ ပုပ္ပါးမှာ ကားရိုက်သွားရင်းနဲ့ အလှူ တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ် ်တို့နဲ့အတူ ၃ ယောက်ပေါင်းပြီး အလှူပြုလုပ်ခဲ့တာဖြစ်တယ်လို့ အခုလိုပြောထားပါတယ်။

“ဒီနေ့တော့ မခိုင်တို့ရိုက်ကွင်းရှိတဲ့ဆုံကုန်းရွာမှာမုန့်ဟင်းခါးအလှူကျွေးပါတယ်ရှင် ကိုခန့်,မခိုင်ကြီး,မခိုင်လေး တို့၃ယော က်ပေါင်း လှူကြတာပါ ဘုန်းကြီးကျောင်း၄ကျောင်းချိုင့်ပို့စာသင်ကျောင်းက ကလေးတွေနဲ့တရွာလုံးနီးပါး လူ၁၅၀၀လောက်ကျွေး ဖြစ်ပါတယ်ရှင်😊 ပျော်စရာဖြစ်အောင်ကံစမ်းမဲတွေလဲဖောက်ပေးခဲ့ကြပါတယ်” လို့ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။

သရုပ်ဆောင် ခိုင်သင်းကြည်ဟာ ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် ရိုက်ကူးနေတာဖြစ်ပါတယ်။
ဒီကားမှာ အဓိက သရုပ်ဆောင်တွေ အနေနဲ့ ခိုင်သင်းကြည်၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်တို့က ပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။

Related posts