



Unicode ဖြင့်ဖတ်ရန်

====================

ရာသီတုပ်ကွေး ကြောင့် သေဆုံးသူ ၉၄ ဦးရှိလာ
===========
ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၉၄ ဦးထိ ရရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီသေဆုံးမှုစာရင်းဟာ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်နေ့ထုတ်ပြန်တဲ့စာရင်းအရလည်းဖြစ်ပါတယ်။
သေဆုံးမှုထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးမှာ ၆၅ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးမှာ ၁၁ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှာ ၇ ဦး၊မွန်ပြည်နယ်မှာ ၃ ဦး၊ မကွေးတိုင်းဒေသကြီးမှာ ၂ ဦး၊ရှမ်းပြည်နယ်(တောင်ပိုင်း) ၁ ဦး၊ကချင်ပြည်နယ်မှာ ၁ဦးနဲ့ ရခိုင်ပြည်နယ်မှာ ၁ဦးတို့ဖြစ်ကြောင်း လည်းသိရပါတယ်။

#Pissaya_General News

Related posts